♪ " Meizu U20 (Rose Gold) " - Price » 219,000 Ks ( 32GB ) ♫

Image may contain: phone

၂ဝ၁၆ ခုနှစ်မှာ ထုတ်လုပ်ခဲ့တဲ့ Meizu U20 အဆင့်မြင့်စမတ်ဖုန်းဟာ ဒီဇိုင်းပုံစံလှပပြီး စွမ်းရည်မြင့်မားတဲ့ ဖုန်းတစ်လုံးပါ။ ဈေးနှုန်းကလည်း သင့်တင့်ပြီး ထည့်သွင်းထားတဲ့ specs တွေကလည်း အလွန်ကောင်းမွန်ပါတယ်။ ကိုယ်ထည်က ကျစ်ကျစ်လျစ်လျစ်ရှိပြီး သစ်လွင်တောက်ပကာ ဆွဲဆောင်မှုလည်းရှိပါတယ်။ ထောင့်စွန်းလေးက အနည်းငယ်သာ ကွေးတာကြောင့် လေးထောင့်ပုံစံလေး ဖြစ်နေပါတယ်။ ဘေးဘောင်တွေက တောင့်တင်းခိုင်မာတဲ့ သတ္တုဘောင်တွေဖြစ်ပြီး အရည်အသွေးမြင့်မားတဲ့ glass နဲ့ ပေါင်းစပ်ဖန်တီးပေးထားပါတယ်။ ဒါကြောင့် မတော်တဆပြုတ်ကျ မှုဒဏ်တွေကိုခံနိုင်ပြီး အဆင့်မြင့် စမတ်ဖုန်းတစ်လုံးရဲ့ အသွင်အပြင်ကို ဆောင်နေပါတယ်။

ဖုန်းအရွယ်အစားက 153 x 75.4 x 7.7 mm ရှိပြီး 158g အလေးချိန်ရှိပါတယ်။ GSM, HSPA နဲ့ LTE networks တွေကို ထောက်ပံ့ပေးထားပြီး Nano SIM card 2 card ကို ထည့်သွင်းသုံးစွဲနိုင်တဲ့ Dual SIM စနစ် ပါရှိပါတယ်။ အရှေ့ ဘက်မျက်နှာပြင်က ရှင်းရှင်းလေးနဲ့လှပပြီး အောက်ခြေမှာ Home button တစ်ခုသာပါရှိပါတယ်။ ၄င်း Home button မှာတော့ သင့်ဖုန်း data တွေရဲ့ လုံခြုံရေးအတွက် စိတ်ချယုံကြည်ရတဲ့ mTouch fingerprint sensor ပါရှိပြီး ဖုန်း unlock လုပ်တဲ့အခါမှာလည်း လျင်မြန်တိကျမှုရှိပါတယ်။ နောက်ကျော ဘက်မှာ ကင်မရာ၊ Flash မီးနဲ့ Logo တို့ရှိပြီး အနောက်ကင်မရာက အပေါ် ဆုံးညာဘက်ထောင့်မှာ ထည့်ပေးထားတဲ့အတွက် ဓာတ်ပုံတွေကို အမြန် ရိုက်တဲ့အခါ လက်နဲ့ကွယ်နေတာမျိုးတွေ မဖြစ်စေနိုင်ပါဘူး။ 


ညာဘက်ဘေးဘောင်မှာ အသံအတိုးအကျယ်ခလုတ်နဲ့ ပါဝါခလုတ်တွေ တပ်ဆင်ပေးထားပြီး ဘယ်ဘက်ဘောင်မှာ SIM Card Tray ရှိပါတယ်။ မျက်နှာပြင်အကျယ် ၅ လက်မခွဲက ကိုင်တွယ်သုံးစွဲလို့ကောင်းတဲ့ အနေ တော်အရွယ်အစားဖြစ်ပြီး ရုပ်ရှင်ကြည့်တာတွေ၊ စာဖတ်တာတွေနဲ့ ဂိမ်း ကစားတာတွေကိုလည်း အဆင်ပြေပြေ ပြုလုပ်နိုင်ပါတယ်။ ၄င်းမျက်နှာပြင်က full HD မြင်ကွင်းတွေကို ပြသပေးနိုင်ပြီး multitouch စနစ်ကိုလည်း သုံးစွဲနိုင်ပါတယ်။ ဒါ့အပြင် မျက်နှာပြင်ကို အကြမ်းခံနိုင်အောင် Asahi Dragontrail Glass နဲ့ ဖုံးအုပ်ကာကွယ်ပေးထားပါသေးတယ်။


