♪ " Move to iOS " Android ဖုန်း အသုံးပြုနေရာကနေ iOS ဖုန်း ပြောင်းသုံးသူတွေအတွက် ♫

Image may contain: phone

Android ဖုန်း အသုံးပြုနေရာကနေ iOS ဖုန်း ပြောင်းသုံးသူတွေအတွက် Android ဖုန်းထဲက အချက်အလက်တွေကို iOS ဖုန်းအသစ်ထဲ အလွယ်တကူ ကူးယူရွှေ့ပြောင်းနိုင်ဖို့အတွက် Move to iOS ကို အသုံးပြုနိုင်ပါတယ်။

Android device ထဲမှာ Move to iOS app ကို ထည့်ထားပြီး အဲဒီထဲမှာရှိတဲ့ content တွေကို iOS device တွေဆီ အလိုအလျောက် လုံခြုံစိတ်ချစွာ ကူးယူရွှေ့ပြောင်းနိုင်ပါတယ်။ အဆင့်လေး အနည်းငယ်လုပ်လိုက်ရုံနဲ့ ဘယ်လို content တွေကိုမဆို ကူးယူရွှေ့ပြောင်းနိုင်ပြီး မကူးယူခင်မှာလည်း အဲဒီ content တွေကို အခြားနေရာတစ်ခုခုမှာ save လုပ်ထားစရာမလိုပါဘူး။ Contact တွေ၊ Message history တွေ၊ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေ၊ Web bookmarks တွေ၊ Mail account တွေ၊ Calender တွေကို စိတ်ချစွာ ကူးယူရွှေ့ပြောင်းနိုင်မှာ ဖြစ်ပါတယ်။

အချက်အလက်တွေကိုရွှေ့ဖို့ ရွေးချယ်လိုက်တာနဲ့ သင့်ရဲ့ iPhone/iPad သစ်က private Wi-Fi network ဖန်တီးပြီး အနီးအနားက Move to iOS အသုံးပြုထားတဲ့ Android device ကို ရှာဖွေ ပြီး Security code ရိုက်ထည့်လိုက်တာနဲ့ တစ်ပြိုင်နက် အချက်အလက်တွေကို သင့်တော်တဲ့နေရာဆီ ကူးယူပေးမှာ ဖြစ် ပါတယ်။ သင်အသုံးပြုနေတဲ့ default mail account ကိုလည်း set up လုပ်ပေးပါတယ်။ Android 4.0 နဲ့အထက်တွေမှာ အသုံးပြုနိုင်ပါတယ်။


NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal




<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 





www.pyaephyo.com


0 comments:

Post a Comment