Samsung Galaxy Note 8 ရဲ့ ထူးခြားချက် (၈) ချက်




Galaxy Note 7 ရဲ့ ပေါက်ကွဲခဲ့ရမှု အကြောင်းရင်း ကို စာနယ်ဇင်း ၊ သတင်းစာ ရှင်းလင်းပွဲ လုပ်ခဲ့ပြီးနောက်မှာ နောက်ထပ် ထွက်လာတဲ့ သတင်း တစ်ခု ကတော့ Galaxy Note 8 ရဲ့ သတင်းတွေပါပဲ။ အမှန်တကယ်တော့ Note 7 ဟာ တော်တော်လေး ကို စွမ်းရည်ကောင်းပြီး hi-tech လယ်ဗယ်အဆင့်မှာ ရှိခဲ့ပါတယ်။ တော်တော်များများလည်း ချီးမွန်းခဲ့ကြတယ်။ ကိုရီးယား ဒေသတချို့မှာ တချို့ user တွေ က သူတို့ရဲ့ Note 7 ကို ပြန်မအပ်ပဲ သုံးစွဲနေကြဆဲ ရှိတာကိုလည်း ထူးခြားမှု အနေနဲ့ တွေ့ရသေးတယ်။ ဒီလို စွမ်းရည်မြင့်ဖုန်းတစ်လုံး ဟာ အမှတ်မထင် ကံအကြောင်းမလှ ဖြစ်ခဲ့တာ ဟာ တော်တော့ကို နှမျောနာကျင်ဖို့ ကောင်းလှပါတယ်။


Note 8 ကတော့ Note 7 ကို ဖြန့်ချိပြီး သိတ်မကြာခင်မှာပဲ သတင်းထွက်ပေါ်ခဲ့တဲ့ ဖုန်းတစ်လုံးပါ။ ခန့်မှန်းသတင်းတွေ သာ ဖြစ်ပေမယ့် အကောင်းဆုံး နဲ့ တိကျတဲ့ မှန်းဆချက်တွေကို ထုတ်ပေးနိုင်တဲ့အတွက် CNet ရဲ့ ခန့်မှန်းသတင်းနဲ့ Review တွေကို သုံးစွဲသူ တော်တော်များများ က အားကိုးယုံကြည်လေ့ရှိပါတယ်။ အခုအချိန်အထိတော့ Galaxy Note 8 နဲ့ ပတ်သက်တဲ့ သတင်းတွေ ဟာ Rumors – ခန့်မှန်းသတင်းတွေသာ ရှိနေသေးတာပါ။ Note 8 နဲ့ ပတ်သက်တဲ့ အဲဒီ Rumors သတင်းတွေကို စုစည်းပြီး စိတ်ဝင်စားဖို့ကောင်းမယ့် ထူးခြားချက်ကလေးတွေကို စုစည်းပြီး အချက်အလက်လေးတွေအဖြစ် Digital Times ပရိသတ်အတွက် တင်ပြပေးလိုက်ပါတယ်။


နာမည် နဲ့ Version အမည် ချိတ်ဆက်မှု အရ ပြောရမယ် ဆိုရင် Samsung Galaxy Note 8 ဆိုတဲ့ အမည် ဟာ ရှုပ်ထွေးမှု ရှိနေပါတယ်။ ဟာ နှစ်မျိုး ရှိပါတယ်။ Wiki ရဲ့ အဆိုအရ တော့ ၂၀၁၃ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Note 8 တစ်မျိုး ရှိခဲ့ပါတယ်။ အဲဒီ Note 8 ကို တော့ Note 8.0 လို့ ခေါ်ပါတယ်။ ၈လက်မ မျက်နှာပြင် ရှိပါတယ်။ တော်တော်လေး မြန်ပြီး ပေါ့ပါးသွက်လက်တဲ့ အပြင် ဖုန်း Fuction လည်း ပါဝင်ပါတယ်။ S-Pen Stylus လည်း ပါရှိပါတယ်။ အဲဒီတုန်းက တစ်ချိန်တည်း မှာပဲ Galaxy Note 10.1 ထွက်ရှိခဲ့ပါတယ်။ နှစ်ခုလုံး က Tablet အမျိုးအစား တွေ ဖြစ်ခဲ့ပြိး Ph-Tablet ပုံစံ ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။ သူ့ကို ၃ မျိုး ထုတ်ခဲ့ပါတယ်။ GT-N5100 (3G & Wifi) GT-N5110 (Wifi) GT-N5120 (3G, 4G/LTE & Wifi) ဆိုပြီး ၃မျိုး ထုတ်ခဲ့တဲ့အတွက် သူ့ကို 5100 စီးရီး ဆိုပြီး လူသိများပါတယ်။


