♪ Instagram အတွက် Tips & Tricks များ ♫


Instagram ဟာ ဓါတ်ပုံနဲ့ ဗီဒီယိုများ မျှဝေတဲ့ နာမည်ကြီး လူမှုကွန်ရက် ဖြစ်ပါတယ်။ ၂၀၁၀ ခုနှစ် အောက်တိုဘာလမှာ စတင် တည်ထောင်ခဲ့ပြီး လူကြိုက်များမှုကြောင့် ၂၀၁၂ ခုနှစ်မှာ Facebook က ၀ယ်ယူခဲ့ပါတယ်။ ကမ္ဘာအ၀န်း အသုံးပြုသူ သန်း ၄၀၀ ကျော်ရှိနေပြီဖြစ်တဲ့ အောင်မြင်တဲ့ လူမှုကွန်ရက်လည်း ဖြစ်ပါတယ်။ အဲဒီအတွက် Instagram ကို အကောင်းဆုံး အသုံးချနိုင်မယ့် နည်းလမ်းများကို ဖော်ပြပေးလိုက်ပါတယ်။

သင့်ရဲ့ ဓါတ်ပုံများကို လှပအောင် ဖန်တီးပါ။
Instagram မှာ သင့်ရဲ့ ဓါတ်ပုံများကို လှပစေတဲ့ Filters နဲ့ Editing Tools များ ပါရှိပါတယ်။ သင့်ရဲ့ ဓါတ်ပုံဟာ အရည်အသွေး မကောင်းရင်တောင် Filter များဖြင့် လှပအောင် ဖန်တီးနိုင်ပါတယ်။ Brightness , Contrast , Saturation များကိုလည်း ချိန်ညှိနိုင်ပါတယ်။ ဒါ့အပြင် သင့်ရဲ့ ဓါတ်ပုံများကို လှပဆန်းသစ်အောင် အသွင်ပြောင်းပေးနိုင်တဲ့ VSCOcam, Snapseed, Aviary နဲ့ Adobe Photoshop Express တို့လို Apps များလည်း ရှိပါတယ်။ Instagram က အရင်တုန်းကတော့ လေးထောင့်ဓါတ်ပုံ မျာကိုသာ တင်ခွင့်ပေးတဲ့အတွက် ဓါတ်ပုံများကို Crop လုပ်ကြရပါတယ်။ ၂၀၁၅ ခုနှစ် သြဂုတ်လမှာတော့ Landscape နဲ့ Portrait Photos များကိုပါ တင်ခွင့်ကို ခွင့်ပြုပေးခဲ့ပါတယ်။

သူငယ်ချင်းများကို Tag လုပ်နည်း
Tag ပြုလုပ်ချင်တဲ့ လူ သို့မဟုတ် အရာဝတ္ထုကို တစ်ချက်နှိပ်ပြီး သူတို့ရဲ့ Instagram Username ကို ရိုက်ထည့်ပါ။ သင်တင်ထားပြီးသား ဓါတ်ပုံမှာ Tag လုပ်ချင်ရင် ဓါတ်ပုံကို နှိပ်ပြီး Menu မှ Tag People ကို ရွေးပါ။

Mention ပြုလုပ်နည်း
Caption မှာ Mention လုပ်ဖို့အတွက် သူတို့ရဲ့ Username အရှေ့မှာ @ ကို ရိုက်ထည့်ရမှာပါ။ ဥပမာအားဖြင့် @thuya ဖြစ်ပါတယ်။

Like, Comment ပြုလုပ်နည်းနဲ့ ဓါတ်ပုံ ပေးပို့နည်း

Instagram မှာ ဓါတ်ပုံ၊ ဗီဒီယိုများကို Like ဖို့အတွက် ၂ ချက်နှိပ်ရပါတယ်။ သို့မဟုတ် ပုံရဲ့အောက်မှ အသည်းပုံ အိုင်ကွန်ကို နှိပ်ပါ။ အသည်းပုံ အိုင်ကွန်ရဲ့ ဘေးမှ Bubble Icon ကို နှိပ်ရင် ကွန်းမန့်ပေးနိုင်ပါတယ်။ Bubble Icon ရဲ့ ဘေးမှ မျှားပုံအိုင်ကွန်ကို နှိပ်ရင် ဓါတ်ပုံ၊ ဗီဒီယိုများကို သူငယ်ချင်းများထံ ပေးပို့နိုင်ပါတယ်။

သင့် ဓါတ်ပုံနဲ့ ဗီဒီယိုများကို Private ပြုလုပ်နည်း
သင့် ဓါတ်ပုံနဲ့ ဗီဒီယိုများကို အခြားလူများ မမြင်စေချင်ရင် သင့်ရဲ့ပရိုဖိုင်ထဲသွားပါ။ Settings > Private Account Settings ကို On ပေးပါ။

Instagram ကို Facebook , Twitter, Flickr အကောင့်များဖြင် ချိတ်ဆက်နည်း

Instagram ကို Facebook , Twitter, Flickr အကောင့်များဖြင် ချိတ်ဆက်ထားရင်တော့ သင့်ရဲ့ Instagram Photos နဲ့ Videos များကို အဲဒီလူမှုကွန်ရက်များမှာ အလိုအလျှောက် မျှဝေနိုင်မှာပါ။ ပရိုဖိုင်ထဲသွားပြီး Linked Accounts > Share Settings ထဲသွားပြီး ချိတ်ဆက်ချင်တဲ့ အကောင့်များကို ရွေးပေးပါ။

