♪ Samsung ရဲ့ အလန်းစားကင်မရာ ၊ ရေစိမ်ခံ A Series ဖုန်းတွေ စေျးကွက်မှာ ၀ယ်ယူနိုင်ပြီ ♫


လာမည့် မြန်မာနှစ်သစ်ကူး ပွဲတော်မှာ ဘယ်လိုဖုန်း သုံးရပါ့မလဲ။ သင်္ကြန်အတွင်း ပုံရိပ်တွေ လည်း လိုချင်၊ ကိုယ့်ဖုန်းလေးလည်း ရေစိုသွားမှာ စိုးရိမ်ပြီး အခက်တွေ့နေသူတွေအဖို့ အကောင်းဆုံး ဖြေရှင်းနိုင်မယ့် နည်းလမ်းတစ်ခုတော့ ရောက်ရှိလို့လာခဲ့ပါပြီ။

အဲဒီနည်းလမ်း က ဆမ်ဆောင်း Galaxy A Series လို့ ပဲ ပြောရမယ် ထင်ပါတယ်။ ဒီဇိုင်းက သပ်ရပ်ပြီးလှပတယ်။ မြင်မားတဲ့ စွမ်းဆောင်ရည်တွေ ပါရှိတယ်။ အသုံးပြရလွယ်ကူစေဖို့ ပြန်လည် ဆန်းသစ်ဖန်တီးထားတဲ့ လုပ်ဆောင်ချက်တွေ ပါရှိတယ်။

နောက်ဆုံးပေါ် Galaxy A  မျိုးဆက်သစ်စမတ်ဖုန်းတွေ ဖြစ်တဲ့ ၅.၇ လက်မအရွယ်အစားရှိ A7 စမတ်ဖုန်း နှင့် ၅.၂ လက်မအရွယ်အစားရှိ A5 စမတ်ဖုန်းသစ်များကို မြန်မာနိုင်ငံမှာ စတင်ဝယ်ယူရရှိနိုင်ပြီဖြစ်တယ် လို့ Samsung Myanmar က သတင်းထုတ်ပြန်ကြေငြာလိုက်ပါတယ်။

ကင်မရာ
Galaxy A မှာ Samsung ရဲ့ အစဉ်အဆက်အသုံးပြုလာတဲ့ အဆင့်မြင့် ဒီဇိုင်းကိုပဲ အခြေခံထားပါတယ်။ အရည်အသွေးမြင့် သတ္တုဘောင် နှင့် 3D ဖန်သားပြင်အား ထည့်သွင်းအသုံးပြုထားတယ်။  သုံးရလွယ်ကူတဲ့ ကင်မရာ က တိကျသေချာတဲ့ Autofocus နဲ့ အတူ ပိုမိုကြည်လင်ပြတ်သားတည်ငြိမ်ပြီး၊ အလင်းရောင်အားနည်းတဲ့ အခြေအနေတွေမှာတောင် စိုလွင်တောက်ပကာ ကြည်လင်ပြတ်သားစေတဲ့ ဓာတ်ပုံ နှင့် Selfie များကို 16-megapixel အရည်အသွေးရှိ အရှေ့၊ အနောက်ကင်မရာတွေနဲ့ အတူ ဘ၀ရဲ့ အဖိုးတန် အမှတ်တရအချိန်တွေကို မှတ်တမ်းတင် ရိုက်ကူးထားနိုင်မှာပါ။

