♪ “Facebook က Messenger မှာ ကြော်ငြာများ ထည့်သွင်း စမ်းသပ်နေ” ♫

Image may contain: 1 person, text

Facebook က Newsfeed မှာ ကြော်ငြာများစွာ ပြသနေရတဲ့ အတွက် နေရာ ကြပ်တည်းလာတဲ့ ပြဿနာကို ရင်ဆိုင်နေရပါတယ်။ အဲဒီ ပြဿနာကို ဖြေရှင်းဖို့ Messenger Platform မှာ ကြော်ငြာများ ထည့်သွင်း စမ်းသပ်နေ တယ်လို့ ကြေညာလိုက်ပါတယ်။

အဲဒီ ကြော်ငြာများဟာ Carousel စတိုင်ဖြစ်တဲ့အတွက် Users များက ဖရိမ်တစ်ခုထဲမှ Brands များရဲ့ ကြေငြာများကို ပွတ်ဆွဲ ကြည့်ရှုရမှာ ဖြစ်ပါ တယ်။ ကြော်ငြာများကို Users များရဲ့ Conversations များထဲမှာ ပြသမှာ မဟုတ်ဘဲ Messenger ရဲ့ Home Screen ရှိ Recent Messages နဲ့ Favorite Friend Column အောက်မှာ ပြသမှာ ဖြစ်ပါတယ်။ အဲဒီအတွက် သူငယ်ချင်း များနဲ့ ချက်ထားတဲ့ Conversations များမှာ ကြော်ငြာများကို မြင်ရမှာ မဟုတ်ပါဘူး။

Facebook က လက်ရှိမှာ ထိုင်းနဲ့ သြစတြေးလျရှိ Users အချို့မှာ အဲဒီ ကြော်ငြာများကို ထည့်သွင်း စမ်းသပ်နေပါတယ်။ Facebook က ယခင်က လည်း Brands များကို စာပို့ဆက်သွယ်တဲ့ Users များအား Brand များက ကြော်ငြာများ ပြသနိုင်တဲ့ ကြော်ငြာ ဖော်မက်တစ်ခုကိုလည်း ဖြန့်ချိခဲ့ပါ သေးတယ်။

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal






<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 







www.pyaephyo.com

0 comments:

Post a Comment