ဒါကြောင့် အခု ထွက်ရှိမယ့် Note 8 ကို Galaxy Note စီးရီး ရဲ့ ရှစ်ခုမြောက် မျိုးဆက် အဖြစ် မှတ်ယူနိုင်ပါတယ်။


ဒါဆိုရင် Galaxy Note 8 ဟာ Note 7 ရဲ့ ကောင်းသတင်းတွေ ကို ပဲ ဆက်လက်သယ်ဆောင်လာမှာလား ။ Note 7 မှာ လွဲမှားခဲ့တဲ့ ပြစ်ချက်တွေကို ပြုပြင်လိုက်ပြီလား ဆိုတာ လေ့လာကြည့်ရအောင် ပါ။

အရင်ဆုံး အနေနဲ့ Note 7 ဟာ ဘယ်လိုလုပ်ဆောင်ချက်တွေ ပါဝင်ခဲ့သလဲ ။ ဘာတွေ ကောင်းခဲ့သလဲ။
အိတ်ကပ်ထဲ ထည့်လို့ရလောက်အောင် အဆင်ပြေစေတဲ့ အရွယ်အစား ၊ ဖုန်း ကို ဖွင့်ပိတ်လုပ်ဖို့ Iris Scanner ၊  ရေအောက်မှာတောင် ရေးနိုင်တဲ့ S Pen၊ ကြိုးမဲ့အားသွင်းစနစ် ၊ VR Library ၊ အမိုက်စား ကင်မရာတွေ ပါရှိခဲ့ပါတယ်။

Specs တွေ က ဒီလို ရှိခဲ့ပါတယ်။
Gorilla Glass 5 , Single SIM (Nano-SIM) or Dual SIM (Nano-SIM, dual stand-by) , IP68 certified, AMOLED touchscreen, 5.7 inches, 1440 x 2560 pixels, OS Marshmallow, Chipset – Exynos 8890 Octa, CPU – Quad-core 2.3 GHz, 12 MP, f/1.7, Secondary – 5 MP, f/1.7, 22mm, dual video call, Auto HDR

(ခန့်မှန်းထားတဲ့ note 8 မှာတော့ အခုလို ပါရှိမယ် လို့ ယူဆရပါတယ်။




Virual Assistant

ဆမ်ဆောင်း ကုမ္ပဏီ နဲ့ လက်တွဲထားခဲ့တဲ့ Viv Labs ကနေ တာဝန်ယူထုတ်လုပ်မယ့် Virtual Assistant ပါရှိမယ် လို့ ယူဆရပါတယ်။ အဲဒီ ကိုယ်ရေး လက်ထောက် ဟာ သမားရိုးကျ digital Assistant တွေလို မေးခွန်းလေးတွေ ကို နားထောင်ပြီး ခန့်မှန်းခြေ နဲ့ အဖြေတွေ ပြန်ထုတ်ပေးတဲ့ အဆင့် မဟုတ်ပါဘူး ။ တကယ်လို့ Bixby လို့ ခေါ်တဲ့ အဲဒီ ကိုယ်ရေးလက်ထောက် ကို လေ့လာမယ် ဆိုရင် အရင်ဦးဆုံး ထွက်ရှိလာမယ့် Galaxy S8 မှာ လေ့လာကြည့်နိုင်ပါတယ်။ ဒါပေမယ့် Note 8 ဟာ Galaxy S8 ထက် ပိုပြီး အချိန်ရမှာ ဖြစ်တဲ့ Virtual အဆင့်အထိ ရောက်ရှိလာမှာပါ။ အထူးသဖြင့် ကျဆင်းခဲ့ရတဲ့ ဂုဏ်သိက္ခာကို AI တွေ ၊ Flexible ထုတ်ကုန်တွေ နဲ့ ပြန်ပြီး သတင်းမွှေးစေမယ့် လုပ်ဆောင်ချက်တစ်ခု ဖြစ်လာစေမယ် လို့ ဆိုပါတယ်။ အဲဒီ AI ဟာ ဆမ်ဆောင်း Pay နဲ့ ချိတ်ဆက်ပြီး အလုပ်လုပ်နိုင်တဲ့ အထိ အစွမ်းထက်လာပါလိမ့်မယ်။
သုံးစွဲသူတွေ အတွက်တော့ ဖုန်းတစ်လုံးဝယ်ယူလိုက်တာ နဲ့ သစ္စာရှိတပည့်တစ်ယောက် ကိုပါ အပိုဆောင်း ရရှိသွားစေဖို့ ကုမ္ပဏီ ကြိုးစားဖန်တီးနေတယ် လို့ ဆမ်ဆောင်း က ဆိုခဲ့ပါတယ်။