၎င်းမှာ Flyme UI ဆိုတဲ့ user interface ကို သုံးထားပြီး Android OS, v6.0 (Marshmallow) ကို run ပေးထားပါတယ်။ အနောက်ကင်မရာက 13MP ရှိပြီး f2.2 aperture ကို တပ်ဆင်ထားပါတယ်။ ဒါ့အပြင် dual LED မီး ပါရှိတာကြောင့် အလင်းရောင် အားနည်းတဲ့နေရာတွေမှာလည်း ကြည်လင်ပြတ်သားတဲ့ ဓာတ်ပုံတွေကို ရိုက်ယူနိုင်ပြီး အလွန်အဆင့်မြင့်တဲ့ auto focus စနစ်က camera app ကို ဖွင့်လိုက်တာနဲ့ focus ကို လျင်မြန်စွာ ထောက်ပံ့ပေးနိုင်ပါ တယ်။ 5MP ရှိတဲ့ အရှေ့ကင်မရာကိုလည်း Beauty functions တွေ ပေါင်းထည့် ပေးထားတဲ့အတွက် လှပတဲ့ selfies ဓာတ်ပုံလေးတွေကို ရိုက်ယူနိုင်ပါတယ်။ 


ပင်မကင်မရာနဲ့လည်း 30fps မှာ 1080p အရည်အသွေးရှိတဲ့ ဗီဒီယိုတွေကို ရိုက်ကူးနိုင်ဦးမှာ ဖြစ်ပါတယ်။ ထောက်ပံ့ပေးထားတဲ့ Internal Memory 32GB ထဲမှာ သိမ်းဆည်းချင်တဲ့ဖိုင်တွေ၊ ဗီဒီယိုတွေ၊ သီချင်းတွေက အရမ်း များနေတယ်ဆိုရင်လည်း micro SDcard ကို 256GB အထိ ထပ်မံစိုက်ထည့် သုံးစွဲနိုင်ပါတယ်။ ကိုယ်ထည်ထဲမှာလည်း RAM 3GB ပါရှိတဲ့ Octa-core (4x 1.8GHz Cortex-A53 & 4x 1.0 GHz Cortex-A53 processor နဲ့ Mediatek MT6755 Helio P10 chipset တို့ကို ထည့်သွင်းသုံးစွဲထားပြီး Mali-T860MP2 GPU ကို ထောက်ပံ့ပေးထားပါတယ်။


ဒါကြောင့် ဂိမ်းကြီးတွေ ကစားတဲ့အခါမှာ အဆင်ပြေပြေ ကစားနိုင်သလို multitasking တွေ လုပ်တဲ့အခါမှာလည်း စက်ဟမ်းသွားခြင်း မရှိနိုင်ပါဘူး။ အင်တာနက်အမြန်နှုန်းတွေနဲ့ လိုင်းဆွဲအားလည်း အထူးကောင်းမွန်ပါတယ်။ သင့်တင့်တဲ့ဈေးနှုန်းနဲ့ သုံးစွဲလို့အဆင်ပြေတဲ့ Specs တွေ၊ Functions တွေနဲ့ features တွေပါရှိတဲ့ အဆင့်မြင့်စမတ်ဖုန်းတစ်လုံးကို ရှာဖွေနေတယ်ဆိုရင် ဒီ Meizu U20 စမတ်ဖုန်းကလည်း အလွန်အဆင်ပြေပါတယ်။