Galaxy A နဲ့ အတူ Selfie ဓာတ်ပုံတွေ ရိုက်ကူးခြင်းကို သက်သောင့်သက်သာ နဲ့ အလွယ်ကူဆုံးဖြစ်အောင် ဖန်တီးပေးထားပါတယ်။ ဖုန်းမျက်နှာပြင် ဘယ်နေရာကိုပဲ ထိထိ အရည်အသွေးမြင့် ကြည်လင်ပြတ်သားတဲ့  high-resolution selfie ဓာတ်ပုံများအား floating ကင်မရာခလုတ်နှင့်အတူ  လွယ်ကူစွာ ရိုက်ကူးနိုင်မည်ဖြစ်ပြီး ပိုမိုကြည်လင်တောက်ပသော ဓာတ်ပုံများရရှိနိုင်ရန်အတွက် ဖုန်းမျက်နှာပြင် display အား front flash အဖြစ်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Galaxy A မှာ ပါဝင်တဲ့ ကင်မရာ က အလွယ်တကူ ပွတ်ဆွဲလိုက်ရုံနဲ့ ဓာတ်ပုံ မှာ effect တွေ ထည့်သွင်းနိုင်မယ့်mode တွေကို  ချက်ခြင်း ပြောင်းလဲနိုင်ပါတယ်။ ဓာတ်ပုံတွေကို အဆင်ပြေပြေ လွယ်လွယ်ကူကူ ပြင်ဆင်ပြောင်းလဲနိုင်ပြီး အရောင်ချိန်ညှိပေးနိုင်တဲ့ Mode  စတဲ့ လုပ်ဆောင်ချက်တွေ က လည်း တပုံတပင် ပါရှိပါတယ်။

ရေစိမ်ခံ
Galaxy A ဟာ သုံးစွဲသူတွေအတွက် မိုး၊ ချွေး၊ သဲ နှင့် ဖုန်ဒဏ်တွေကို ခံနိုင်ရည်ရှိစေဖို့ နဲပ စမတ်ဖုန်းတွေကို လပ်ရှားသွားလာမှု တစ်ခု မှာ ဖြစ်စေ၊ ဖြစ်စဉ်တစ်ခု မှာ ဖြစ်စေ အကောင်းဆုံး ဒဏ်ခံ ၊ အကြမ်းခံ၊ ရေစိမ်ခံနိုင်စေတဲ့ နည်းပညာ ဖြစ်တဲ့ IP68 ကို ထည့်သွင်းထားပါတယ်။

Etra
Galaxy A မှာ ထပ်မံတိုးမြှင့်ထားတဲ့ ဖုန်းတွင်းမှတ်ဥာဏ်နဲ့ အတူတူ 256 GB အထိ ထပ်မံတိုးမြှင့်အသုံးပြုနိုင်စေဖို့ ပံ့ပိုးပေးထားတဲ့ microSD slot ကို ပံ့ပိုးပေးထားပါတယ်။ သုံးစွဲသူတွေရဲ့ နေ့စဉ်ဘဝ လှုပ်ရှားသွားလာမှုအား အထောက်အကူပြုစေရန် ဘက်ထရီသက်တမ်းကလည်း ပိုမိုကြာရှည်စေဖို့ တိုးမြှင့်ပေးထားပြီး အချိန်တိုအတွင်း လျင်မြန်စွာအားပြန်ပြည့်နိုင်တဲ့ Fast Charge အားသွင်းစနစ်ကိုလည်း ထည့်သွင်းပေးထားပါတယ်။ အခက်အခဲမရှိ အားသွင်းနိုင်တဲ့ နှစ်ဖက်စလုံးအသုံးပြုနိုင်တဲ့ USB Type-C port ဖြင့် ထည့်သွင်းပြုလုပ်ထားပြီး အချိန် နဲ့ ဖုန်းအား ကုန် သက်သာစေမယ့် Phone Lock ကို ဖွင့်ဖို့ မလိုအပ်ဘဲ အချိန် နှင့် ပြက္ခဒိန်တွေ နဲ့ တခြား လုပ်ဆောင်ချက် အတော်များများ ပါရှိတဲ့ Always On Display လည်း ပါဝင်ပါတယ်။

ကိုယ့် အချက်အလက်တွေ နဲ့ ဓာတ်ပုံတွေကို Samsung Cloud ကနေတစ်ဆင့် လွယ်ကူစွာ သိမ်းဆည်းထားနိုင်မှာ ဖြစ်ပါတယ်။ ကိုယ်ရေးအချက်အလက်၊ လုံခြုံစိတ်ချရမှု security အတွက်လည်း biometric authentication လက်ဗွေရာလုံခြုံရေးစနစ်ကိုလည်း ထည့်သွင်းပေးထားပြီး Secure Folder ထဲမှာ အချက်အလက်တွေကို အလုံခြုံဆုံး သိမ်းဆည်းထားနိုင်မှာ ဖြစ်ပါတယ်။