Galaxy S8 မှာလည်း ဒီလို ထူးခြားချက်တွေ အများကြီး ပါရှိပါတယ်။




USB Type C

USB Type C ဆိုတာ က သိတ်တော့ မထူးဆန်းတော့ တဲ့ နည်းပညာတစ်ခု ပါပဲ။ ဒါပေမယ့် နောက်ပိုင်းမှာ ထွက်ရှိလာခဲ့တဲ့ နည်းပညာ အမြင့် ထုတ်ကုန်တွေ ဟာ ဈေးကြီးသလို ပါဝင်တဲ့ နည်းပညာ တွေ မြင့်မားလာ သလို အနားကပ်ဖို့လည်း ခဲယဉ်းလှပါသေးတယ်။ ဒါကြောင့် USB Type C နည်းပညာ ဟာ မထူးဆန်းဘူး လို့လည်း ပြောရင် ရသလို မရင်းနှီးသေးဖူး လို့လည်း ပြောလို့ ရပါသေးတယ်။ ပြီးခဲ့တဲ့ Galaxy Note 7 မှာလည်း အဲဒီ နည်းပညာ ပါဝင်ခဲ့ပါတယ်။

ဒီဘက်ကို လက်ဆင့်ကမ်း သယ်ဆောင်လာရလောက်အောင် လည်း ကောင်းမွန်တဲ့ နည်းပညာ တစ်ခု ပါ။ အထူးသဖြင့် Galaxy Gear VR တွေ နဲ့ ချိတ်ဆက်ပြီး ဖျော်ဖြေရေး ကဏ္ဍတွေကို VR ပေါ်ကနေ ခံစားတဲ့အခါမှာ ဘယ်လောက် ကို အသုံးဝင်သလဲ ဆိုတာ ကို မျက်မြင်တွေ့ရှိရမှပါ။

USB (Universal Serial Bus) တွေကို ၁၉၉၀ ခုနှစ်ကတည်း က ထုတ်လုပ်ခဲ့ပါတယ်။ အခု ဆိုရင် USB 3.1 အထိ ရောက်ရှိနေပါပြီ။ ဒါပေမယ့် အခု အချိန်ထိ ရောက်နေတဲ့ Type တွေ ဟာ Type A အမျိုးအစား အဆင့်ပဲ ရှိပါသေးတယ်။ Type C ဟာ ဗွီဒီယို ရုပ်ထွက်ကောင်းကောင်း တွေ ကို သယ်ဆောင်ပို့လွှတ်ပေးနိုင်တဲ့ ထူးခြားချက် အရည်အသွေး ရှီပါတယ်။ သူက သီးသန့် လုပ်ဆောင်တဲ့ ပုံစံ သွားပြီး Transfer rate အရမ်းမြန်ပါတယ်။

Note 8 မှာ USB Type C ကို သုံးစွဲမယ် ဆိုတာ ဟာ အယ်ဒီတာတွေ ရဲ့ ခန့်မှန်းချက် မဟုတ်ပါဘူးး။ လေ့လာသုံးသပ်သူတွေ ရဲ့ အကြံပေးချက် ဖြစ်ပါတယ်။ ဒါကြောင့် ဒီ လုပ်ဆောင်ချက် ဟာ ကျိန်းသေ ပါဝင်လာမှာပါ။ အထူးသဖြင့်တော့ နည်းပညာ အမြင့်တွေ နဲ့ အကောင်းဆုံး ဂုဏ်သတင်း ကို ပြန်လည် လဲလှယ်ယူရမယ့် စိန်ခေါ်မှုတစ်ခုဖြစ်နေခဲ့လို့ပါ။