* Battery Life *

ဘက်ထရီ စွမ်းအားပိုင်းအနေနဲ့ Non-removable Li-ion 3260mAh battery ကို ထည့်သွင်းထားပြီး သာမန်ဖုန်းသုံးစွဲသူတွေအတွက်တော့ တစ်နေ့လုံးစာအတွက် လုံလောက်ပါတယ်။ ဒါ့အပြင် ဖုန်းအားသွင်းရမှာလည်း မြန်ဆန်မှုလည်း ရှိပါတယ်။

* Design *

တည်ဆောက်ပုံဒီဇိုင်းက ပါးလွှာကျစ်လျစ်ပြီး ဘေးဘောင်ကို သတ္တုနဲ့ ပြုလုပ်ပေးထားတဲ့အတွက် အကြမ်းလည်းခံပါတယ်။ ဘေးဘက်ဘောင်က iPhone တည်ဆောက်ပုံနဲ့တူညီပြီး ကင်မရာအထားအသိုက လည်း iPhone အတိုင်းပါပဲ။ ဒါ့အပြင် ကိုင်တွယ်သုံးစွဲလို့ ကောင်းတဲ့ အရွယ်အစားလေးပဲ ဖြစ်ပါတယ်။

* Processor *

Meizu U20 မှာ RAM 3GB ပါရှိတဲ့ Octa-core (4x1.8GHz Cortex-A53 & 4x 1.0GHz Cortex-A53 processor နဲ့ Mali-T860MP2 GPU Graphics Card ကို ထောက်ပံ့ပေးထားပါတယ်။ ဒါကြောင့် ဘယ်လောက်လေးတဲ့ apps တွေနဲ့ ဂိမ်းတွေကိုမဆို အဆင်ပြေပြေ ကစားနိုင်ပြီး လုပ်ဆောင်ချက်တွေကလည်း လျင်မြန်တိကျမှု ရှိပါတယ်။

* Display and Camera *

5.5-inch အကျယ်ရှိတဲ့ မျက်နှာပြင်ကို LTPS IPS capacitive touc-screen display အမျိုးအစားနဲ့ ပြုလုပ်ပေးထားပြီး 1080 x 1920 pixels ရှိတဲ့ မြင်ကွင်းစွမ်းအားတွေကို ရရှိနိုင်ပါတယ်။ 13MP ရှိတဲ့ အနောက်ကင်မရာ နဲ့ 5MP ရှိတဲ့ အရှေ့ကင်မရာတို့ကို တပ်ဆင်ထားပြီး အရည်အသွေး ပြည့်ဝတဲ့ ဓာတ်ပုံတွေနဲ့ ဗီဒီယိုတွေကို ရိုက်ကူးနိုင်မှာပါ။

* Verdict *

Meizu U20 ဟာ အဆင့်မြင့်စမတ်ဖုန်းတစ်လုံးရဲ့ specifications တွေ ပါရှိပြီး ဒီဇိုင်းပုံစံလှပတဲ့ စမတ်ဖုန်းတစ်လုံးပါ။ ဈေးနှုန်းကလည်း သင့်တင့်မျှတပြီး အရည်အသွေးကောင်းမွန်မှုလည်းရှိတာကြောင့် သုံးစွဲရတဲ့အခါမှာ ပေးရတဲ့ဈေးနဲ့ ထိုက်တန်မှုရှိမှာ သေချာပါတယ်။



 Price » 219,000 Ks ( 32GB )
Contact Phone » 01-398436 ( UNiQUE )
----------------------

Specification
----------------
» Network : GSM/HSPA/LTE (Dual-SIM)
» Weight : 158 g
» Display : 5.5", IPS LCD capacitive touchscreen
» Dimensions : 153 x 75.4 x 7.7 mm
» Memory : 32GB, 3GB RAM
» Camera : 13MP, Front : 5MP, dual-LED (dual tone) flash, phase detection autofocus, Geo-tagging,
touch focus, face detection, HDR, panorama
» Connectivity : GPS, WLAN, Bluetooth 4.0, microUSB v2.0
» OS : Android OS
» Chipset : Mediatek MT6755 Helio P10
GPU : Mali-T860MP2
» Sensor : Fingerprint, accelerometer, gyro, proximity, compass





NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal







<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 








www.pyaephyo.com

0 comments:

Post a Comment