♪ “Huawei P9 Lite” Price - 279,000/- ♫



Huawei ရဲ့ P စီးရီးတွေထဲက အသစ်ဖြစ်တဲ့ P9 lite ဟာလည်း P9 ရဲ့ အသွင်သဏ္ဌာန်ကိုဆက်ခံထားပြီး P8 Lite ထက် သာလွန်ကောင်းမွန်တဲ့ ဖွဲ့စည်းတည်ဆောက် ပုံများနဲ့ဈေးကွက်ထဲမှာ ရောင်းချနေပါတယ်။ Huawei P9 Lite မျက်နှာပြင်မှာ P9 လိုပင် ၅.၂ လက်မရှိပြီး FHD (1920x 1080) resolution ကို ထောက်ပံ့ပေးထားတာကြောင့် ကြည်လင်ပြတ်သားတဲ့ ရုပ်ထွက် များကို မျက်နှာပြင်ပေါ်မှာ အကောင်းမွန်ဆုံးဖော်ပြနိုင်ပါတယ်။

မျက်နှာပြင်ပေါ်မှာ အရောင်တောက်ပစွာဖော်ပြနိုင်မှု ၈၅% အထိ ရှိလာပြီး P8 lite ထက် ၁၉.၇% ပိုများလာပါတယ်။ P9 lite ရဲ့ ဘေးဘောင်ကို အလူမီနီယံဖြင့်ပြုလုပ်ထားပြီး လုံးဝန်းပြီး လက်ရာ ပြောင်မြောက်လှတဲ့ ဒေါင့်ကွေးပုံစံကြောင့် စမတ်ကျကာ အနောက်ဖုန်းကာဗာမှာ ပရီမီယံဖုန်း တစ်လုံးကဲ့သို့ ဆွဲဆောင်မှု ကောင်းလှတဲ့အပြင် လက်ထဲမှာ ဆုပ်ကိုင်ထား တဲ့အခါ အလွန်သက်သောင့်သက်သာရှိပါတယ်။ အသံထွက် အထူး ကောင်းမွန်တဲ့ Hi6402 DAC chipset အသစ်အသုံးပြုထားတဲ့အပြင် 24bit HiFi အသံဖိုင်များကိုပါ အထောက်အပံ့ပေးထားပါတယ်။ Smart PA 2.0 ကြောင့်လည်း speaker စွမ်းဆောင်ရည်ကို တိုးမြှင့်ပေးနိုင်တာကြောင့် ကျယ်လောင်တဲ့အသံများကို ကြည်လင်ပြတ်သားစွာ နားဆင်နိုင်မှာပါ။ Dual microphone ပါဝင်တာကြောင့်လည်း ဆူညံသံများကို ပိုမိုလျှော့ချပေးနိုင် ပါတယ်။

Android 6.0 နဲ့ Huawei ကိုယ်ပိုင် UI အသစ် EMUI 4.1 တို့ကို ပေါင်းစပ် အသုံးပြုထားတာကြောင့် နောက်ဆုံးပေါ် လုပ်ဆောင်ချက်များကို ရိုးရှင်း လွယ်ကူစွာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Huawei P9 Lite ကို Huawei ကိုယ်ပိုင် chipset ကုမ္ပဏီဖြစ်တဲ့ Kirin မှ 16nm FinFET+ နည်းပညာအသစ်နဲ့ တည် ဆောက်ထားတဲ့ Kirin 650 ကို အသုံးပြုထားပါတယ်။ 64bit processor နဲ့ အတူ CPU မြန်နှုန်း Octa-core 2.0GHz (Quad-core 2.0GHz + Quad-core 1.7GHz) ရှိပြီး GPU ကို ဂိမ်းနဲ့ 3D application များကို ကောင်းမွန်စွာ ထောက်ပံ့ပေးနိုင်တဲ့ Mali-T830MP2 ကို တပ်ဆင်ပေးထားပါတယ်။ i3 co-processor ထက် စွမ်းဆောင်ရည် ၄ဆ ပိုမိုမြင့်မားပြီး စွမ်းအင်သုံးစွဲမှု ၁၃ဆ လျော့နည်းတဲ့ အာရုံခံကိရိယာများ သီးသန့်ဖွဲ့စည်းထားတဲ့ i5 co-processor ကို CPU အတွင်းမှာပင် ထည့်သွင်းအသုံးပြုပေး ထားပါတယ်။ ဖုန်းရဲ့ လုပ်ဆောင်ချက်တွေကို အထောက်အပံ့ပေးရန်နဲ့ အချက်အလက်တွေကို သိုလှောင်ရန်အတွက် LP DDR3 933MHz RAM 3GB နှင့် eMMC ROM 16GB ပမာဏရှိတဲ့ memory နဲ့ တွဲဖက်ပေးထားပါတယ်။

