♪ " 2016 သည် PC များအတွက် ခက်ခဲသော နှစ်တစ်နှစ်ဖြစ်ခဲ့ " ♫

Image may contain: screen and laptop

2016 သည်လည်း PC များအတွက် ခက်ခဲသော နှစ်တစ်နှစ်သာဖြစ်ခဲ့သည်။ PC တင်ဖို့ ရောင်းချမှုမှာ ဥရောပတွင် 6% ကျဆင်းခဲ့ပြီး Windows 10 သည်လည်း များစွာကူညီပေးနိုင်ခြင်းမရှိကြောင်း သိရသည်။ IDC ၏ စာရင်းများအရ ဥရောပတစ်ခွင် ရောင်းချခဲ့သော PC မှာ 72 သန်းသာရှိခဲ့ပြီး 2015 က 76 သန်းထိရှိရာမှ ကျဆင်းလာခဲ့ခြင်းဖြစ်သည်။

စီးပွားရေးလုပ်ငန်းများတွင် တောင်းဆိုမှုမြင့်မားသဖြင့် Notebook သည် desktop PC ထက် ရောင်းအားမြင့်မားခဲ့ပြီး Windows 10 သည်လည်း ထိုအချက်ကို မဟန့်တားနိုင်ခဲ့ဟု IDC မှ ဆိုခဲ့သည်။ ထိုအချက်မှာ အံ့သြစရာမဟုတ်ဘဲ Windows 10အား Free Upgrade ပေးခဲ့သဖြင့် PC ကို ချက်ချင်းအသစ်ဝယ်ယူရန် မလိုအပ်ခဲ့ပေ။

Desktop ရောင်းအားသည် မတည်ငြိမ်သည့်အပြင် ဆက်တိုက်ကျဆင်းနေပြီး EMEA မှ စုစုပေါင်း 6.9% ကျဆင်းခဲ့ကြောင်းဆိုသည်။ အဓိကမှာ အလွန်ပါးလွှာသော device များနှင့် ဆွဲဆောင်မှုရှိသော Chromebook များကြောင့် ပညာရေးကဏ္ဍတွင် အသုံးများလာကြသောကြောင့်ဟု IDC မှ ဆိုခဲ့သည်။

2016 စတုတ္ထ သုံးလပတ်အတွင်းတွင်မူ ဥရောပအနောက်ပိုင်းဈေးကွက်မှာ ကွဲပြားမှုများစွာရှိနေပြီး ထိုကာလတွင် PC ဈေးကွက်မှာ အနည်းငယ်တိုးတက်ခဲ့ကြောင်း တွေ့ရသည်။ IDC ၏ သတ်မှတ်မှုတွင် desktop, notebook နှင့် workstation များကို Traditional PC ဟု သတ်မှတ်ခဲ့ပြီး tablet နှင့် 2 in 1 device များ မပါဝင်ခဲ့ချေ။ 


NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal





<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 








www.pyaephyo.com

0 comments:

Post a Comment