♪ JDI က ကွေးညွှတ် စမတ်ဖုန်း Display များကို ပြသ ♫


စမတ်ဖုန်းများအတွက် ကွေးညွှတ်ပျော့ပြောင်းတဲ့ မျက်နှာပြင်များကို ကုမ္ပဏီများက တီထွင်နေတယ်ဆိုတဲ့ သတင်းများဟာ လွန်ခဲ့တဲ့ နှစ်အနည်းငယ် ကတည်းက ထွက်ရှိနေခဲ့ပါတယ်။ ယခင်နှစ်ကလည်း Samsung က ကွေးညွှတ်မျက်နှာပြင်ပါတဲ့ စမတ်ဖုန်းများကို ဖန်တီးဖို့ Project Valley အမည်ရ စီမံကိန်းကို ပြုလုပ်နေပြီး ရှောင်မီကလည်း ဒီလို မျက်နှာပြင်များကို ဖန်တီးနေတယ်ဆိုတဲ့ သတင်းများ ထွက်ပေါ်ခဲ့ပါတယ်။

အခုတော့ Apple စမတ်ဖုန်းများအတွက် မျက်နှာပြင်များကို ထုတ်လုပ်ပေးနေတဲ့ Japan Display Inc. (JDI) က ဖန်အစား ပလတ်စတစ်ကို အသုံးပြုထားပြီး လွယ်ကူစွာ ကွေးညွှတ်နိုင်တဲ့ Full Active Flex LCD Screens များကို အောင်မြင်စွာ ထုတ်လုပ်နိုင်ပြီလို့ ကြေညာလိုက်ပါတယ်။ JDI က ဖန် အစား ပလတ်စတစ်ကို အသုံးပြုထားတဲ့အတွက် ဖုန်း ပြုတ်ကျရင်တောင် စကရင် ကွဲမှာ မဟုတ်ဘူးလို့ ပြောပါတယ်။ အဲဒီ ပလတ်စတစ် မျက်နှာပြင်များဟာ ခေါက်လိပ်လို့ မရပေမယ့် Samsung Galaxy Edge စမတ်ဖုန်း ဒီဇိုင်းများကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။

JDI က သူ့ရဲ့ LCD ပလတ်စတစ် မျက်နှာပြင်များဟာ ebooks များလို Refresh Rate မမြင့်မားတဲ့ Apps များအတွက် ဘက်ထရီ သက်သာစေတယ်လို့ ပြောပါတယ်။ JDI က ၂၀၁၈ ခုနှစ်မှာ ပလတ်စတစ် ကွေးညွှတ် မျက်နှာပြင်များကို စတင် ထုတ်လုပ်ရောင်းချမှာ ဖြစ်ပြီး လာမယ့် နှစ်အနည်းငယ်အတွင်းမှာ ကွေးညွှတ် စမတ်ဖုန်းများ ထုတ်လုပ်ဖို့ ဖုန်းထုတ်လုပ်သူများနဲ့ သဘောတူညီမှု ရပြီးပြီလို့ ပြောပါတယ်။



Credit to ==> Digital Times





<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 







www.pyaephyo.com

0 comments:

Post a Comment