Huawei P9 lite မှာ P9 ကဲ့သို့ Leica မှန်ဘီလူးနှစ်လုံးမပါသော်လည်း SONY IMX214 sensor နဲ့ HiSilicon ရဲ့ ISP တို့ ပေါင်းစပ်အသုံးပြုထားတဲ့ 13MP ကင်မရာဖြင့် ရုပ်ထွက်အလွန်ကောင်းမွန်ပြီး ကြည်လင်ပြတ်သားတဲ့ ဓာတ်ပုံ များကို ရိုက်ကူးနိုင် စွမ်းရှိပါတယ်။ P9 ကဲ့သို့ပင် DSLR ကင်မရာ တစ်လုံးရဲ့ လုပ်ဆောင်ချက်များပါဝင်တဲ့ Professional mode နှင့်အတူ အခြား အလွန် အသုံးဝင်လှတဲ့ ဓာတ်ပုံရိုက်ချက်မုဒ်တွေဖြစ်တဲ့ Beauty, Pro Video, Beauty Video, HDR, Night shot, Good food, Time-lapse, Slow-mo, All-focus, Watermark, Audio note, Document scan အစရှိတဲ့ လုပ်ဆောင်ချက် တွေအပြင် ပရီမီယံဖုန်းတစ်လုံးဖြစ်တဲ့ P8 မှာပါဝင်တဲ့ အလင်းပန်းချီရိုက်ကူး နိုင်တဲ့ Light painting မုဒ်လည်း ပါဝင်လာပါတယ်။ အကောင်းဆုံး selfie ရိုက်ချက်တွေနဲ့ 1080P ဗီဒီယိုရိုက်ကူးခြင်းများကို မှတ်တမ်းတင်နိုင်ရန် အတွက်လည်း အရည်အသွေးမြင့် 8MP အရှေ့ကင်မရာကို ထည့်သွင်း ပေးထား ပါတယ်။

P9 lite မှာပါဝင်တဲ့ fingerprint sensor က ဖုန်းရဲ့ sensor ပေါ်ကို လက်လေးတင်လိုက်ရုံနဲ့ ၀.၅ စက္ကန့်အတွင်း လော့ဖွင့်ပေးပါတယ်။ အခြားအမှတ်တံဆိပ်ဖုန်းအမျိုးမျိုးတို့မှာ ထည့်သွင်းအသုံးပြုထားတဲ့ fingerprint sensor မှာ ဖုန်းကို လော့ဖွင့်ရန်အတွက်သာဖြစ်ပြီး အခြား လုပ်ဆောင်ချက်တွေကို လုပ်ဆောင်လို့ မရနိုင်ပါ။ Huawei P9 lite မှာ ပါဝင်တဲ့ fingerprint sensor မှာ လော့ဖွင့်ရုံ သာမကဘဲ ကင်မရာနဲ့ပတ်သက်တဲ့ အခြားလုပ်ဆောင်ချက်တွေကိုပါ သုံးစွဲနိုင်ပါလိမ့်မယ်။

 
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal




<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 





www.pyaephyo.com

0 comments:

Post a Comment