♪ Prosche စတိုင် နဲ့ ဟွာဝေး Mat 9 ကို အော်ဒါမှာကြားနိုင်ပြီ ♫



Porsche Design နဲ့ ထွက်ရှိလာမယ့် အလန်းစား Huawei Mate 9 ဖုန်းကို တင်ကြိုအော်ဒါမှာကြားမှုတွေ ပြုလုပ်နိုင်ပြီ ဖြစ်တယ် လို့ သိရပါတယ်။ ဟွာဝေး Mate 9 ဟာ ၅.၅ လက်မ၊ Quad HD , 2560 x 1400 Pixel ရှိမယ် လို့ ဆိုပြီး Kirin 960 Processor သုံးစွဲမယ် ဖြစ်ပါတယ်။ RAM ကို 6GB အထက် ထည့်သွင်းသွားမှာ ဖြစ်ပြီး အတွင်း သိုလှောင်မှု 256GB ပါရှိလာမယ် လို့ သိရပါတယ်။

တချို့ Specs တွေ ဟာ Pre-Order နဲ့ Flagship နဲ့ မတူညီပဲ တင်ကြိုအမှာစာ နဲ့ ရောက်ရှိလာမယ့် ဖုန်းတွေကို တော့ အကောင်းစား အရည်အသွေး နဲ့ သီးသန့်တပ်ဆင်ပေးမယ်လို့ ကြော်ငြာထားပြီး Dual Camera ထည့်သွင်းသွားမယ့် အပြင် Camera ရဲ့ Megapixel ကလည်း 20 MegaPixel အထိ ပါဝင်မယ်လို့ အာမခံထားပါတယ်။

4000 mAh ဘက်ထရီ နဲ့ ထုတ်လုပ်မယ့် ဟွာဝေး Mate 9 ဟာ Dual SIM Card Slot ပါရှိပါမယ်။ Android ကတော့ 7.0 Nougat ဖြစ်မယ် လို့ ပြောကြားထားပြီး ဘလော့ တွေနဲ့ ၀က်ဆိုဒ်တွေ ပေါ်မှာ ပျံ့နှံ့ခဲ့တဲ့ သတင်းတွေ အရ Specs တွေ ထပ်တူညီမှု ရှိပါတယ်။ 

ဒီ Proshce Design Mate9 ဟာ ၂၀၁၆ နိုဝင်ဘာလ အတွင်းက ထွက်ရှိမယ် ဆိုပြီး ကြော်ငြာခဲ့ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် နောက်ကျခဲ့ရတဲ့ Version တစ်ခု ဖြစ်တဲ့အတွက် ဟွာဝေး ဟာ ဒီ Mate 9 ကို ဒီဇိုင်းပိုင်း ၊ ပါဝင်ပစ္စည်းပိုင်းတွေကို သေချာပြင်ဆင်ထားခဲ့တယ် လို့ သိရပါတယ်။




Credit to ==> Digital Times



<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 







www.pyaephyo.com

0 comments:

Post a Comment