♪ " Samsung က Galaxy C7 Pro ကို ကြေညာ " ♫

Image may contain: phone

Samsung က သူ့ရဲ့ဝက်ဘ်ဆိုက်ကနေ C7 Pro ကို မိတ်ဆက် လိုက်ပါတယ်။ Galaxy C7 Pro မှာ ၅.၇ လက်မ Full HD Super AMOLED Display တပ်ဆင်ထားပြီး Android 6.0.1 Marshmallow မောင်းနှင်မှာ ဖြစ်ပါတယ်။

Octa-Core Qualcomm Snap-dragon 625 Chipset ထည့် သွင်းထားပါတယ်။ 4GB RAM, 64GB Internal Storage ထည့်သွင်းထားပြီး Users အတွက် 50.9GB Storage ကျန်ရှိပါတယ်။ အနောက်ဘက်မှာ အလင်းဝင်ပေါက် f/1.9 ပါတဲ့ 16 Megapixel Camera တပ်ဆင်ထားပြီး Full HD Video များကို တစ်စက္ကန့်လျှင် ဖရိမ် ၃၀ နှုန်းဖြင့် ရိုက်ကူးနိုင်ပါတယ်။ SIM Slot ၂ ခုပါရှိပေမယ့် တစ်ခုကို microSD Card နဲ့ မျှဝေအသုံးပြုရမှာ ဖြစ်ပါတယ်။

Always-On Display နဲ့ Samsung Pay မိုဘိုင်း ငွေပေးချေမှုစနစ်များ ပါ,ပါတယ်။ တရုတ်မှာ ဇန်န၀ါရီလ ၁၆ ရက်နေ့တွင် ကြိုတင်မှာယူနိုင်ပြီဖြစ်ပါတယ်။ Samsung က Galaxy C7 Pro ကို အခြားနိုင်ငံများ မှာရောင်းချမယ့် သတင်းကို မကြေညာသေးပါဘူး။

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal




<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 





www.pyaephyo.com


0 comments:

Post a Comment