♪ ငွေကြေး အကုန်ခံစရာမလိုဘဲ အောင်လက်မှတ်ရမယ့် နိုင်ငံတကာ သင်တန်းများ တက်ရောက်နိုင် ♫


ဗြိတိသျှကောင်စီ နဲ့ GREAT Britain Campaign တို့က ယူကေရဲ့ ထိပ်တန်း အွန်လိုင်းသင်ကြားရေးဝက်ဘ်ဆိုဒ် ဖြစ်တဲ့ FutureLearn တို့ ပူးပေါင်းပြီး အဲဒီ ၀က်ဘ်ဆိုဒ်မှာ ယူကေတက္ကသိုလ်များမှ ပို့ချတဲ့ အွန်လိုင်းသင်တန်းတွေကို တက်ရောက် အောင်မြင်မယ် ဆိုပါက အောင်လက်မှတ် (Certificate of Achievement) တွေကို အခမဲ့ ပေးအပ်သွားမှာ ဖြစ်တယ် လို့ သိရပါတယ် ။

တက်ရောက်သူတွေဟာ ၂၀၁၇ မတ်လ မကုန်ခင်အထိ အွန်လိုင်းသင်တန်းတွေကို တက်ရောက်ရမှာ ဖြစ်ပြီး အောင်လက်မှတ်ရရှိစေရန် သက်မှတ်ထားတဲ့ စံနှုန်းတွေကိုလည်း ကိုက်ညီရပါပါမယ်။ သင်တန်းတွေ ဟာ အမျိုးအစား စုံလင်လွန်းစာ ရှိပြီး အဲဒီ အွန်လိုင်းသင်တန်းတွေကို Middlesex University Business School၊ SOAS University of London စတဲ့ နာမည်ကြီးထင်ရှားတဲ့ တက္ကသိုလ်တွေက ပို့ချပေးမှာ ဖြစ်ပါတယ်။ တက်ရောက်နိုင်တဲ့ သင်တန်းတွေကို FutureLearn ဝက်ဗ်ဆိုဒ်မှာ လေ့လာနိုင်တယ် လို့ သိရပါတယ်။

အခမဲ့အောင်လက်မှတ်တွေကို ရရှိနိုင်ဖို့ တက်ရောက်သူတွေဟာ အောက်ပါအချက်တွေနဲ့ ကိုက်ညီရမယ် လို့ ဆိုပါတယ်။
  • ၂၀၁၇ မတ်လ ၃၁ ရက်မတိုင်မီ အွန်လိုင်းသင်တန်းတွေကို ကို အပြီးတက်ရောက်ရပါမယ်။
  • ယူကေ ရဲ့ အထက်တန်းပညာရေး အဖွဲ့အစည်းများ (higher education institutions) မှ သင်ကြားပေးသော သင်တန်းများသာ ဖြစ်ရမည်ဖြစ်ပြီး တက်ရောက်နိုင်တဲ့ သင်တန်းတွေကို FutureLearn Page မှာ လေ့လာနိုင်ပါတယ်။
  • သင်တန်းရဲ့ ၉၀ ရာခိုင်နှုန်းအား ပြီးမြောက်ရမည်ဖြစ်ပြီး စာမေးပွဲတွင် အမှတ် ၇၀ နှင့်အထက် ရရှိရပါမယ်။
  • အခမဲ့ အောင်လက်မှတ်အရေအတွက် အခု ၁၀,၀၀၀ အထိသာပေးအပ်သွားမယ် ဖြစ်ပါတယ်။
အဲဒီသင်တန်းတွေ ဟာ ပြီးမြောက်အောင်မြင်ပါက အွန်လိုင်းမှ အောင်လက်မှတ်ကို ချက်ခြင်းပရင့် ထုတ်ယူနိုင်ပြီး စာရွက်နဲ့ ထုတ်ပေးမယ့် printed version အောင်လက်မှတ်ကို စာတိုက်မှပို့ပေးသွား မှာဖြစ်တဲ့အပြင် ပို့ခကိုပါ ဗြိတိသျှကောင်စီမှကျခံမည်ဖြစ်တဲ့ လုံးဝနီးပါး အခမဲ့ ဖြစ်ပြီး အသေးစိတ် အချက်အလက်တွေ ကို ဗြိတိသျှကောင်စီ(ကမ်းနားလမ်း) ရုံးမှာ စုံစမ်းနိုင်တယ် လို့ သိရပါတယ်။



Credit to ==> Digital Times





<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 







www.pyaephyo.com

0 comments:

Post a Comment