ဒီတစ်ပတ်အတွက်တန်ဖိုးမြင့်စမတ်ဖုန်းကိုတော့
LG G Flex2 ကိုရွေးချယ်ထားပါတယ်။ဒီစမတ်ဖုန်းက ၂၀၁၅ ခုနှစ်
ဇန်န၀ရီလမှာထုတ်လုပ်ခဲ့တာဖြစ်ပြီး အလေးချိန် 152 g သာရှိပါတယ်။မျက်နှာပြင်အ
ကျယ်အ၀န်း 5.5 လက်မရှိပြီး ထိတွေ့မျက်နှာပြင်ကို Curved P-OLED capacitive
touchscreen ကိုတပ်ဆင်ထားပြီး ကာလာ ၁၆
မျိုးလောက်ကိုတစ်ချိန်တည်းမှာထုတ်ပေးနိုင်ပါတယ်။
ကြည့်ရှုဖန်သား
ပြင်မျက်နှာပြင်ကို Corning Gorilla Glass 3 တပ်ဆင်ထားတဲ့အတွက်
အပေါ်ယံပွန်းပဲ့ထိခိုက်တာ လောက်တော့
ကောင်းမွန်စွာခုခံနိုင်ပါတယ်။ဖျော်ဖြေရေးအပိုင်းကဏ္ဍတွေကိုတော့ Android OS,
v5.0.1 (Lollipop),ကိုအသုံးပြုထားပြီး Quad-core 1.5 GHz
နဲ့မောင်းနှင်ပေးမှာဖြစ်တဲ့အတွက် ဂိမ်းဖိုင်ဆိုဒ်အကြီးကြီးတွေကို
အထစ်အငေါ့မ၇ှိကစားနိုင်မှာဖြစ်ပါတယ်။ Android OS ကိုလည်း v5.1.1 (Lollipop)
အဆင့်အထိထပ်မံမြှင့်တင်နိုင်ပြီး ထိုသို့မြှင့်တင်နိုင်ရန်အတွက် GPU
Adreno 430 နဲ့ထောက်ပံ့ပေးထားပါတယ်။
ဖုန်းအတွင်းမှတ်ဥာဏ်ပမာဏမှာ 16 GB, 2
GB RAM ရှိတဲ့အတွက်
အချက်အလက်တွေကိုကောင်းကောင်း သိမ်းဆည်းထားနိုင်မှာဖြစ်ပါတယ်။ ဖုန်းအတွင်းပါရှိ
မှတ်ဥာဏ်နဲ့ မလုံလောက်ဘူးဆိုရင်တော့
နောက်ထပ် အပိုမှတ်ဥာဏ်ကိုလည်းထပ်တိုးမြှင့်နိုင်ပါသေးတယ်။ အပိုမှတ် ဥာဏ်ကို
256 GB အထိတိုမြှင့်ထားနိုင် တဲ့အတွက် လုံလောက်တယ်ဆိုတာထက်ပိုတဲ့ပမာဏပါပဲ။
ကင်မရာပိုင်းအနေနဲ့ နောက်ကင်မရာ 13 MP ရှိုပြီး
ရှေ့ဘက်ကင်မရာအပိုင်းမှာတော့ 2.1 MP သာရှိတဲ့အတွက်
ရုပ်ပုံတွေကိုရိုက်ကူးရာမှာ အတော်အသင့်လောက်တော့ ကောင်းပါလိမ့်မယ်။အချို့
စမတ်ဖုန်းတွေလိုတော့ အကောင်းခြည်းမဖြစ်နိုင်ပါဘူး။
ဖုန်းမှာအသုံးပြုထားတဲ့
ဘက်ထရီကတော့ Non-removable Li-Po 3000 mAh ကိုတပ်ဆင်ပေးထားတဲ့ အတွက်
အချိန်ကြာကြာအသုံးပြုနိုင် ပါတယ်။အရောင်အားဖြင့် Platinum Silver, Flamenco
Red တို့ရှိပြီး ကြိုက်နှစ်သက်ရာကာလာကို ရွေးချယ်ဝယ်ယူနိုင်ပါတယ်။
ဖုန်း – ၀၁ ၃၉၁၇၃၀
www.pyaephyo.com
0 comments:
Post a Comment