♪ BlackBerry က သူ့ရဲ့ ပထမဆုံး တန်ဖိုးနည်း စမတ်ဖုန်း ထုတ်လုပ်မည် ♫


BlackBerry က လာမယ့် ဖေဖော်ဝါရီလမှာ ကျင်းပမယ့် Mobile World Congress (MWC) မှာ Mercury စမတ်ဖုန်းရဲ့ အသေးစိတ် သတင်းအချက်အလက်များကို ကြေညာမယ်လို့ အတည်ပြုထားပါတယ်။ အခုတော့ အဲဒီပွဲမှာပဲ နောက်ထပ် စိတ်ဝင်စားစရာ သတင်းတစ်ပုဒ်ကို ကြားသိရတော့မှာပါ။

မကြာခင်က ပေါက်ကြားထွက်ပေါ်ခဲ့တဲ့ သတင်းများအရ BlackBerry က လျှို့ဝှက်အမည် BBC100-1 ရ တန်ဖိုးနည်း စွမ်းဆောင်ရည်နိမ့် စမတ်ဖုန်း အသစ်တစ်လုံးကို မိတ်ဆက်မယ်လို့ သိရပါတယ်။ အဲဒီဖုန်းဟာ BlackBerry ရဲ့ ပထမဆုံး တန်ဖိုးနည်း စမတ်ဖုန်း ဖြစ်လာမှာပါ။

သူ့မှာ ၅.၅ လက်မ HD Display တပ်ဆင်ထားမှာ ဖြစ်ပါတယ်။ Qualcomm Snapdragon 425 Chipset မောင်းနှင်မှာပါ။ အဲဒီ Chip ဟာ Xiaomi Redmi 4A မှာ ပါတဲ့ Chip ဖြစ်ပါတယ်။ BlackBerry ရဲ့ စမတ်ဖုန်းမှာ 4GB RAM , 32GB Internal Storage ထည့်သွင်းထားမှာ ဖြစ်ပါတယ်။

3000mAh Battery , Dual-SIM Support , 13MP Rear Camera , 8MP Selfie Camera များ တပ်ဆင်ထားမှာ ဖြစ်ပါတယ်။ အဲဒီဖုန်းကို လာမယ့်လမှာ ၂၇ ရက်နေ့မှာ ကျင်းပမယ့် MWC မှာ မိတ်ဆက်မယ်လို့ ထင်ရပါတယ်။


Credit to ==> Digital Times





<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 







www.pyaephyo.com

0 comments:

Post a Comment