♪ Oppo R9 series စမတ်ဖုန်းတွေ အလုံးရေ သန်း(၂၀) ရောင်းချခဲ့ရ ♫


R9 series စမတ်ဖုန်းတွေရဲ့ ရောင်းအားဟာ အလုံးရေ သန်း(၂၀) ပြည့်မြောက်ခဲ့ပြီး အကျိုးအမြတ်များ ရရှိခဲ့ကြောင်း တရုတ်အခြေစိုက် စမတ်ဖုန်းထုတ်လုပ်ရောင်းချတဲ့ ကုမ္ပဏီ တစ်ခု ဖြစ်တဲ့ Oppo က ကြေညာလိုက်ပါတယ်။

Oppo ရဲ့ R9 series စမတ်ဖုန်းတွေထဲမှာ R9, R9 Plus, R9s နဲ့ R9s Plus တို့ ပါဝင်ပြီး R9 နဲ့ R9 Plus ကို ၂၀၁၆ ပထမ သုံးလပတ်မှာ ဖြန့်ချိ ခဲ့ ကာ R9s နဲ့ R9s Plus ကိုတော့ စတုတ္ထသုံးလပတ် မှာ ဖြန့်ချိခဲ့တာ ဖြစ်ပါတယ်။

Oppo ရဲ့ R9 series စမတ်ဖုန်းတွေဟာ ကင်မရာအသားပေးစမတ်ဖုန်းတွေဖြစ်ပြီး Oppo R9 နဲ့ R9 Plus မှာ f/2.0 aperture နဲ့ 16MP ရှိတဲ့ selfie ကင်မရာကိုသုံးထားပါတယ်။ R9s နဲ့ R9s Plus ကတော့ advanced version တွေဖြစ်တာနဲ့အညီ Sony IMX398 sensor ပါဝင်တဲ့ 16MP dual-pixel camera ကိုရှေ့ရော နောက်မှာပါ အသုံးပြုထားပါတယ်။


ပြီးခဲ့တဲ့ (၂၀၁၆) ဒီဇင်ဘာလအတွင်းမှာ Oppo က specs တွေ ဆင်တူတဲ့ အနီရောင် R9s ကိုတရားဝင် ဖြန့်ချိခဲ့ပြီး တရုတ်ပြည်မှာပဲ ရောင်းချခဲ့ပါတယ်။ ဒီ အနီရောင် Model ဟာ တရုတ်ပြည်တွင်းအတွက် သီးသန့် အလုံးရေ အကန့်အသတ်နဲ့ ထုတ်လုပ်တာလို့လည်းသိရပါတယ်။


Credit to ==> Digital Times



<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 






www.pyaephyo.com

0 comments:

Post a Comment