♪ ဖေ့စ်ဘုတ် က မက်ဆေ့ခ်ျတွေထဲ ကြော်ငြာထည့်သွင်းစမ်းသပ်မှု ကို စတင် ပြုလုပ် ♫


အချိန်အတော်ကြာ စမ်းသပ်နေခဲ့တဲ့ လုပ်ဆောင်ချက်တစ်ခု အနေနဲ့ မက်ဆင်ဂျာထဲမှာ ကြော်ငြာ ထည့်သွင်းမှုကို ဖေ့စ်ဘုတ် က စတင်စမ်းသပ်လိုက်ပြီ ဖြစ်တယ် လို့ သိရပါတယ်။ အဲဒီ Ads တွေ ဟာ အမေရိကန် ၊ ဥရောပတွေ သာ မကပဲ အာရှအပါအ၀င် ဖေ့စ်ဘုတ် ရဲ့ မက်ဆင်ဂျာ ကို သုံးစွဲကြသူတိုင်း ရဲ့ အကောင့် နဲ့ မက်ဆေ့ခ်ျတွေထဲမှာ ကြားဖြတ်ပါရှိလာမှာဖြစ်လို့ တကမ္ဘာလုံးမှာ ရှိတဲ့ ဖေ့စ်ဘုတ်နဲ့ မက်ဆင်ဂျာ သုံးစွဲသူတွေ ရဲ့ ကန့်ကွက်ခံရမှု ကို တွေ့ကြုံရဖွယ် ရှိနေတယ် လို့ စမ်းသပ်ပြီး သိတ်မကြာခင်မှာပဲ လေ့လာသူတွေ က ဆိုပါတယ်။

အော်ပရောတာတွေကနေ လှမ်းပို့တဲ့ ကြော်ငြာမက်ဆေ့ခ်ျတွေ ကို ဆက်သွယ်ရေး နည်းဥပဒေတွေ တရားဝင် နဲ့ ကောင်းမွန်ခိုင်မာ စွာ မပြဌာန်းထားနိုင်တဲ့ နိုင်ငံတွေမှာ အခု လို အပြုအမူ မျိုးကို အောက်သက်သက် နဲ့ လက်ခံရမှာ ဖြစ်ပေမယ့် အမေရိကန်နိုင်ငံမှာတော့ စားသုံးသူ အခွင့်အရေး ကာကွယ်မှု ဥပဒေ နဲ့ ထိပ်တိုက်တိုးလာရဖို့ ရှိတယ် လို့ ဝေဖန်သူတွေ က သတိပေးပါတယ်။

ဖေ့စ်ဘုတ်က စမ်းသပ်နေတဲ့ ဗွီဒီယိုဖိုင်တွေနဲ့ ပုံရိပ်တွေအရ အဲဒီ ကြော်ငြာတွေ ဟာ news Feed တွေအကြားမှာ သတင်းပုံသဏ္ဍာန် နဲ့ ဖော်ပြပေးမှာ ဖြစ်ပါတယ်။ သုံးစွဲသူက ကလစ်နှိပ်လိုက်တာ နဲ့ ဖေ့စ်ဘုတ် နဲ့ တဆင့် ချိတ်ဆက်ထားတဲ့ လုံခြုံရေးစိတ်ချတဲ့ နက်ဝက်တစ်ခု ကနေ အဲဒီ ကြော်ငြာထုန်ကုန် ပေ့ခ်ျတစ်ခု ထဲကို ရောက်ရှိသွားပါမယ်။ သို့မဟုတ် ဖေ့စ်ဘုတ်ထဲမှာပင် အဲဒီ ကြော်ငြာကို page Frame တစ်ခုအတွင်းမှာ ပြသပေးမယ် လို့ လုပ်ဆောင်ချက် ၂ ခု ကို ယာယီ စမ်းသပ်နေဆဲ ပဲ ဖြစ်ပါတယ်။

ဖေ့စ်ဘုတ် ရဲ့ မက်ဆေ့ခ်ျ ပို့တဲ့ user ဟာ တစ်လကို ၁ ဘီလီယံ အထက် ရှိပြီး အဲဒီလူတွေထဲမှာ လုပ်ငန်းကိစ္စတွေ နဲ့ စီးပွားရေးပိုင်းဆိုင်ရာ မက်ဆေ့ခ်ျတွေလည်း အများအပြား ပါဝင်လျက်ရှိတယ် လို့ သိရပါတယ်။ ဖေ့စ်ဘုတ် ဟာ အခုချိန်မှာ ထိုင်းနိုင်ငံ နဲ့ သြစတြေးလျနိုင်ငံတွေမှာ အဖွဲ့ငယ်လေးတွေ ဖွဲ့ပြီး Ads လုပ်ဆောင်ချက်ကို ဆက်လက်စမ်းသပ်သွားမယ် လို့ သိရပါတယ်


Credit to ==> DigitalTimes.com.mm



<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 






www.pyaephyo.com

0 comments:

Post a Comment