♪ Dell က ဒစ်ဂျစ်တယ် ဘောပင်ပါတဲ့ Chromebook ကို မိတ်ဆက် ♫


Dell က Chromebooks အသစ် ၃ လုံးကို မိတ်ဆက်လိုက်ပါတယ်။ ဒစ်ဂျစ်တယ် ဘောပင်ပါပြီး စိတ်ဝင်စားစရာ အကောင်းဆုံးက လက်တော့၊ တက်ဘလက် ၂ မျိုးသုံးလို့ရတဲ့ မော်ဒယ်ဖြစ်ပါတယ်။ သူ့ရဲ့ အမည်ကတော့ Chromebook 11 Convertible ဖြစ်ပြီး မျက်နှာပြင်ကို ၃၆၀ ဒီဂရီ ခေါက်ချိုး၍ တက်ဘလက်လို သုံးနိုင်ပါတယ်။ Dell Productivity Active Pen လို့ အမည်ရတဲ့ ဒစ်ဂျစ်တယ် ဘောပင်နဲ့လည်း တွဲဖက် သုံးနိုင်ပါတယ်။ ကီးဘုတ်မှာ ကင်မရာ တပ်ဆင်ထားပြီး Tablet Mode နဲ့ သုံးတဲ့အခါမှာ ဓါတ်ပုံ၊ ဗီဒီယို ရိုက်ကူးနိုင်ပါတယ်။

Chromebook 11 Convertible ဟာ ကျောင်းသားများအတွက် ဒီဇိုင်းထုတ်ထားတာပါ။ ဒါပေမယ့် သူ့ရဲ့ စွမ်းရည်နိမ့်တဲ့ Intel Celeron Processor ထည့်သွင်းထာားပါတယ်။ ကီးဘုတ်နဲ့ Trackpad များကို ရေမ၀င်အောင် ပုံစံထုတ်ထားပါတယ်။ တုန်ခါမှုကိုလည်း ကာကွယ်နိုင်ပါတယ်။

Windows 10 နဲ့ Processor အသစ် ထည့်သွင်းထားတဲ့ မော်ဒယ်ကိုလည်း ထုတ်လုပ်ပေးထားပါတယ်။ သူ့ကိုတော့ Lattitude 11 Convertible လို့ အမည်ပေးထားပြီး မော်ဒယ် ၂ ခုစလုံးကို ဖေဖော်ဝါရီလ ၇ ရက်နေ့မှာ ရောင်းချမှာပါ။ Chrome OS Model ကို ၃၄၉ ဒေါ်လာ၊ Windows 10 Model ကို ၅၇၉ ဒေါ်လာ သတ်မှတ်ထားပါတယ်။


Credit to ==> DigitalTimes.com.mm



<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 






www.pyaephyo.com

0 comments:

Post a Comment