♪ “HTC Debuts The New U Series Smartphones” ♫

Image may contain: phone and text

ထိုင်ဝမ်အခြေစိုက်စမတ်ဖုန်း ထုတ်လုပ်သူHTC ဟာမိုဘိုင်းလောကမှာ အတန်ငယ်ငြိမ်သက်နေရာကနေ အခုဆိုရင်မိုဘိုင်း လောကအတွက် Liquid Surface Designလို့သတ်မှတ်နိုင်တဲ့ စွမ်းရည်မြင့် စမတ်ဖုန်းအသစ်တစ်လုံး ကိုမိတ်ဆက်လိုက်ပါ တယ်။ ဒါဟာမိုဘိုင်းလောကအတွက် ပြောင်းလဲခြင်း တစ်ခု လို့သတ်မှတ်နိုင်ပါတယ်။ မိုဘိုင်းလောကဟာ2016မှာအတော်ကြီး ပြောင်းလဲလာခဲ့တာကို တရုတ်နိုင်ငံအခြေစိုက်စမတ်ဖုန်းထုတ်လုပ်သူတွေရဲ့ တဖြည်းဖြည်းအဆင့်မြှင့်တင်လာမှုကို ကြည့် လိုက် တာနဲ့သိနိုင်ပါတယ်။ HTCဟာစမတ်ဖုန်းလောကမှာ အသစ်အသစ်သောနည်းပညာတွေရဲ့ အစလို့ တောင်သတ်မှတ် နိုင်ပါတယ်။ လုပ်ဆောင်ချက်ပိုင်းနဲ့သုံးစွဲသူရွေးချယ်မှုပိုင်း မှာလည်း HTC ရဲ့အစောပိုင်း M series စမတ်ဖုန်းတွေဟာ ထိပ်ဆုံး မှာရှိခဲ့ပါ တယ်။ M8 ဆိုရင် dual-camera နဲ့ပထမဆုံးဖုန်းလို့တောင် သတ်မှတ်နိုင်ပြီး ultra-pixelsသုံးစွဲထားပါတယ်။ အနာဂတ်မိုဘိုင်းသုံးစွဲသူတွေရဲ့ စိတ်ကြိုက် ရွေးချယ်မှုပေါ်မူတည်ပြီး စမတ်ဖုန်းတွေကိုထုတ်လုပ်လာခဲ့တာ အခုဆိုရင် U series အထိရောက်ရှိလာခဲ့ပါပြီ။ U series စမတ်ဖုန်းတွေဟာ HTCရဲ့ အရင် ထွက်ခဲ့တဲ့ဖုန်းတွေနဲ့ ဒီဇိုင်းပိုင်းတင်သာမကဘဲ ပါဝင်တဲ့လုပ်ဆောင်ချက် တွေက ပြောင်းလဲသွားပါတယ်။ ဘာကြောင့်လဲဆိုရင် ထိပ်တန်းစမတ်ဖုန်း ကုမ္ပဏီတွေမှာ ထည့်သွင်းပေးထားတဲ့ ကိုယ်ရေးလက်ထောက် လုပ်ဆောင် ချက်ကိုပါ ထည့်သွင်းပေးထားပါတယ်။ HTC Sense ဟာ HTC ရဲ့ Android အခြေပြု Devices တွေမှာ အရင်ကတည်းက အသုံးပြုခဲ့ပြီး HTC က တီထွင်တဲ့ Software Suite ဖြစ်ပါတယ်။ Windows Mobile အတွက် HTC ၏ TouchFLO 3D Software ရဲ့ မျိုးဆက်သစ်အဖြစ် Sense ဟာ Android အသုံးပြုသူများရဲ့ အတွေ့အကြုံ ကိုများစွာပြောင်းလဲပေးပါတယ်။