ဓါတ်ပုံများမှာ သင်ကို Tag လုပ်ထားခြင်းကို ဖယ်ရှားနည်း
သင့် သူငယ်ချင်းက သင့်ကို Tag လုပ်ထားတဲ့ ဓါတ်ပုံများကို သင့်ရဲ့ ပရိုဖိုင်မှ Photos of You ကဏ္ဍမှာ တွေ့နိုင်ပါတယ်။ သင့်အား Tag လုပ်ထားတာကို ဖယ်ရှားချင်ရင် ဓါတ်ပုံကို နှိပ်ပြီး Instagram Handle ကို နှိပ်ပါ။ Menu ပေါ်လာရင် Hide from My Profile or Remove Me from photo ကို ရွေးပါ။

Direct Message ပေးပို့နည်း
Instagram Homepage ရဲ့ ညာဘက်အပေါ်ထောင့်မှ Drawer နဲ့ တူတဲ့ အိုင်ကွန်ကို နှိပ်ပါ။ Message ကဏ္ဍထဲသွားပြီး ဓါတ်ပုံ၊ ဗီဒီယိုနဲ့ စာသားများကို ပေးပို့နိုင်ပါတယ်။

နာမည်ကြီး Hashtags များကို အသုံးပြုနည်း
Hashtags များထည့်သွင်းခြင်းဟာ သင့်ရဲ့ ဓါတ်ပုံ၊ ဗီဒီယိုများကို လူ ပိုမို မြင်ရစေပါတယ်။ ဒါပေမယ့် မှန်ကန်တဲ့ Tags များကို ရွေးချယ်ရမှာပါ။ ဥပမာအားဖြင့် Volkswagen ကားတစ်စီးရဲ့ ဓါတ်ပုံကို တင်ရင် #vwbus , #volkswagen စတာတွေကို ရွေးသင့်ပါတယ်။

ဝက်ဘရောက်စာကနေ Instagram သုံးနည်း
Instagram.com ကနေ အသုံးပြုနိုင်ပေမယ့် Mobile App မှာလို စွမ်းဆောင်ချက်များ မများပါဘူး။ ၀က်ဆိုက်ကနေ ဓါတ်ပုံ ၊ ဗီဒီယိုများ ကြည့်နိုင်ပေမယ့် တင်လို့ မရပါဘူး။ ရှာဖွေမှု ပြုလုပ်ခြင်း၊ Follow ပြုလုပ်ခြင်း၊ သင့်ပရိုဖိုင်ကို Edit လုပ်ခြင်းများကို ပြုလုပ်နိုင်ပါတယ်။

GIFs များ မျှဝေနည်း
GifShare ဟာ လူမှုကွန်ရက်များမှာ GIFs များ မျှဝေနိုင်တဲ့ App ဖြစ်ပါတယ်။ GIFs များ ရှာဖွေနိုင်သလို သင့်ဖုန်းမှ GIFs များကိုလည်း Upload လုပ်နိုင်ပါတယ်။ GIF, MP4, MOV, MPG, M4V file formats များကို သူက ထောက်ပံ့ပါတယ်။

အကောင့်များစွာကို စီမံခန့်ခွဲနည်း
Instagram က ယခင်နှစ် ဖေဖော်ဝါရီလမှာ အကောင့်များစွာကို ထည့်သွင်း အသုံးပြုနိုင်အောင် ပြုလုပ်ပေးလိုက်ပါတယ်။ Profile Settings ထဲသွားပြီး ညာဘက်အပေါ်ထောင့်မှ Gear Icon ကို နှိပ်ပါ။ Add Acccount ကို နှိပ်၍ အကောင့်များ ထည့်သွင်းနိုင်ပါတယ်။

Collages , Time-Lapse , Looping Videos များ ဖန်တီးနည်း
ဓါတ်ပုံ တင်တဲ့အခါမှာ ပုံရဲ့ ညာဘက်အောက်ခြေမှာ အိုင်ကွန် ၂ ခုကို မြင်ရမှာပါ။ တစ်ခုက Infinite Loop ဖြစ်ပြီး အခြား တစ်ခုက Collage များ ဖန်တီးတာ ဖြစ်ပါတယ်။ ပထမတစ်ခုကို Boomerang App ၊ ဒုတိယ တစ်ခုကို Layout App လို့ အမည်ပေးထားပါတယ်။ သူတို့ကို ဒေါင်းလုပ်လုပ်ပြီး သုံးနိုင်ပါတယ်။ နောက်ထပ် App တစ်ခုမှာ Hyperlapse ( iOS only ) ဖြစ်ပြီး ၄၅ မိနစ်အထိ ကြာတဲ့ Time-Lapse Video များ ဖန်တီးနိုင်ပါတယ်။


Credit to ==> DigitalTimes.com.mm



<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 






www.pyaephyo.com

0 comments:

Post a Comment