Dual-edge curved screen

ဆမ်ဆောင်း ဟာ ဟိုးအစောကြီးကတည်း က Curved Screen တွေကို ထုတ်လုပ်ခဲ့ပြီး ဖြစ်ပါတယ်။ Note 8 ဟာလည်း Curved Display ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် မေးစရာ တစ်ခု ရှိတာက Note 8 ဟာ Phone+Tablet အမျိုးအစားပါ။ Device ရဲ့ ညာဖက်မှာ လုပ်ဆောင်ချက်တွေ ကို (ပုံမှန်ဆိုသလို) ထားရလေ့ရှိပါတယ်။ သရုပ်ခွဲပညာရှင်တွေ ရဲ့ ခန့်မှန်းချက် အရ တော့ ဒီ ဒီဇိုင်းမှာ Features တွေ တော်တော်များများ ကို နေရာရွှေ့ပစ်ဖို့ ရှိနေတယ် လို့ ဆိုပါတယ်။

နောက်တစ်ကြောင်း က iPhone 8 ဟာလည်း Curved Display နဲ့ လာဖို့ များနေပါတယ်။ တကယ်လို့ note 8 ဟာ iPhone 8 ကို ယှဉ်ပြိုင်ဖို့ မှောက်ထားတဲ့ ဖဲတစ်ချပ်ဆိုရင် iPhone 8 ရဲ့ အောက်ဖဲတစ်ချုပ် ဟာ Curved Screen ဖြစ်လာပါလိမ့်မယ်။ ဒါဆိုရင် တွက်ချက်မှု အရ Dual Edge Curved Screen ကို ပြန်သွားမယ် ဆိုရင် ဟိုး ၂၀၀၀ ခုနှစ်အကျော်က ထုတ်ခဲ့တဲ့ Galaxy S ရဲ့ အောင်မြင်ခဲ့မှု ပုံစံကို ပြန်လည် ရယူဖို့ ရှိနေပါတယ်။

Note 8 မှာ အဓိက ဖြစ်တဲ့ ပြသနာ က Pressure ပါ။ Note 8 ဟာ Technical View အနေနဲ့ မချပြခင်မှာကို (Note 7 ရဲ့ ) ဖိအားတွေအောက်မှာ ရှိပါတယ်။ ဒါပေမယ့် ဘယ်လိုအချိန်တွေမှာ ဘယ်လိုမျိုးနဲ့ပဲ ပြေလည်မှု ရသွားတယ် ဖြစ်ခဲ့ပါစေ။ ဆမ်ဆောင်း ကတော့ Apple ရဲ့ Activities တွေကို ယှဉ်ပြိုင်ဖို့ ကြိုးစားနေဦးမှာ ဖြစ်ပါတယ်။ ဒီအတွက် စောလွန်းသေးပေမယ့် Dual Edge Curved Screen ဖြစ်ဖို့ များနေတယ်လို့ ဆိုလိုရင်း ဖြစ်ပါတယ်။



Expandable Storage

သိုလှောင်မှု အနေနဲ့ 64GB ရှိခဲ့ပြီး 256 GB SD card အထိ ထပ်ပြီး ထည့်သွင်းနိုင်တဲ့ လုပ်ဆောင်ချက် ပါရှိခဲ့ပါတယ်။ Phablet တွေ အနေနဲ့ ညွှန်းရရင် အမြင့်ဆုံး လို့ ဆိုရပါမယ်။ အခု Note 8 ရဲ့ သတင်း အရ Storage ကို 256 ကို အခြေခံ ပေးထားမယ် ဆိုရင် အံ့သြဖို့တော့ ရှိမယ် မထင်ပါဘူး။ တချို့ ဂိမ်းတွေ ရဲ့ OBB ဖိုင်တွေ ဟာ 16GB လောက်အထိ နေရာယူလေ့ရှိတဲ့အတွက် HD ဂိမ်း တစ်ခု ကို 64 GB လောက် နေရာယူနိုင်တယ် လို့ အကြမ်းဖင်း တွက်ချက်ထားရမှာပါ။

ကနဦးသတင်းတွေ အရ 1TB အထိ တိုးနိုင်တဲ့ Expandable Storage ပါရှိမယ် လို့ ဆိုပါတယ်။ အထူးသဖြင့် တော့ ပြီးခဲ့တဲ့ ၁ နှစ်မှာ ထွက်ရှိထားခဲ့ပြီးဖြစ်တဲ့ Note 7 ရဲ့ နှစ်ဆ လို့ တွက်လိုက်ရင် နီးစပ်မှာပါ။