“ကျွန်တော်တို့ Samsung အနေနဲ့ မြန်မာနိုင်ငံက သုံးစွဲသူတွေ အဆင့်မြင့်ဆုံးဖြစ်တဲ့ ထုတ်ကုန်တွေကို ဈေးကွက်အတွင်းမှာ ရရှိသုံးစွဲနိုင်ဖို့အတွက် အစဉ်တစိုက် ကြိုးစားလျက်ရှိပါတယ်။” လို့ Samsung Myanmar ရဲ့ Head of IT and Mobile ကိုဇာနည်ဝင်းထက်က ပြောကြားခဲ့ပါတယ်။ “အခုနောက်ဆုံးထွက်ရှိလာတဲ့ Galaxy A Series မျိုးဆက်သစ်စမတ်ဖုန်းတွေက ကျွန်တော်တို့ကြိုးစားမှုတွေရဲ့ သက်သေအထောက်အထားတွေပဲဖြစ်ပါတယ်။ ဒီဖုန်းတွေမှာ ဒီဇိုင်းပိုင်းကိုသာမက လုပ်ဆောင်ချက်တွေကိုပါ ကျွန်တော်တို့အနေနဲ့ တမူထူးခြားဆန်းပြားမှုတွေနဲ့ အဆင့်မြှင့်တင်ဖန်တီးထားတာဖြစ်တဲ့အတွက် Galaxy ချစ်သူသုံးစွဲသူတွေအနေနဲ့လည်း ထပ်မံထည့်သွင်းထားတဲ့ စွမ်းဆောင်ရည်အသစ်တွေကို စတိုင်ကျကျနဲ့ လိုက်ဖက်ညီစွာ အလွယ်တကူ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။” လို့ ကိုဇာနည်ဝင်းထက်မှ ဖြည့်စွက်ပြောကြားခဲ့ပါတယ်။
အနက်ရောင်(Black Sky)၊ ရွှေရောင် (Gold Sand)၊ အပြာရောင် (Blue Mist) နဲ့ ပန်းရောင် (Peach Cloud) အစရှိသဖြင့် အရောင်လေးမျိုးရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။
Gifts
ပေးအပ်ထားတဲ့ အခွင့်အရေးတွေက Galaxy A Series စမတ်ဖုန်းတွေကို တယ်လီနော ဆင်းမ်ကဒ်ဖြင့် တွဲဖက်အသုံးပြုသူတွေအနေနဲ့ လစဉ် ၃၀၀၀ ကျပ် ဖုန်းငွေဖြည့်သွင်းခြင်းဖြင့် 1GB အခမဲ့ဒေတာ ကို ခြောက်လဆက်တိုက် ရရှိခံစားခွင့်ရှိမှာ ဖြစ်ပါတယ်။ တခြားလက်ဆောင်တွေအနေနဲ့ 64GB micro SD card နဲ့ Type C adapter တွေကိုပါ ရရှိနိုင်မှာ ဖြစ်ပါတယ်။
Prices
Samsung Galaxy A5 (2017) – 525,000 Ks
Samsung Galaxy A7 (2017) – 625,000 Ks
A5 Specs

Specification
  • IP68 water and dust resistance
  • Processor – Octa-Core 1.9GHz
  • Display – Super AMOLED 5.7″/ 5.2” (1920 x 1080 (FHD))
  • Camera – CMOS 16.0 MP
  • RAM – 3 GB
  • ROM Size – 32 GB (Up to 256GB)
  • Connectivity – USB Interface, USB Type-C
  • Battery – 3600 Capacity (mAh)

Credit to ==> Digital Times


<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 





www.pyaephyo.com

0 comments:

Post a Comment