♪ အကောင်းဆုံး Offline Android Apps များ ♫


အခမဲ့ ၀ိုင်ဖိုင် မရလို့ပဲ ဖြစ်ဖြစ် ၊ မိုဘိုင်းဒေတာ သက်သာစေဖို့ပဲ ဖြစ်ဖြစ်၊ အင်တာနက်လိုင်း မမိတဲ့ နေရာရောက်နေလို့ပဲ ဖြစ်ဖြစ် Offline အသုံးပြုနိုင်တဲ့ Android Apps များစွာ ရှိပါတယ်။ အဲဒီအတွက် အကောင်းဆုံး Offline Android Apps များကို ဖော်ပြပေးလိုက်ပါတယ်။

Best Offline News App : FeedMe
FeedMe က RSS Reader ဖြစ်ပြီး Feedly , InoReader, Bazqux, The Older Reader , Feedbin စတဲ့ RSS Reader များမှ သတင်းများကို ပြသပေးနိုင်ပါတယ်။ အဲဒီ RSS Reader များထက် ကောင်းမွန်တဲ့ သူ့ရဲ့ အားသာချက်က Offline ပြသပေးခြင်းပါ။ ၀ိုင်ဖိုင် မိနေတဲ့ အချိန်မှာ သူက သတင်းအားလုံးကို ဒေါင်းလုပ်လုပ်ထားပြီး Offline ဖြစ်နေတဲ့ အချိန်မှာ သူက ပြသပေးတာ ဖြစ်ပါတယ်။

Best Offline Travel App : TripAdvisor Hotels Restaurants
TripAdvisor ရဲ့ Hotels Restaurants App မှာ နိုင်ငံပေါင်း ၃၀၀ ကျော်ရဲ့ မြေပုံများ၊ ဓါတ်ပုံများနဲ့ အဲဒီနိုင်ငံများကို ခရီးသွားခဲ့သူများရဲ့ ဝေဖန်သုံးသပ်ချက်များကို ဒေါင်းလုပ်လုပ်ထားနိုင်ပြီး Offline ကြည့်ရှုနိုင်ပါတယ်။

Best Offline Documents App: Google Drive
Google Drive ဟာ အကောင်းဆုံး Cloud Storage Service ဖြစ်ပြီး သင့်ရဲ့ ဖုန်းမှ ဖိုင်များကို အွန်လိုင်းမှာ သိမ်းထားနိုင်ပါတယ်။ ဒါ့အပြင် သူ့မှာ ဖိုင်များကို Offline ကြည့်ရှုနိုင်တဲ့ စွမ်းဆောင်ချက်လည်း ပါရှိပါတယ်။

Best Offline App For Saving Things For Later : Pocket
Pocket ဟာ Play Store ရဲ့ အကောင်းဆုံး Offline Reading Apps ဖြစ်ပါတယ်။ သတင်း၊ ဆောင်းပါးများ၊ ဗီဒီယိုများကို သိမ်းဆည်းထားပြီး နောက်ပိုင်းမှ Offline ကြည့်ရှုနိုင်ပါတယ်။

Best Offline Dictionary App : Offline Dictionaries
Offline Dictionaries ဟာ ဘာသာစကား ၅၀ ကျော်ကို ထောက်ပံ့ပေးပါတယ်။ သင် အလိုရှိတဲ့ ဘာသာစကားကို ဒေါင်းလုပ်လုပ်ထားနိုင်ပြီး Offline ကြည့်ရှုနိုင်ပါတယ်။

Best Offline Translation App : Google Translate
Google Translat ဟာ ဘာသာစကားပေါင်း ၉၀ ကျော် အကြားမှာ ဘာသာပြန်ပေးနိုင်ပါတယ်။ သူ့ရဲ့ အဓိက စွမ်းဆောင်ချက်က Offline အသုံးပြုနိုင်တာ ဖြစ်ပါတယ်။ သင် ဘာသာပြန်ချင်တဲ့ ဘာသာစကားကို ဒေါင်းလုပ်ထားရုံပါပဲ။

Best Offline Map App : Google Maps
Google Maps နောက်ထုတ် ဗားရှင်းမှာ Offline Areas Tab ပါလာပြီး သင်နှစ်သက်တဲ့ တည်နေရာများကို Offline ကြည့်နိုင်ပါတယ်။ တည်နေရာ လမ်းညွှန်မှု အပါအ၀င် မြို့တစ်ခုလုံးကိုတောင် ဒေါင်းလုပ်လုပ်ထားနိုင်ပါတယ်။


Credit to ==> Digital Times



<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 





www.pyaephyo.com

0 comments:

Post a Comment