Iris Scanner
iris Scanner ဟာ Note 7 တစ်ခုလုံးကို ဖမ်းစားထားခဲ့တဲ့ လုပ်ဆောင်ချက် ဖြစ်ပြီး Note 7 ရဲ့ အသက် ဖြစ်ခဲ့တယ် လို့ တောင် ဆိုနိုင်ပါတယ်။ အခု နောက်ပိုင်းမှာ စမတ်ဖုန်းတော်တော်များများ ဟာ Scanner တွေ ထည့်သွင်းလာကြပေမယ့် အမှန်တကယ် ထည့်သွင်းရခြင်း ရဲ့ ရည်ရွယ်ချက်ကို သိရှိကြပါရဲ့လား လို့ တောင် သံသယ၀င်စရာ ဖြစ်လာခဲ့ပါတယ်။ Iris Scanner ဟာ လုံခြုံရေး ပါပဲ ။ လုံခြုံရေးအတွက် အရေးကြီး ဆုံး လုပ်ဆောင်ချက် တစ်ခု ပါ။ Iris Scanner ဟာ အမှောင်ထဲမှာလည်း အလုပ်လုပ်နိုင်ပါတယ်။ မျက်လုံးနဲ့ ကြည့်ပြီး အဖွင့်အပိတ် လုပ်တာ ဖြစ်တဲ့အတွက် မြန်လည်း မြန်ပါတယ်။  အဲဒါ နဲ့ ဖုန်း ရဲ့ လုံခြုံရေး ကို တည်ဆောက်ခဲ့တာပါ။

Iris Scanner ကို Iris Recongnition လို့လည်း ပြောဆိုလို့ ရနိုင်ပါတယ် ။ ဗြိတိန် အမေရိကန် နွယ်ဖွား John Gustav Daugman ဆိုသူ က Algorithm နည်းပညာ နဲ့ Recongniton နည်းပညာ ၂ ခုကို ပေါင်းစပ်ပြီး Develop ဖြစ်စေခဲ့တယ်လို့ ၀ီကီက ဆိုထားပါတယ်။ ဘိုင်အိုမက်ထရစ် နည်းနဲ့ အိုင်ဒီတွေ မှတ်သားထားတာပါ။ ဗွီဒီယို ပုံရိပ်တွေ ပေါ်မှာ အမှားအမှန်ကို တည်ဆောက်လေ့ရှိပြီး ပုံရိပ်တစ်ခုချင်းကို သေးငယ်တဲ့ Pattern ကလေးတွေ အဖြစ် ခွဲခြမ်းစိတ်ဖြာပြီး မှတ်သားပါတယ်။ ပြီးတော့ မှ ပြန်လည် ပေါင်းစည်းပြီး လက်ခံတာ ၊ ငြင်းပယ်တာ ပြုလုပ်ပေးလေ့ရှိပါတယ်။

Note 8 မှာလည်း ဆက်လက် သယ်ဆောင်လာဖို့ ရှိနေတဲ့ Iris Scanner ဟာ ၁ နှစ်အတွင်းမှာ ဘာတွေ တိုးတက်လာပြီ လဲ ဆိုတာ ကတော့ စိတ်လှုပ်ရှားစရာ စောင့်ကြည့်ရပါမယ်။



IP68 and IP67 certification
မြန်မာအသံကို စောင့်ကြည့်တတ်တဲ့ လူတွေ တော့ တွေ့ကြမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ လအတွင်းမှာ ဆမ်ဆောင်း ဟာ Galaxy A5 နဲ့ Galaxy A7 ကို တီဗွီမှာ အေးမြတ်သူ နဲ့ ကြော်ငြာသွားခဲ့ပါတယ်။ အဲဒီကြော်ငြာ ဟာ ဆိုလိုရင်း ၂ ခု ပဲ ပါရှိပါတယ်။ တစ်ခု က ကင်မရာ ၊ ကျန်တစ်ခု က ရေစိမ်ခံတာ ..။

