♪ " Huawei GR5 2017 " ♫

Image may contain: phone

Huawei GR5 2017 ဟာ အရင်ထုတ်လုပ်ခဲ့တဲ့ GR5 ကို အဆင့်မြှင့်တင်ထားတဲ့ အဆင့်မြင့် စမတ်ဖုန်းတစ်လုံးဖြစ်ပါတယ်။ Huawei က ဈေးနှုန်းသက်သာတဲ့ဖုန်းတွေမှာတောင် နောက်ဆုံးပေါ် features တွေကို ထည့်သွင်းပေးတတ်ပြီး သုံးစွဲသူတွေ အဆင်ပြေအောင် လုပ်ဆောင်ပေးလေ့ ရှိပါတယ်။ အခုတစ်ခါမှာ Huawei GR5 2017 မှာလည်း အဆင့်မြင့် features တွေကိုလည်း ထည့်ပေးထားပါတယ်။ GR5 ထက် လုပ်ဆောင်ချက် ပိုမိုမြန်ဆန်မှုရှိတဲ့ chipset ၊ ပိုမိုကြီးမားတဲ့ RAM စွမ်းအား၊ မြင့်မားတဲ့ storage memory, ပိုမိုကောင်းမွန်တဲ့ ကင်မရာစနစ်နဲ့ ပိုမိုစွမ်းအားပြည့်ဝတဲ့ ဘက်ထရီတို့ကို အသုံးပြုထားတာ တွေ့ရပါတယ်။ ၎င်းကို GSM, HSPA နဲ့ LTE networks တွေမှာ သုံးစွဲနိုင်ပြီး Nano SIM card 2 card ကို တစ်ပြိုင်နက်တည်း ထည့်သုံးနိုင်ပါတယ်။ ထောက်ပံ့ပေးထားတဲ့ 3340mAh battery က ဖုန်းအလွန်အကျွံ သုံးစွဲသူတွေအတွက်တောင် အဆင်ပြေနိုင်ပြီး ပုံမှန်သုံးစွဲသူတွေအတွက်တော့ ၂ ရက်လောက်ထိ အသုံးပြုနိုင်ပါတယ်။ ဒါ့အပြင် Quick Charge စနစ်လည်းပါဝင်တာကြောင့် ဖုန်းအားသွင်းရာမှာလည်း အလွန်မြန်ဆန်မှုရှိပါတယ်။

* Design & Build *

GR5 2017 ရဲ့ ဒီဇိုင်းပုံစံက နောက်ကျောဘက်မှာ အနည်းငယ်လေးခုံးနေပြီး ဘေးထောင့်တွေက အ၀ိုင်းပုံစံလေးရှိပါတယ်။ ဖုန်းအရွယ်အစားက 150.9×76.2×8.2mm ရှိပြီး 162g အလေးချိန်ရှိပါတယ်။ ဒါကြောင့် သေသပ်လှပတဲ့ ကိုယ်ထည်လေးက ကျစ်ကျစ်လျစ်လျစ်လေးနဲ့ ကိုင်တွယ်သုံးစွဲလို့ကောင်းတဲ့ အရွယ်အစားနဲ့ အလေးချိန်ပါပဲ။ အရှေ့ဘက်ကကြည့်လိုက်ရင် iPhone တစ်လုံးနဲ့ တူပြီး နောက်ကျောဘက်ရဲ့အောက်ခြေနဲ့ ထိပ်ဘက်ကို ပလပ်စတစ် panels တွေနဲ့ ပြုလုပ်ပေးထားကာ ကျန်တဲ့အပိုင်းတွေ အားလုံးအတွက်ကတော့ သတ္တုကို သုံးစွဲပေးထားပါတယ်။ နောက်ကျောဘက်ရဲ့ အပေါ်ဘက်မှာ အနောက်ကင်မရာ ၂ လုံးကို ဒေါင်လိုက်အနေအထားနဲ့ တွေ့မြင်နိုင်ပြီး ၎င်းရဲ့အောက်မှာတော့ fingerprint scanner ကို ထားပေးထားပါတယ်။ ၎င်း scanner ရဲ့ ၃၆၀ ဒီဂရီ ဘယ်နေရာကိုထိထိ လျင်မြန်တဲ့ တုံ့ပြန်မှုတွေကို ပေးစွမ်းနိုင်ပါတယ်။ အရှေ့ဘက်မျက်နှာပြင်မှာ ရှင်းလင်းတောက်ပြောင်နေပြီး အောက်ခြေမှာ logo လေးတစ်ခုကိုသာ တွေ့ရမှာပါ။ ဒီလိုရိုးရှင်းလှပသေသပ်တဲ့ ဒီဇိုင်းပုံစံလေးနဲ့ လိုက်ဖက်ညီတဲ့ ရွှေရောင်၊ ငွေရောင်နဲ့ မီးခိုးရောင်ဆိုတဲ့ အရောင် ၃ မျိုးကို စိတ်ကြိုက်ရွေးချယ် ၀ယ်ယူနိုင်အောင် ထုတ်လုပ်ပေးထားတာကို တွေ့ရပါတယ်။

