၉၉,၉၀၀ ကျပ်တန် ဟန်းဆက်တစ်မျိုးကို Telenor မှ စတင်မိတ်ဆက်လိုက်သည်။
T600M အမျိုးအစားဖြစ်ပြီး ၁၈ လ အာမခံ ပါရှိမည်ဖြစ်သည်ဟု သိရသည်။
ဟန်းဆက်ဝယ်ယူခြင်းအတွက် Telenor သုံးစွဲသူများအနေဖြင့် တစ်လလျှင် 1GB
ဒေတာအခမဲ့ သုံးစွဲခွင့်နှင့် Capture အတွက် unlimited data
သုံးစွဲခွင့်များကို (၃ လ အထိ) ရရှိမည်ဖြစ်ကြောင်း သိရသည်။
T600M သည် 3G Android အမျိုးအစားဖြစ်ပြီး ဆင်းကတ်နှစ်ခု
အသုံးပြုနိုင်ကြောင်း၊ နောက်ကင်မရာမှာ 8 Mpx ရှိပြီး အရှေ့ကင်မရာမှာ 5Mpx
ရှိသည့် touch-screen အမျိုးအစားဖြစ်ကြောင်း၊ ၁၀ မီလီမီတာ ပါးလွှာကြောင်း
သိရသည်။
ကင်မရာနှစ်ဖက်စလုံးအတွက် LED flash အသုံးပြုနိုင်ပြီး အရှေ့ကင်မရာသည်
Selfie ပုံများ ရိုက်ရန်အတွက် ပိုမိုကောင်းမွန်ကြောင်း ဆိုသည်။
ရွှေရောင်နှင့် အမည်းရောင် အမျိုးအစား နှစ်မျိုးရှိကြောင်း၊ မျက်နှာပြင်မှာ ၆
လက်မ ကျယ်ပြီး 1GB RAM ရှိကြောင်း၊ Data များကို 8GB အထိ
သိမ်းဆည်းနိုင်မည်ဖြစ်ပြီး ဘက်ထရီစွမ်းရည်မှာ 2580mAh ဖြစ်ကြောင်း သိရသည်။
Credit Internetjournal
သီဟထိုက်
www.thihahtike.com
1 comments:
telenort600m rootဖောက်မရလို့ပါနည်းလေးများပေးပါ
Post a Comment