Galaxy Note စီးရီးကို Note 8 နဲ့ ပြန်လည် အသက်သွင်းမဲ့ Samsung

Photo Credit to www.mdk.com.mm
ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်မှာ ဘယ်ဖုန်းမှာမှ ပါဝင်လာခြင်းမရှိသေးတဲ့ Feature အသစ်များ၊ အကောင်းဆုံးအရည်အသွေးများနဲ့ ဈေးကွက်အတွင်းကိုဝင်ရောက်ထိုးဖောက်လာတဲ့ Samsung Galaxy Note 7 ဟာ ထုတ်လုပ်ပြီး မကြာခင်မှာပဲ ဘက်ထရီ ပြသနာကြောင့် ပြန်လည် သိမ်းဆည်းခဲ့ရပါတယ်။ စတင် သိမ်းဆည်းစဉ်က Samsung ဟာ Note စီးရီးကိုမထုတ်လုပ်နိုင်တော့ဘူးလို့ လူတိုင်းက ထင်ကြေးပေးခဲ့ကြပေမဲ့ လက်ရှိအချိန်မှာတော့ Samsung ရဲ့ တာဝန်ရှိသူက Note စီးရီးကို Samsung Galaxy Note 8 နဲ့ ပြန်လည် အသက်သွင်းမယ်လို့ ပြောဆိုလိုက်ပါတယ်။ Samsung ဟာ သူတို့ရဲ့ Galaxy Note အမှတ်တံဆိပ်ဖြစ်တဲ့ Phablet အမျိုးအစား စမတ်ဖုန်းများကို ဆက်လက် ထုတ်လုပ်အုံးမှာလည်းဖြစ်ပါတယ်။
ဒီတစ်ခါမှာတော့ အကောင်းဆုံးအရည်အသွေး၊ လုံခြုံစိတ်ချရမှုနဲ့၊ တီထွင်ဆန်းသစ်မှုတွေ ပေါင်းစပ်ကာ Samsung Galaxy Note 8 ကိုထုတ်လုပ်မှာဖြစ်ပါတယ်။ Samsung ဟာ Galaxy Note 7 မှာဖြစ်ပေါ်ခဲ့တဲ့ ပေါက်ကွဲတဲ့ဖြစ်စဉ်မှာ ဘက်ထရီရဲ့ ပေါ့ရော့မှုကြောင့်လို့ ကျိန်းသေထုတ်ပြန်နိုင်ခဲ့တဲ့အပြင် တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ Samsung Galaxy Note 7 များကို အောင်မြင်စွာ ပြန်လည် သိမ်းယူသွားနိုင်ခဲ့ပြီလို့ဆိုပါတယ်။
၂၀၁၇ ခုနှစ်မှာတော့ Samsung ဟာ သူတို့ရဲ့ ၈ ဂဏန်းမြောက် မော်ဒယ်များကို ထုတ်လုပ်မှာဖြစ်ပြီး Samsung Galaxy S8 နဲ့ Samsung Galaxy Note 8 ကိုထုတ်လုပ်မှာဖြစ်ပါတယ်။ ဒီတစ်ကြိမ်မှာတော့ အရင်အခေါက်ကလို အဖြစ်မျိုးဘယ်လိုမှ ကြုံတွေ့ခံရတော့မှာမဟုတ်သလို အရင် S စီးရီး များနဲ့ မတူတဲ့ S စီးရီး စမတ်ဖုန်းကိုလည်း ထပ်မံ ထုတ်လုပ်မယ်ဆိုပြီး Samsung Galaxy S8 ထုတ်လုပ်မဲ့အကြောင်းကို ပြောကြားသွားပါတယ်။
အခြားအကြောင်းအရာများကို ဖတ်ရှုရန် >>> https://goo.gl/NAqAxw
Ref: The Verge
Aung Ko Htet (M.D.K)

0 comments:

Post a Comment