Photo Credit : www.mdk.com.mm |
လက်ရှိအချိန်အထိ ဘာကောလဟာလ သတင်းမှ ထွက်မလာပဲ ငြိမ်ချက်သားကောင်းနေတဲ့ iPhone ဟာ ၂၀၁၇ နှစ်စမှာပဲ ကောလဟာလ သတင်းတစ်ပုဒ်နဲ့ စတင်ခဲ့ပါတယ်။ iPhone အသုံးပြုသူ အားလုံးက iPhone 7 နဲ့ 7 Plus ထွက်ပြီးတဲ့နောက်ပိုင်းမှာ
ထူးထူးခြားခြားပဲ ဒီနှစ်ဟာ Apple ရဲ့ iPhone ထုတ်လုပ်မှု ၁၀ နှစ်မြောက်နှစ်လည်းဖြစ်ပါတယ
ဒီနှစ်မှာ ထုတ်လုပ်မဲ့ iPhone အသစ်မှာ မျက်နှာကို အသိမှတ်ပြုနိုင်တဲ့ Sensor နဲ့ Gesture တွေကိုမှတ်သားနိုင်တဲ့ Feature တွေပါဝင်လာမှာဖြစ်ပါတယ်။ ဒီတော့ ပုံမှန် လက်ဗွေရာ စနစ်နဲ့ Lock Screen ကို ဖွင့်ရခြင်းထက် မျက်နှာကို အတွင်းဘက် ကင်မရာနဲ့ Scan ဖတ်ပြီး Lock Screen ဖွင့်ရမဲ့ စနစ်အသစ်ပါဝင်လာမှာဖြစ်ပါတယ
ဒါပေမဲ့လည်း ဒီနှစ်မှာ ထွက်ရှိလာမဲ့ iPhone ဟာ အမျိုးအစားသုံးမျိုးနဲ့ ထွက်ရှိလာမယ်လို့လည်း လူပြောများနေပါတယ်။ သာမန်ထုတ်နေကျ iPhone 7s နဲ့ 7s Plus အပြင် iPhone X ဆိုပြီး သုံးမျိုးထွက်လာလိမ့်မယ်ထင
Apple ဟာ ပုံမှန်အတိုင်း ထုတ်နေတဲ့ iPhone 7s နဲ့ 7s Plus ကိုတော့ Feature အသစ်အချို့သာ ထည့်သွင်းမှာဖြစ်ပေမဲ့ အသစ်ထုတ်လုပ်မဲ့ iPhone X ကိုတော့ OLED Screen အမျိုးအစားနဲ့ ထုတ်လုပ်မှာဖြစ်ပါတယ်။ iPhone X ဟာ လုံးဝန်းတဲ့ ဒီဇိုင်း ပုံသဏ္ဍန်နဲ့ ထွက်ရှိလာမယ်လို့လည်း ထင်ကြေးပေးခန့်မှန်းခြင်း ခံထားရပါတယ်။ ကျွန်တော်တို့ အသုံးပြုသူတွေကတော့ စက်တင်ဘာလကျမှပဲ Apple လုပ်ပြမဲ့ မျက်လှည့်ကို ကြည့်ရှုခံစားရင်း ရင်ခုန်ကျရုံသာရှိပါတော့တ
အခြားအကြောင်းအရာများဖတ်ရှုရ
Ref: Business Insider
Aung Ko Htet (M.D.K)
#aungkohtet_mdk
0 comments:
Post a Comment