Robin စမတ်ဖုန်းထုတ်လုပ်တဲ့ Nextbit ကို Razer ဝယ်ယူ

 
ဂိမ်းလက်တော့ပ်နဲ့ ဆက်စပ်ပစ္စည်းတွေကို ထုတ်လုပ်တဲ့ Razer ကုမ္ပဏီက စမတ်ဖုန်းကုမ္ပဏီ Nextbit ကို ဝယ်ယူလိုက်ပါတယ်။ ကုမ္ပဏီအနေနဲ့ Nextbit Systems Inc ရဲ့ ရှယ်ယာအများစုကို ဝယ်ယူလိုက်တယ်လို့ ကြေညာခဲ့ပေမယ့် ပေးချေခဲ့ရတဲ့ငွေပမာဏကိုတော့ မထုတ်ပြန်ခဲ့ပါဘူး။

ဒီအပြောင်းအလဲကြောင့် Nextbit ကုမ္ပဏီရဲ့ ပထမဆုံးဖုန်းဖြစ်တဲ့ Robin နဲ့ ဆက်စပ်ပစ္စည်း ရောင်းချတာတွေကို ရပ်ဆိုင်းသွားမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ hardware warranty တွေကိုတော့ နောက်ခြောက်လအထိ ပေးသွားပြီး security update တွေကိုတော့ ၂၀၁၈ ဖေဖော်ဝါရီ မတိုင်မီအထိ ဖြန့်ချိပေးသွားမယ်လို့ ဆိုပါတယ်။

Google ရဲ့ Android အဖွဲ့က ဝန်ထမ်းဟောင်းတွေနဲ့ HTC ဒီဇိုင်းအကြီးအကဲဟောင်းတို့ တည်ထောင်ထားတဲ့ Nextbit က ထူးခြားဆန်းသစ်တဲ့ ဒီဇိုင်းနဲ့အတွေ့အကြုံများအပေါ် အာရုံစိုက်လုပ်ဆောင်ဖို့အတွက် အမှီအခိုကင်းတဲ့ဌာနတစ်ခုအနေနဲ့ ဆက်လက် လည်ပတ်လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

Razer ဟာ audio နည်းပညာကုမ္ပဏီဖြစ်တဲ့ THX ကို ပြီးခဲ့တဲ့နှစ်က ဝယ်ယူခဲ့ပါတယ်။ Razer ရဲ့ TechCrunch ထံ ပြောကြားချက်မှာတော့ ကုမ္ပဏီက Nextbit အမှတ်တံဆိပ်နဲ့ မိုဘိုင်းဖုန်းတွေ ဆက်လက်ထုတ်လုပ်ဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။ အဲ့ဒီ မိုဘိုင်းဖုန်းတွေ ရောင်းချမယ့်အချိန်ကိုတော့ မသိရသေးပါဘူး။

Ref: TheVerge/9to5Google

သီဟထိုက်
www.thihahtike.net

0 comments:

Post a Comment