♪ စာရိုက်စရာ မလိုဘဲ Evernote မှာ မှတ်စုများ မှတ်သားနည်း ♫


နာမည်ကျော် မှတ်စု မှတ်သားတဲ့ Evernote App မှာ စာသားများ အပြင် အသံမှတ်စုများ၊ ဗီဒီယို မှတ်စုများကိုလည်း မှတ်သားနိုင်ပါတယ်။ အင်တာနက်မှ သတင်း၊ ဆောင်းပါးများ၊ နည်းလမ်းများ အပါအ၀င် အရာအားလုံးကို မှတ်သားနိုင်ပါတယ်။ သူ့မှာ မှတ်စုများကို လျှင်မြန်လွယ်ကူစွာ မှတ်သားနိုင်တဲ့ နည်းလမ်းများကိုလည်း ဖန်တီးပေးထားပါတယ်။ အခုဖော်ပြမှာကတော့ စာရိုက်စရာ မလိုဘဲ မှတ်စုများ မှတ်သားနိုင်တဲ့ နည်းလမ်းများ ဖြစ်ပါတယ်။

သင့် အသံကို အသုံးပြုပါ။
သင့်ဖုန်းမှ Evernote App ကို ဖွင့်ပါ။ Formatting Bar ကနေ မိုက်ကရိုဖုန်း အိုင်ကွန်ကို နှိပ်ပါ။ အသံမှတ်စုများ မှတ်သားပြီးရင် Save ကို နှိပ်ပါ။ ဒါဆိုရင် အသံဖိုင်ကို သိမ်းပေးမှာပါ။ နောက်တစ်နည်းကတော့ Speech-to-Text ကို သုံးတာပါ။ သင် ပြောလိုက်တာတွေကို စာသားအဖြစ် သိမ်းပေးတဲ့ စွမ်းဆောင်ချက် ဖြစ်ပါတယ်။

စာရွက်စာတမ်းများကို စကင်လုပ်ပါ။
Evernote မှာ Optical Character Recognition (OCR) ပါတဲ့အတွက် ပုံနှိပ်စာရွက်စာတမ်းများကို စကင်ဖတ်ပြီး စာသားအဖြစ် သိမ်းပေးနိုင်ပါတယ်။ ဒီစွမ်းဆောင်ချက်ကို အသုံးပြုဖို့ အကောင်းဆုံးနည်းကတော့ Evernote ရဲ့ Scannable App ဖြစ်ပါတယ်။ App ကို ဖွင့်ပြီး ဖုန်း ကင်မရာကနေ စာရွက်စာတမ်းကို စကင် လုပ်လိုက်တာနဲ့ စာသားအဖြစ် သိမ်းပေးမှာပါ။ Business Card များကိုလည်း ဒီနည်းနဲ့ သိမ်းနိုင်ပါတယ်။

Web Clipper ကို အသုံးပြုနည်း
ပီစီများရဲ့ ၀က်ဘရောက်စာကနေ မှတ်စုများ သိမ်းချင်ရင် Evernote Web Clipper ဆိုတဲ့ Browser Extension ကို သုံးပါ။ ၀က်စာမျက်နှာများမှ သတင်း၊ ဆောင်းပါးများကို သိမ်းချင်ရင် Extension Bar မှ Web Clipper Button ကို နှိပ်ပါ။

သင့်ရဲ့ Evernote Email Address ကို သုံးပါ။
Evernote မှာ မှတ်စုများ သိမ်းဖို့ သူ့ရဲ့ အီးမေးကိုလည်း သုံးနိုင်ပါတယ်။ သင့်ရဲ့ Account Info မှာ Evernote Email ကို တွေ့နိုင်ပါတယ်။ မှတ်သားချင်တဲ့ စာသားများ၊ ၀က်ဆိုက်မှ သတင်း၊ ဆောင်းပါးများကို အဲဒီ အီးမေးလိပ်စာသို့ ပို့လိုက်တာနဲ့ Evernote မှာ သိမ်းပေးမှာပါ။


Credit to ==> Digital Times



<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 





www.pyaephyo.com

0 comments:

Post a Comment