ဆင်းမ်ကတ်မှတ်ပုံတင်ခြင်း (၁၀) ရက်ခန့်စောင့်ဆိုင်းပြီးမှ စစ်ဆေးနိုင်မည်ဟု သိရ

 
MPT သုံးစွဲသူများအနေဖြင့် *601# သို့ခေါ်ဆို၍ ဆင်းမ်ကတ်များ မှတ်ပုံတင်ထားခြင်းရှိ မရှိ စစ်ဆေးနိုင်ပြီး MPTရုံးများနှင့် MPT အမှတ်တံဆိပ်ဆိုင်များတွင် မှတ်ပုံတင်ထားပါက (၁၀) ရက်ခန့်စောင့်ဆိုင်းပြီးမှ စစ်ဆေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

ဆင်းမ်ကတ်မှတ်ပုံတင်ထားခြင်း မရှိသေးသူများကို MPT မှ SMS များ ပေးပို့ကာ အကြောင်းကြား နှိုးဆော် သွားမည်ဖြစ်ကြောင်း၊ စာတို လက်ခံရရှိခြင်းနှင့် USSD ကုတ် အသုံးပြုမှုများမှာ အခမဲ့ ဖြစ်ကြောင်းသိရသည်။ *601# သို့ခေါ်ဆိုမှုကို CDMA သုံးစွဲသူများမှအပ MPT သုံးစွဲသူများအားလုံး အသုံးပြုနိုင်မည် ဖြစ်သည်။

သုံးစွဲသူများ အနေဖြင့် USSD Menu နှင့် အသိပေးချက်များ၏ ဘာသာစကားကို ပြောင်းလဲလိုပါက *106# သို့ခေါ်ဆိုပြီး ဘာသာစကား အတွက် နံပါတ် (၉) ကို ရွေးချယ်ရန်၊ ထို့နောက် English ဘာသာစကားအတွက် နံပါတ် (၁) သို့မဟုတ် Myanmar ဘာသာစကားအတွက် နံပါတ် (၂) ကို ရွေးချယ်ပေးရန် အကြံပြုထားသည်။


Credit Internetjournal
သီဟထိုက်
www.thihahtike.net

0 comments:

Post a Comment