♪ “Asus Zenfone Max” ♫

Image may contain: phone and screen

နာမည်ကျော် SHARP ကုမ္ပဏီ၏ LCD နည်းပညာဖြင့် ASUS Zenfone Max သည် ကျွန်ုပ်တို့၏ အမြင်အာရုံကို 267 PPI Pixel Density နီးပါး ညှို့ယူ ဆွဲဆောင်စေပါတယ်။ ထို့အပြင် ASUS Zenfone Max တွင် ASUS ၏ ကိုယ်ပိုင်ဖန်တီးမှု တစ်ခုဖြစ်သော TruVival နည်းပညာကို ထည့်သွင်း တည်ဆောက်ထားသောကြောင့် မူလပုံစံအလွှာလေးလွှာအစားပါးလွှာလှသည့် အလွှာနှစ်လွှာပုံစံ ကိုပြောင်းလဲကာ အမြင်အာရုံတောက်ပမှုကို ဖြစ်ပေါ် စေပါတယ်။

ဖန်သား Cover နှင့် Touch Panel ပုံစံတို့ကြောင့် လေခိုနေမှုကို ပယ်ဖျောက်စေပြီးလျှင် ASUS Zenfone Max အပေါ် ထိတွေ့မှုအားလုံးသည် သုံးစွဲသူတို့ကို ကောင်းမွန်သောခံစားမှုအတွေ့အကြုံများ ရရှိစေနိုင်ပါလိမ့် မယ်။ Gorilla Glass 4 ဖန်သားနည်းပညာတို့ဖြင့် တည်ဆောက်ထားသော ကြောင့် ASUS Zenfone Max သည် ယခင်ဖန်သားနည်းပညာသုံး ဖန်သား များထက် ပိုမိုပါးလျပြီး မာကျောသော မျက်နှာပြင်ကိုပိုင်ဆိုင်ထားပါတယ်။

Zenfone Max တွင် Qualcomm ၏ Quad Core Snapdragon 410 Processor ကို ထည့်သွင်းအသုံးပြုထားပါသည်။ အမြင့်မားဆုံး စွမ်းဆောင်ရည်နှင့် မြင့်မားသည့်စွမ်းအင်ချွေတာနိုင်စွမ်းတို့ကြောင့် သုံးစွဲသူတို့၏ ကင်မရာအသုံးပြုရာတွင် ပုံရိပ်များကို လျင်မြန်စွာဖြင့်ရိုက်ကူး မှတ်တမ်းတင်နိုင်ခြင်းအပြင် HD Video မှတ်တမ်းများရိုက်ကူးခြင်း နှင့် တည်းဖြတ်ရာတွင်လည်း ဘက်ထရီစွမ်းအားအသုံးပြုမှုကို သက်သာစေနိုင် သောကြောင့် ကြာရှည်စွာဖြင့် အသုံးပြုနိုင်ပါ တယ်။ 


Category 4 LTE နည်းပညာကြောင့် အင်တာနက်အသုံးပြုရာတွင် တစ်စက္ကန့်ကို 150MB ဖြင့် လျင်မြန်သော အင်တာနက်လိုင်းဆွဲအားကို ရရှိစေနိုင်ပါတယ်။ Zenfone Max တွင် 450 MHz Adreno 306 GPU နည်းပညာ၊ OpenGL ES 3.1 နည်းပညာ၊ 2GB RAM နှင့် 802.11 b/g/n တို့၏ နည်းပညာတို့ကို ထည့်သွင်းအသုံးပြု ထားပါတယ်။ ဆင်းကတ်နှစ်ကတ်လည်း တစ်ပြိုင်တည်း သုံးနိုင်ပါတယ်။

<Specification>

Network - GSM/ WCDMA/LTE
Memory - 8/16GB
CPU - Quad Core 1.2GHz
Camera - 13MP
Screen - 5.5 inches
OS - Android OS, v5.0.1
Contact - 01-381129

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal
 

<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 






www.pyaephyo.com

0 comments:

Post a Comment