♪ “Samsung က Note 7 ဘက်ထရီမီးလောင်မှု အကြောင်းအရင်းကိုရှင်းလင်း” ♫

Image may contain: phone and text

Samsung က Note 7 စမတ်ဖုန်းများရဲ့ ဘက်ထရီများမီးလောင်ရတဲ့ အကြောင်းအရင်းကိုသတင်းစာရှင်း လင်းပွဲ ပြုလုပ်ခဲ့ပါတယ်။ Samsung က Note 7 ဖုန်းများကို ၂ ကြိမ်တိုင် သိမ်းယူခဲ့ရတာ ဖြစ်ပါတယ်။ Samsung က Note 7 ဖုန်းများရဲ့ ဘက်ထရီအားနည်းချက် ၂ ခုကိုရှာဖွေတွေ့ရှိခဲ့တယ်လို့ ပြောပါတယ်။

ပထမတစ်ခုမှာShort Circuit ကို ဖြစ်စေတဲ့ ညာဘက်အပေါ်ထောင့်မှာ ဘက်ထရီ တပ်ဆင်ထားတဲ့ ဒီဇိုင်းအားနည်းချက်ကြောင့် ဖြစ်ပါတယ်။ ဒုတိယတစ်ခုမှာအစားထိုးလဲလှယ်ပေးလိုက်တဲ့ ဘက်ထရီများဟာလည်း ဂဟေဆော်တဲ့ နေရာမှာအားနည်းချက်ကြောင့် မီးလောင်မှု ဖြစ်စေခဲ့တယ်လို့ ကုမ္ပဏီကရှင်းပြပါတယ်။ဒါကတော့ ထုတ်လုပ်တဲ့ အပိုင်းမှာအားနည်းချက် ကြောင့် ဖြစ်ပါတယ်။

Samsung က Note 7 ဖုန်းအလုံးရေ ၂ သိန်း၊ ဘက်ထရီ ၃ သောင်း၊ ၀န်ထမ်း ၇၀၀ ဖြင့် စုံစမ်းစစ်ဆေးမှုကို ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် UL, Exponent နဲ့ TUV Rheinlandကုမ္ပဏီ ၃ ခုကိုစုံစမ်းစစ်ဆေးခိုင်းတဲ့ အခါမှာ လည်းအဲဒီအဖြေပဲထွက်ခဲ့ပါတယ်။ Samsung က Note 7 ဖုန်းကြောင့် ဒေါ်လာ ၅ ဘီလီယမ်လောက် ဆုံးရှုံးမယ်လို့ တွက်ဆထားပါတယ်။

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal




<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 





www.pyaephyo.com

0 comments:

Post a Comment