♪ MPT ဆင်းမ်ကဒ်တွေ ကို ဘယ်လို မှတ်ပုံတင်မလဲ ♫


ကိုယ့်ရဲ့ ဖုန်းကနေ အလွယ်တကူ မှတ်ပုံတင်နိုင်ကြစေဖို့  ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းတွေနဲ့ ပတ်သက်ပြီး တစ်ခုပြီး တစ်ခု ရေးသားဖော်ပြပေးသွားပါမယ်။
အခု က တော့ မြန်မာ့အကြီးဆုံး ဆက်သွယ်ရေး ကွန်ယက် ဖြစ်တဲ့ MPT ဆင်းမ်ကဒ်တွေကို ဘယ်လို မှတ်ပုံတင်မလဲ ဆိုတာ ကို ဖော်ပြပေးလိုက်ပါတယ်။
  • ပထမဦးဆုံးအနေနဲ့ ၁၀၆ သို့ ဖုန်းခေါ်ဆိုရပါမယ်။
  • အဲဒီနောက် မှာတော့ ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းနှင့်လိုအပ်ချက်များကိုသိရှိလိုပါက နံပါတ် ၄ ကို နှိပ်ရပါမယ်။ ဒါမှမဟုတ်ရင် အသေးစိတ်ပိုမိုသိရှိလိုရင်ဖြစ်ဖြစ် (ဒါမှမဟုတ်) Call Center agent တိုက်ရိုက် ပြောဆိုမေးမြန်းလိုပါက 0 ကို နှိပ်ရပါမယ်။
  • Call center agent ကနေပြီး ဆင်းမ်မှတ်ပုံတင်ခြင်း နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို သေချာစွာရှင်းပြပေးသွားမှာဖြစ်ပြီး ဆင်းမ်ကဒ်မှတ်ပုံတင်လိုပါက မှတ်ပုံတင်ပေးမယ့် အစီအစဉ်ကို ပြန်လည် လွှဲပြောင်းပေးပါလိမ့်မယ်။
  • ဆင်းမ်ကတ်မှတ်ပုံတင်လိုသူတွေ အနေနဲ့ ကိုယ်ရဲ့ အမည်၊ နိုင်ငံသားစီစစ်ရေးကဒ်ပြားအမှတ်၊ နိုင်ငံသားစီစစ်ရေးကဒ်ပြား ( ဒါမှမဟုတ်) ယာဉ်မောင်းလိုင်စင် (ဒါမှမဟုတ်) ပတ်စပို့ ကို ဓာတ်ပုံရိုက်ပြီး call center agent ရဲ့ Viber နံပါတ် ကို ပေးပို့ပေးရပါမယ်။
  • မှတ်ပုံတင် နောက်ဆုံးရက် က မတ် လ ၃၁ ရက်နေ့ ဖြစ်ပါတယ်။
အသေးစိတ် သိရှိလိုပါက (သို့) မရှင်းမလင်းတာတွေ အတွက် မေးမြန်းချင်တယ် ဆိုရင် MPT Call Center 106  ကို ဖုန်းခေါ်ဆို ဆောင်ရွက်နိုင်ပါတယ်။
ဘယ်လို ဆင်းမ်ကဒ် မျိုးမဆို ပြန်လည် မှတ်ပုံတင် ပေးရမှာ ဖြစ်ပါတယ်။ အွန်လိုင်း မှတ်ပုံတင် ခြင်း က ဒီလိုပါ။
  • မှတ်ပုံတင် နည်း အဆင့်ဆင့် ကို ပုံမှာ ဖော်ပြပေးထားပါတယ်။
ပုံ (၁)

ပုံ (၂)

ပုံ (၃)




Credit to ==> Digital Times





<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 








www.pyaephyo.com

0 comments:

Post a Comment