♪ iPhone 8 မှာ အဓိက ပြောင်းလဲမှု (၃) ခု မြင်တွေ့ရမည် ♫


အသစ်ထွက်ပေါ်လာခဲ့တဲ့ သတင်းတွေ အရ MWC2017 မှာ ပွဲထုတ်ဖို့ အရမ်းနီးစပ်နေတဲ့ iPhone မျိးဆက်သစ် မှာ ပြောင်းလဲမှု (၃) ခု ကို ကြီးကြီးမားမား ကြုံတွေ့ရလိမ့်မယ် လို့ နည်းပညာရှင်တွေ က ဟောကိန်းထုတ်လိုက်ပါတယ်။

Apple ကုမ္ပဏီဘက်ကလည်း အတည်မပြုသေးသလို တရားဝင်လည်း မဖော်ပြပေးပေမယ့် ဘလော့ဂါတွေနဲ့ နည်းပညာရှင်တွေ၊ အယ်ဒီတာတွေ အပါအ၀င် Apple ချစ်သူတွေက အဲဒီဗားရှင်း ကို iPhone 8 လို့ အမည်ပေးထားပြီး ကြီးကြီးမားမား ပြောင်းလဲမှုကြုံတွေ့ရမယ့် အကြောင်းကိုတော့ အခု လိုပဲ ပြောကြားခဲ့ကြပါတယ်။

(၁) Apple Own Research
၂၀၁၃ ခုနှစ်ကတည်းက Apple ဟာ ကိုယ်ပိုင် အားသွင်းတဲ့နည်းပညာ ၊ ကိုယ်ပိုင် ဘက်ထရီတည်ဆောက်မှုနည်းပညာ တွေ အပြင် Charging နည်းပညာ ပေါင်း ၁၃ ခု ကျော်ကို မှတ်ပုံတင် မူပိုင်ခွင့် ရရှိထားခဲ့ပြီး ဖြစ်ပါတယ်။ အဲဒီအပြင် မှာ Charging အားသွင်းတဲ့ ကုမ္ပဏီ တစ်ခုနဲ့လည်း စာချုပ် သဘောတူညီ ပြီး ၃ နှစ် အကြာ လက်တွဲခဲ့ပေမယ့် စမ်းသပ်မှုတွေ အရတော့ ထိရောက်မှု မရှိခဲ့ပါဘူး။ ဒါကြောင့် Apple ဟာ သူ့မှာ ရှိတဲ့ နည်းပညာတွေကိုသာ အသုံးချပြီး ဖြစ်ဖြစ် ၊ တခြား ကုမ္ပဏီတစ်ခုခု နဲ့ စာချုပ်ချုပ်ပြီး ဖြစ်ဖြစ် iPhone 8 မှာ ကြိုးမဲ့အားသွင်းနိုင်တဲ့ နည်းပညာ ပါဝင်လာဖို့ ရှိနေပါတယ်။ အဲဒီနည်းပညာဟာ ၁၅ ပေ အကွာအဝေးကနေ လှမ်းပြီး အားဖြည့်သွင်းနိုင်မယ့် နည်းပညာ မျိုး ကို ထည့်သွင်းသွားနိုင်ပါတယ်။

ဦးစားပေး အဆင့်သတ်မှတ်ချက် အရ တော့ အဆင့် (၂) ပါ။

(၂) Apple’s Recent Partnership
လက်ရှိမှာ လက်တွဲထားတဲ့ ပါတနာ ဟာ Lite-On Semiconductor ဖြစ်ပြီး ကြိုးမဲ့အားသွင်းမှု နည်းပညာ အတွက် လည်း ပါဝင်ပါတယ်။ ဒါပေမယ့် ကုမ္ပဏီ ဟာ Apple လိုချင်သလောက် အရည်အသွေးကို ထုတ်မပြနိုင်ပဲ ဖြစ်နေသေးတဲ့အတွက် All-in-One နည်းပညာတွေ ရှိတဲ့ Energous နဲ့ လက်တွဲသွားဖို့ ရှိနေပါတယ်။ ပြိုင်ဘက်တွေ က အားကောင်းလာတဲ့အချိန်မှာ ဘက်ထရီပိုင်း ပြသာနာ နဲ့ အတူတူ Client တွေ တောင်းဆိုတဲ့ အသစ်တွေကို ထုတ်ပေးဖို့ က Apple ရဲ့ အဓိက မူဝါဒ ဖြစ်ပါတယ်။ ဒါကြောင့် အရည်အသွေး လည်း ကောင်းပြီး နည်းပညာအသစ်တွေ လည်း ပါဝင်မယ့် အိုင်ဖုန်း မျိုးဆက်သစ် ကို မြင်လာရနိုင်ပါတယ်။