အထူးသဖြင့် အခု နောက်ပိုင်း မိုဘိုင်းဖုန်း ထုတ်လုပ်သူတွေ ထုတ်လုပ်ပြီး ထည့်သွင်းလာကြတဲ့ နည်းပညာ က IP68 ပါပဲ။ အဲဒီမှာ IP67 လည်း ပါရှိတဲ့အတွက် ကတော့ IP68, IP67 ဆိုတာကို အတော်များများ မြင်လာကြရမှာပါ။ ကုမ္ပဏီတိုင်း ၊ ထုတ်လုပ်သူတိုင်းမှာ သူတို့ပိုင်ဆိုင်တဲ့ နည်းပညာတွေ ရှိပါတယ်။ အဲဒီအတွက် ဒီဂဏန်ေးတွ ဟာ ဘာကိုဆိုလိုသလဲ လေ့လာကြည့်ရအောင်။

IP  ဆိုတာ ဟာ International Electrotechnical Commision ကို ရည်ညွှန်းတာဖြစ်ပါတယ်။ သူ့ကို IEC လို့ ခေါ်ပါတယ်။ ISO ကို နမူနာ ကြည့်မယ် ဆိုရင် International Organization for Standardization (ISO) လို့ တွေ့ရမှာ ဖြစ်ပါတယ်။ အဲဒီအတွက် နိုင်ငံတကာ အဆင့်မှီ စံချိန်၊ စံညွှန်းနဲ့ ကိုက်ညီတဲ့ ကုန်ပစ္စည်း ဆိုပြီး အဓိပ္ပါယ် ရပါတယ်။ IP ကတော့ IEC က နိုင်ငံတကာ စက်မှုနည်းပညာကော်မရှင် က အသိအမှတ်ပြု နည်းပညာ လို့ ဆိုလိုတာ ဖြစ်ပါတယ်။


6 ဆိုတာဟာ ဖုန်ဒဏ် ခံနိုင်ရည်ရှိမှုကို ရည်ညွှန်းတာပါ။ အဲဒီအထဲမှာ သဲဒဏ်လည်း ပါရှိပါတယ်။ IEC ရဲ့ စမ်းသပ်မှု အရ iPhone 7 ဟာ ဖုန်ဒဏ် ခံနိုင်ရည်ရှိမှု မှာ အနည်းငယ် ကျဆင်းခဲ့ပြီး Galaxy S7 ကတော့ နှစ်ခု စလုံးကနေ လွတ်ကင်းပါတယ်။

7 ဆိုတာဟာ ရေစိမ်ခံမှုကိုပဲ တိုက်ရိုက်ရည်ညွှန်းခဲ့တာ ဖြစ်ပါတယ်။ စမ်းသပ်ချက်တွေ အရ စမ်းသပ်တဲ့ ပစ္စည်းဟာ ရေဖိအားဒဏ် ၊ ရေအောက် မှာ ကြာရှည်ခံနိုင်မှု ၊ ရေအောက်မှာ အလုပ်လုပ်ကိုင်နိုင်မှုတွေ ပါ ထည့်သွင်းတွက်ချက်ပါတယ်။ အဲဒီတွက်ချက်မှု အတွက် ကြာမြင့်မှု ဟာ မိနစ် ၃၀ ဖြစ်ပါတယ်။အဲဒီအတွက်စကား ကို ပြန်ဆက်မယ် ဆိုရင် Note 8 ဟာ ရေအောက် မှာ ၆ ပေ အထိ ၊ ၁.၅ မီတာ အထိ ၊ မိနစ် ၃၀ အကြာ အထိ ရေစိမ်ခံနိုင်ပြီး ဆာဟာရသဲကန္တာရကို နေရာမျိုးမှာလည်း သုံးစွဲလို့ ရနိုင်စေပါတယ်။

အဲဒါဟာ တကယ်ပဲ လား



Blue Coral
အခု အချိန်မှာ အရောင်ပိုင်း နဲ့ ပြောဆိုရမယ် ဆိုရင် ဘာသာပြန်ရ အခက်ဆုံး စကားလုံးပါပဲ။ ကွယ်လွန်သွားတဲ့ ကဗျာဆရာကြီး ဒဂုန်တာရာ ဆိုရင်တော့ ဒီ အပြာကို ဒစ္စနေးအပြာလို့ ပဲ ဆိုလေမလား တော့ မသိပါဘူး။ ပင်လယ်ရေမျက်နှာကို ကောင်းကင် အပေါ်စီးကနေ လှမ်းပြီး တွေ့ရတဲ့အခါမှာ ရေ ရဲ့ အရောင်ဟာ ပြာနှမ်းလို့ နေပါတယ်။ အဲဒီ အရာင်ကို ပဲ ကမ်းခြေကနေ ကြည့်လိုက်တဲ့အခါမှာ ရေ အရောင်ဟာ အခု န ပြာနှမ်းထားတာထက် လျော့သွားပြီး အပြာနုရောင် လွလွ ကလေးတွေ တွေ့ရလေ့ရှိပါတယ်။