အဲဒါတွေထဲမှာ ဆန်းသစ်ထားတဲ့ Home Screen နဲ့ ကီးဘုတ်လို စွမ်းဆောင်ချက် အသစ်များ၊ Widgets များ၊ ဒီဇိုင်းဆန်းသစ်ထားတဲ့ Apps များနဲ့ HTC က တီထွင်ထားတဲ့ Apps များပါဝင်ပါတယ်။ Sense ထည့်သွင်း ထားတဲ့ ပထမဆုံး Device ဖြစ်တဲ့ HTC Hero ကို ၂၀၀၉ မှာ ရောင်းချပေး ခဲ့ပါတယ်။ Hero နောက်ပိုင်းမှာတော့ HTC က ထုတ်တဲ့ Android Devices တိုင်းမှာ Sense ကို ထည့်သွင်းခဲ့ပါတယ်။ ဒါပေမယ့် Nexus One, T-Mobile G2, HTC First, Nexus 9 တို့မှာတော့ Sense ကိုထည့်သွင်းထားခြင်းမရှိဘဲ Stock Android ကို ထည့်သွင်းထားတာ ဖြစ်ပါတယ်။ အခုတော့ အဲဒီ sense ကိုကိုယ်ရေးလက်ထောက်တစ်ခုအနေနဲ့ သုံးစွဲနိုင်တော့မှာဖြစ်ပါတယ်။ ဘာကြောင့်လဲ ဆိုရင် သူတို့အသစ်ထွက်စမတ်ဖုန်း၂မျိုးဖြစ်တဲ့ U ultra နဲ့ U playတို့မှာ Sense Companion ဒစ်ဂျစ်တယ် ကိုယ်ရေးလက်ထောက်အသစ် ပါလာပါတယ်။ Sense Companion ဟာဖုန်းရဲ့ အဓိကစွမ်းဆောင်ချက်လည်း ဖြစ်ပါတယ်။ ဒါကြောင့် HTCရဲ့အသစ်ထွက် စမတ်ဖုန်း၂လုံးအကြောင်းနဲ့ ထိုင်ဝမ်အခြေစိုက်ကုမ္ပဏီရဲ့ အစဉ်အဆက်အောင်မြင်ခဲ့တဲ့ဖုန်းတွေ အကြောင်းကို အသေးစိတ်လေ့လာနိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ် . . . . . .

<HTC U Ultra>

U Ultra လို့ အမည်ပေးထားပြီး Sapphire Glass ဖြင့် ဖုံးအုပ်ထားတဲ့ Exclusive Edition ကိုတော့ ယခုနှစ်နှောင်းပိုင်းမှာမှ ရောင်းချမှာ ဖြစ်ပါတယ်။ HTC U Ultra ဟာ LG V20 ကို ပြန်လည်ပြင်ဆင်ဖွဲ့စည်းထားတာ ဖြစ်နိုင်ပါတယ်။ သူ့မှာ ၅.၇ လက်မ QHD Display တပ်ဆင်ထားပြီးထိပ်မှာအကန့်ခွဲထားတဲ့ မျက်နှာပြင်ငယ်ပါပါတယ်။ အဲဒီမျက်နှာပြင်ငယ်ကနေ ဒစ်ဂျစ်တယ် ကိုယ်ရေး လက်ထောက်ကိုအသုံးပြုရမှာ ဖြစ်ပါတယ်။ Qualcomm Snapdragon 821 Chipset မောင်းနှင်မှာ ဖြစ်ပါ တယ်။ 4GB RAM ထည့်သွင်းထားပြီး 64GB or 128GB Storage Model များရွေးချယ်နိုင်ပါတယ်။ microSD Card Slot လည်း တပ်ဆင်ထားပါတယ်။ ကင်မရာအပိုင်းမှာ HTC 10 နဲ့ ဆင်တူပါတယ်။ U Ultra ရဲ့ အနောက်ဘက်မှာ 12MP UltraPixel Camera တပ်ဆင်ထားပြီး OIS , PDAF နည်းပညာပါပါတယ်။ အရှေ့ဘက်မှာ 4MP Image များကိုရိုက်ကူး နိုင်တဲ့ 16MP Camera တပ်ဆင်ထားပါတယ်။ ဘက်ထရီကတော့ အားနည်းပြီး 3000mAh Battery သာတပ်ဆင်ထားပါတယ်။ မျက်နှာပြင်ကြီးမားပြီး အရည် အသွေးကောင်းတဲ့အတွက် ဒီထက်ပိုကောင်းတဲ့ဘက်ထရီတပ်ဆင်သင့်တယ် လို့ ကျွမ်း ကျင်သူများကသုံးသပ်ပါတယ်။ ဒါပေမယ့် အားသွင်းရာမှာလျင်မြန် တဲ့ USB Type C Port တပ်ဆင်ထားပါတယ်။ သတ္တုကိုယ်ထည် တပ်ဆင် ထားပြီး Liquid Surface Design ကို U Ultaမှာစတင် မိတ်ဆက်ထားတာက ထူးခြားပါတယ်။ HTC U Ultra ကိုမတ်လမတိုင်ခင်မှာတစ်ကမ္ဘာလုံးတွင် ရောင်းချပေးမှာ ဖြစ်ပြီးမတ်လလယ်တွင်ပို့ဆောင်ပေးမှာ ဖြစ်ပါတယ်။

