♪ “Galaxy S7 နဲ့ S7 Edge အတွက် Android 7.0 ရပြီ” ♫

Image may contain: phone

Samsung Galaxy S7 နဲ့ S7 Edge ပိုင်ရှင်များအတွက် Android 7.0 Nougat ကို မြည်းစမ်းနိုင်တော့မှာဖြစ်ပါတယ်။ Samsung က Google ရဲ့ နောက်ဆုံး ထုတ် မိုဘိုင်းမောင်းနှင် စနစ်ကိုအဲဒီစမတ်ဖုန်း ၂ လုံးအတွက် ဇန်န၀ါရီလ ၁၇ က စပြီး ဖြန့်ချိပေးနေပြီိလို့ ကြေညာလိုက်ပါတယ်။

Samsung က Update ရရှိတဲ့ နိုင်ငံများကိုတော့ ပြောကြားခြင်းမရှိသေးပါဘူး။ Samsung က ယခုနှစ် ဒုတိယနှစ်ဝက် မတိုင်ခင်မှာAndroid Nougat ကို နိုင်ငံများစွာနဲ့ Device များစွာအတွက် တိုးချဲ့ဖြန့်ချိပေးမှာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ Nougat ကို Galaxy S6, Galaxy S6 Edge , S6 Edge Plus, Galaxy Note 5, Galaxy Tab A with S Pen, Galaxy Tab S2 (LTE unlock), Galaxy A3, Galaxy A8 စမတ်ဖုန်းများမှာရရှိနေပြီ ဖြစ်ပါတယ်။

Android Nougat Update မှာ စွမ်းဆောင်ချက် အသစ်များပါလာတဲ့အတွက် Galaxy Users များအနေဖြင့် စမတ်ဖုန်းကနေအလုပ်များစွာ ပြုလုပ်နိုင်တော့မှာ ဖြစ်တယ်လို့ Samsung က ပြောပါတယ်။


Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal





<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 





www.pyaephyo.com

0 comments:

Post a Comment