Note 7 မှာလည်း အရင် က Blue Coral ကို တွေ့ရှိခဲ့ရဖူးမှာပါ။ အခုလည်း Note 8 ကို Blue Coral အဖြစ် အားလုံးက မှန်းထားပါတယ်။ ဒါဆိုရင် ပြာလွင့်လွင့် အရောင်ကလေး နဲ့များ ထုတ်လုပ်လာလေမလား ။ စဉ်းစား စရာ ပါ။

နည်းပညာရှုထောင့် က ကြည့်ရင် အရောင် က ထည့်စဉ်းစားဖို့ မလိုပါဘူး။
ဈေးကွက်ရှုထောင့် က ကြည့်ရင် Love At First Sight..တဲ့ ။ မြင်မြင်ချင်း အချစ် ..တဲ့။


နေ့စွဲ ၊ ဈေးနှုန်း
Myanmar: ၂၀၁၆ ခုနှစ် ၊ စက်တင်ဘာလအတွင်းမှာ Note 7 ဈေးနှုန်း က ၉ သိန်း ၂ သောင်း ရှိခဲ့ပါတယ်။
( အရှုပ်အထွးကြောင့် ပြန်လည်သိမ်းယူသွားခဲ့တယ်။)
UK: ၂၀၁၇ ခုနှစ် ၊ သြဂုတ် လအတွင်းမှာ စတင်ဖြန့်ချိနှုန်း က ပေါင် ၇၄၉ ရှိခဲ့ပါတယ်။
(ဒေါ်လာ အားဖြင့် $890 ၀န်းကျင် ဖြစ်ခဲ့ပါတယ်။)
၂၀၁၇ ခုနှစ် ၊ စက်တင်ဘာလအတွင်းမှာ ထွက်ရှိမယ့် Note * က ဘယ်လောက်များလဲ။
UK: ၂၀၁၇ ခုနှစ် ၊ သြဂုတ် လအတွင်းမှာ စတင်ဖြန့်ချိနှုန်း က ပေါင် ၇၈၀ ခန့် ရှိပါမယ်။
(ဒေါ်လာ အားဖြင့် $900 ၀န်းကျင် ဖြစ်ပါမယ်။)


Myanmar: ၁၀ သိန်းဝန်းကျင်ပဲ ရှိနိုင်ပါမယ်။

ဈေးနှုန်း က ခန့်မှန်းပါ။ အရေးကြီးတာ ပစ္စည်းပိုကောင်းလာမယ်။ စိတ်ချလာရမယ်။ အရည်အသွေးလည်း ပိုကောင်းလာမယ်။ ဒါဆိုရင် ..
ဈေးပိုကြီးလာမှာပေါ့ ..။
အပြန်အလှန်အားဖြင့် ပစ္စည်း တွေက အလန်းစားတွေ ဖြစ်မှာပေါ့ ..။

===============

Extra

ပြိုင်ဘက်  : : iPhone 8 S လာနိုင်သလား။
ပရိုဆက်ဆာ : : 830 လောက်ပဲ ပေးမလား။
ကင်မရာ : : Dual Camera
Display : : 4K ရယ်ဒီ
Storage : : 256GB
support : : perfect S Pen

ဘက်ထရီအသစ်အတွက် တာဝန်ယူမှု  : : နောက်ဆုံး ထုတ်ဖော်ပြောကြားချက်တွေအရ ဘက်ထရီ ကို LG ကုမ္ပဏီကြီးမှ တာဝန်ယူမည်။
ဘက်ထရီအသစ်အတွက် တာဝန်ယူမှု : : No Overheating Issues with the Galaxy Note 8 battery ဆိုပြီး galaxynote8 က နေ အာမခံထားပါသည်။

Videos

Galaxy Note 8 is coming 




Galaxy Note 8 Reborn



Galaxy Note 8’s 8 facts






0 comments:

Post a Comment