♪ " iPhone 8 တွင် Apple သည် Google နှင့် Microsoft အား အမှီလိုက်လာနိုင် " ♫

Image may contain: 1 person, smiling, text

စမတ်ဖုန်းလောကတွင် Apple ၏ iPhone သည် စံတစ်ခုအဖြစ် ထိပ်တန်း၌ရှိနေသော်လည်း Apple သည် ဧရိယာများစွာ ပြိုင်ဘက်များထက် နောက်ကျကျန်ရစ်ခဲ့သည်များရှိခဲ့သည်။ ဥပမာ Facial recognition အရ Microsoft တွင် Windows Hello နှင့် Google တွင် Face Unlock တို့ ရှိနေသော်လည်း Apple မှာမူ ထိုကဲ့သို့ သတ်သတ်မှတ်မှတ် မရှိသေးပေ။

သို့ရာတွင် ယခုအခါ Apple သည် 2013 က ဒေါ်လာသန်း ၃၅၀ ဖြင့် ၀ယ်ယူခဲ့သော 3D sensor နည်းပညာကုမ္ပဏီ Prime Sense ၏ နည်းပညာကို စတင်သုံးစွဲလိမ့်မည်ဟု သတင်းများထွက်ပေါ်ခဲ့သည်။ ထို့ကြောင့် iPhone အသစ်တွင် Facial recognition unlock စနစ် ပါဝင်လာနိုင်သည်အပြင် gesture နှင့် emotion တို့ကို သိရှိနိုင်သည့် စနစ်လည်း ပါဝင်နိုင်ကာ Apple မှ လုပ်ဆောင်လျက်ရှိသည့် augmented reality (AR) တွင်လည်း သုံးစွဲလာနိုင်မည်ဖြစ်သည်။

Apple သည် iPhone များတွင် ကင်မရာနည်းပညာကို အဓိကရင်းနှီးမြှုပ်နှံလျက်ရှိပြီး AR နှင့် 3D ဓာတ်ပုံဆီသို့ ဦးတည်နေကြောင်း ခန့်မှန်းကြသည်။ နောက်ထပ်အပြောင်းအလဲအနေဖြင့် 5.8” Plus version တွင် OLED display ကို တွေ့မြင်ကြရရန်လည်း မျှော်လင့်ထားကြသည်။ Apple သည် Synaptics optical fingerprint reader ကိုလည်း သုံးစွဲလာနိုင်ကြောင်း သိရပြီး display အပေါ်ရှိ လက်ဗွေအား ဖတ်ရှုနိုင်မည်ဖြစ်သည်။ Display နှင့် ကင်မရာအပြင် Apple သည် Wireless charging ကိုလည်း စတင်ထည့်သွင်းလာနိုင်ကြောင်း ဆိုထားသည်။ 


NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal



<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 





www.pyaephyo.com


0 comments:

Post a Comment