ဦးစားပေး အဆင့်သတ်မှတ်ချက် အရ တော့ အဆင့် (၁) ပါ။

(၃) The ‘All Glass’ iPhone 8
ဘလော့ဂါတိုင်း အပါအ၀င် နည်းပညာပစ္စည်းတွေကို စိတ်ဝင်စားကြတဲ့သူတိုင်း တောင့်တတဲ့ အချက်တစ်ချက် ကတော့ မိုဘိုင်းဖုန်း ၊ ဒါမှမဟုတ် တက်ဘလက်တွေကို တိုးလျှိုပေါက် မြင်တွေ့နိုင်မယ့် ဖော်ဆောင်မှုမျိုး ကို လိုလားကြမှာပါ။ All Glass ပေါ့။ ဘော်ဒီကိုယ်ထည် တစ်ခုလုံးကို မှန်သားပြင် တွေ နဲ့ ကာရံဖွဲ့စည်းထားသလိုမျိုးပေါ့။ အပြောကလွယ်ပါတယ်။ လုပ်ဖို့ ခက်တာတစ်ခု က ဒါ က မိုဘိုင်းဖုန်း ပါ။ P1 – P4 ဂိမ်းလက်ကိုင်တွေ မဟုတ်ပါဘူး။ ဂိမ်းလက်ကိုင်တွေ မှာ က ဆားကစ်က  ၁ ခု ၊ ၂ ခု ပဲ ပါရှိပြီး ရှုပ်ထွေးမှု နည်းပါတယ်။ မိုဘိုင်းဖုန်း မှာ က အဲဒီလို မဟုတ်ပါဘူး။
ဒါပေမယ့် မျှော်လင့်ကြတဲ့သူတွေကတော့ မှန်သားပြည့် နဲ့ ကိုယ်ထည် ပေါ့။ ဒါဟာ လွန်းလွန်တဲ့ ခန့်မှန်းချက်လို့ပဲ ဆိုရမှာ ဖြစ်ပါတယ်။ လက်ရှိ အိုင်ဖုန်းတွေ ဟာ အလူမီနီယမ် ကိုယ်ထည် နဲ့ အစားထိုးပြီးခဲ့တဲ့အချိန်မှာ မှန်သားအပြည့် နဲ့ လာဖို့ ဆိုတာ မဖြစ်နိုင်သေးပါဘူး။

ဖြစ်နိုင်တာက ကျောဘက် ကို မှန်သားပြင် နဲ့ လာနိုင်ပါတယ်။ မှန်သား ဟာ အလူမီနီယမ် ထက် ပိုပြီး အမှားအယွင်းများဖို့ လွယ်ကူလှပါတယ်။ နောက်တစ်ကြောင်း က အတွင်းကို မြင်နိုင်လောက်အောင် အထိ ထုတ်ဖော်ပြသဖို့ Apple က အဆင်သင့်ဖြစ်နေပြီလား ဆိုတာပါ။ တကယ်လို့ မှန်သားပြင် လာမယ် ဆိုရင် Apple ဟာ RF charging ကို သုံးစွဲသွားလိမ့်မယ် လို့ ဆိုပါတယ်။ RF charging ဟာ မှန်သားပြင် ဒါမှမဟုတ် အလူမီနီယမ် ကိုယ်ထည် ကို ဖြတ်သန်းပြီး အားသွင်းနိုင်တဲ့ နည်းပညာ မျိုး ဖြစ်ပါတယ်။

အဲဒီ အပြောင်းအလဲတွေဟာ Apple ရဲ့ အပြောင်းအလဲတွေ ဖြစ်လာပါလိမ့်မယ်။ ဈေးကွက်မှာ နာမည်ရနေတဲ့၊ ထင်ရှားနေတဲ့ ထုတ်ကုန်တွေရဲ့ တည်ဆောက်ပုံတွေ ကို လေ့လာပြီး အဲဒီထက် သာအောင် ဘယ်လို ဖန်တီးရမလဲ ဆိုတာ ကို Apple ဟာ တွေးတောလာခဲ့ပြီဖြစ်ပါတယ်။  ဒါဟာ Apple အတွက် အပြောင်းအလဲ လို့ ပဲ ခေါ်မလား ။ လိုက်လျောမှုတစ်ခု ပဲ လို့ ဆိုမလား။ သေချာတာကတော့ Apple ဟာ အရင်ကထက် ပိုပြီး ပြိုင်ဘက်တွေကို လေးစားသမှု ရှိလာပြီ ဆိုတဲ့ အပြောင်းအလဲ ပါပဲ။

ဦးစားပေးအဆင့် သတ်မှတ်ချက် အဆင့် (၁) ပါ။

iPhone 8 ရဲ့ ထူးခြားချက်တွေကို ဒီမှာ ဖတ်ရှုနိုင်ပါတယ်။



Credit to ==> Digital Times


<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 





www.pyaephyo.com

0 comments:

Post a Comment