<HTC U Play>

HTC U Play ဟာ ၅.၂ လက်မအရွယ် စမတ်ဖုန်းဖြစ်ပြီး Full HD Display တပ်ဆင်ထားပါတယ်။ HTC Sense Companion ဒစ်ဂျစ်တယ် ကိုယ်ရေး လက်ထောက်ပါပြီးအသံအမိန့်ဖြင့် ဖုန်းကို Unlock လုပ်နိုင်ပါတယ်။ သူကသင် နေ့စဉ်ဖုန်းသုံးလေး ရှိတဲ့အလေ့အထကိုမှတ်ထားပြီးဘက်ထရီသက်သာ အောင်လုပ်ပေးပါတယ်။ သင့်အတွက်အကြံများကိုလည်း ပေးနိုင်ပါတယ်။ U Play မှာMediaTekHelio P10 Chipset, 2500mAh Battery , 16MP Rear Camera, Android Marshmallow 6.0 ထည့်သွင်းထားပါတယ်။ 32GB Storage / 3GB RAM နဲ့ 64GB Storage / 4GB RAM ၂ မျိုး ရွေးချယ်နိုင်ပါ တယ်။ ကင်မရာ ပိုင်းဆိုင်ရာမှာ 16MP ကင်မရာကိုနောက်ကျောဘက်ရော၊ အရှေ့ဘက်မှာပါတပ်ဆင်ပေးထားပါတယ်။ လုပ်ဆောင်ချက်တွေ အနေနဲ့ ကတော့ f/2.0, 28mm, OIS, phase detection autofocus, dual-LED (dual tone) တို့ထောက်ပံ့ပေးထားမှာ ဖြစ်ပါတယ်။ အရှေ့ဘက်16MP ကင်မရာနဲ့ အသုံးပြုရိုက်ကူးမယ်ဆိုရင်တောင် HDR အသုံးပြုနိုင်ပါလိမ့်မယ်။ ဘက်ထရီရဲ့ ထောက်ပံ့မှုပိုင်းအတွက် fast battery အားသွင်းစနစ်ကိုသုံးနိုင်မှာဖြစ်ပါတယ်။