* Display *

မျက်နှာပြင်အကျယ်က 5.5 inchရှိပြီး IPS LCD Capacitive touchscreen display အမျိုးအစားနဲ့ပြုလုပ်ထားပါတယ်။ ၎င်းမျက်နှာပြင်က 1080×1920 pixels ရှိတဲ့ မြင်ကွင်းစွမ်းအားတွေကိုပြသပေးနိုင်ပြီး ၁ လက်မမှာရရှိမယ့် သိပ်သည်းဆပမာဏကတော့ ~403ppi pixels ဖြစ်ပါတယ်။ မျက်နှာပြင် ပေါ်မှာ မျက်စိထိခိုက်မှုကို အနည်းဆုံးအထိလျှော့ချနိုင်တဲ့ blue filter ပါရှိပြီး multitouch စနစ်ကိုလည်း ထောက်ပံ့ပေးထားပါတယ်။

* Operating System and Camera *

Android OS,v6.0 (Marshmallow) ကို run ပေးထားပေမယ့် Emotion UI 4.1 ဆိုတဲ့ user interface ကိုအသုံးပြုထားပါတယ်။ အနောက် dual camera စနစ်က 13MP+2MP ရှိတာကြောင့် ပိုမိုမြန်ဆန်တဲ့ focus တွေကို ရရှိနိုင်ပြီး အရည်အသွေးလည်း ပိုမိုမြင့်မားပါတယ်။ အရှေ့ကင်မရာကတော့ 8MP ပါရှိပြီး လှပတဲ့ selfie ဓာတ်ပုံကောင်းတွေကိုပေးစွမ်းနိုင်တဲ့ Beauty Mode လည်းပါရှိပါသေးတယ်။

* Performance *

ဖုန်းတစ်လုံးရဲ့ စွမ်းဆောင်ရည်တွေကို အဓိကထောက်ပံ့ပေးနေတဲ့ processor အတွက် အရည်အသွေးကောင်းမွန်တဲ့ Huawei ရဲ့ ကိုယ်ပိုင် HiSilicon Kirin 655 octa-core processor ကိုသုံးပေးထားပြီး Mali T830-MP2 GPU ကလည်း ပံ့ပိုးပေးထားပါတယ်။ ၎င်းမှာ RAM 3GB ပါရှိပြီး တိကျမြန်ဆန်တဲ့ စွမ်းဆောင်ရည်တွေကို ပေးစွမ်းနိုင်ပါတယ်။ ဂိမ်းကစားတဲ့အခါမှာလည်း အလွန်အဆင်ပြေချောမွေ့မှုရှိနိုင်ပြီး apps တွေအများကြီးကိုလည်း တစ်ပြိုင်နက်တည်းဖွင့်သုံးနိုင်ပါတယ်။ီ Data တွေကိုသိမ်းဆည်းဖို့အတွက် internal memory 32GB ပါရှိပြီး micro SD card ကို 128GB အထိ ထပ်မံစိုက်ထည့်သုံးနိုင်ပါတယ်။ အလယ်အလတ်တန်းစားဈေးနှုန်းနဲ့ အကောင်းဆုံးစွမ်းဆောင်ရည်တွေကို လက်တွေ့အသုံးပြုနိုင်ဖို့ ဈေးကွက်ထဲမှာ ၀ယ်ယူနိုင်ပါပြီ။

Specification
Display : 5.5 inch, FHD capacitive touchscreen
Memory : 32 GB ROM, 3 GB RAM, microSD, up to 128GB
Camera : Dual Camera : 12 MP + 2 MP, Front : 8 MP
OS : Android OS, v6.0 (Marshmallow)

Phone : 01-9000900 (Huawei Showroom)

Price - 309,000 Ks

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal




<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 





www.pyaephyo.com


0 comments:

Post a Comment