♪ 7800mAh battery နဲ့ (၉.၇) လက်မ Asus ZenPad 3S 10 LTE ထွက်ရှိ (Video) ♫


Asus က ၄င်းရဲ့ (၂၀၁၇) ထုတ်ကုန်အသစ်တစ်ခုအဖြစ် 4G LTE ထောက်ပံ့တဲ့ ZenPad 3S 10 tablet version အသစ်ကို ဈေးကွက်အတွင်းဖြန့်ချိပြီဖြစ်တယ်လို့ သိရပါတယ်။

ဒီ tablet ရဲ့ Model နံပါတ်ကတော့ Z500KL ဖြစ်ပြီး 1536 x 2048 resolution ထောက်ပံ့တဲ့ 9.7-inch display, Snapdragon 650 SoC chipset, RAM 4GB, internal memory 32 GB တို့နဲ့ ထွက်ရှိလာခဲ့တာဖြစ်ပါတယ်။

ကင်မရာတွေအဖြစ် ကျောဘက်မှာ 8MP camera နဲ့ selfie အတွက် 5MP camera ကိုသုံးထားပြီး နာရီပေါင်း (၁၅၀)ကျော် stand-by အသုံးခံတဲ့ 7800mAh battery ကို အသုံးပြုထားတာတွေ့ရပါတယ်။
Android 6.0 Marshmallow ကိုသုံးထားပြီး အလေးချိန်ကတော့ 490g လေးပါတယ်။ Slate Grey အရောင်နဲပ ထွက်ရှိလာတဲ့ ZenPad 3S 10 LTE ကို မလေးရှားနိုင်ငံမှာ စတင်ရောင်းချနေပြီဖြစ်ပြီး မလေးရှားရင်းဂစ် (၇၉၉)၊ ဒေါ်လာနဲ့ဆို (၄၀၅) ဒေါ်လာ ကျသင့်မှာဖြစ်တယ်လို့သိရပါတယ်။

မိတ်ဆက် video ကိုဖော်ပြပေးလိုက်ပါတယ်။







Credit to ==> Digital Times



<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 






www.pyaephyo.com

0 comments:

Post a Comment