<HTC U Ultra Feature>

5.7 လက်မမျက်နှာပြင်ရဲ့အပေါ်ဘက်နားမှာတော့ ဒုတိယdisplay တစ်ခု ပါဝင်ပြီး 2inch ရှိမှာဖြစ်ပါတယ်။ lG V20 မှာမြင်ခဲ့ ဖူးတဲ့ပုံစံဖြစ်တာကြောင့် ထူးခြားမှုရှိတယ်လို့မဆိုနိုင်ပေမယ့် HTC ရဲ့စွမ်းဆောင်မှုတချိုကိုယ်တော့ ခံစားရမှာဖြစ်ပါတယ်။ သတိပေးချက်တွေ၊ အနှစ်သက်ဆုံးအဆက်အသွယ် တွေကို သတ်မှတ်ထားနိုင်တဲ့အပြင်၊ မိမိအလျင်အမြန်သုံးလိုတဲ့ appတွေ ကိုလည်း သတ်မှတ်ထားနိုင်ပါလိမ့်မယ်။ မျက်နှာပြင်ပိုင်းဆိုင်ရာအတွက်တော့ HTC ဟာရွေးချယ်စရာပေးထားပါတယ်။ အဲ့ဒါ ကတော့ 64GB ကိုဝယ်ယူ မယ်ဆိုရင် Corning Gorilla Glass 5 နဲ့ဖြစ်ပြီး 128GBကိုဝယ်ယူမယ်ဆိုရင် တော့ Sapphire crystal glass နဲ့ရရှိနိုင်မှာဖြစ်ပါတယ်။ ပုံရိပ်တွေဖော်ပြနိုင် စွမ်း အတွက်ကတော့ 5.7လက်မမှာ 1440 x 2560 pixels နဲ့ Super LCD5 capacitive touchscreen ကိုသုံးထားပြီး Secondary displayငယ်လေး2.05 inches မှာတော့ 160 x 1040 pixels သုံးထားပါတယ်။ Software ပိုင်းအနေ နဲ့ U Series မှာ HTC က အကောင်းဆုံးထည့်သွင်းပေးလိုက်တာကတော့ AI စနစ်ပါပဲ။ AI စနစ်အနေနဲ့သင်ပြုလုပ်စေချင်တဲ့ပုံစံတွေကို Suggestion ပေးနိုင်ပြီး သင့်ရဲ့အမူအကျင့်တွေကိုလည်း သင်ယူ နိုင်ပါတယ်။

ဥပမာဆိုရင်သင်က ပါဝါကုန်အောင်သုံးပြီးအားသွင်းဖို့မေ့သွားရင် ပြန်လည် အားသွင်းဖို့ အကြံဥာဏ်ပေးတာမျိုး ပါ။ နောက်တစ်ခုအနေနဲ့ ရာသီဥတု အချက်အလက်တွေ ပေါ်မူတည်ပြီးပူပြင်းတဲ့အခါ၊ အေးတဲ့အခါ သင့်အနေနဲ့ ဘယ်လိုမျိုး ဝတ်ဆင်သင့်တယ်၊ ထီးယူသွားသင့်တယ်စသည်ဖြင့် အကြံဥာဏ် ပေးနေမှာလည်း ဖြစ်ပါတယ်။ လုပ်ဆောင်ချက်အမိုက်စား တစ်မျိုးလည်း ပါဝင်လာသေးပြီး ဖုန်းရဲ့ Display ကို Off လုပ်ထားရင်တောင် အမိန့်ပေး စေခိုင်းနိုင်မယ့် Always on Voice ပဲ ဖြစ်ပါတယ်။ ကင်မရာပိုင်းကိုကြည့်လိုက် မယ်ဆိုရင်တော့ အဓိကကင်မရာဟာ12MPဖြစ်ပြီး1/2.3'' sensor size, 1.55µm pixel size တို့ကိုထည့်သွင်းပေးထားပြီး လုပ်ဆောင်ချက်တွေအနေနဲ့ ကတော့ OIS, laser & phase detection autofocus, dual-LED(dual tone)တို့ထောက်ပံ့ပေးထားပါတယ်။ ရုပ်သံဖမ်းယူမှုပိုင်းမှာတော့ 2160p@30fps (24-bit/192kHz audio), 720p@120fps နဲ့ရရှိနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် စမတ်ဖုန်းနဲ့ ဓာတ်ပုံကောင်းရိုက်ကူးလိုသူတွေအတွက် Pro လုပ်ဆောင် ချက်တွေလည်းထည့်သွင်းပေးထားပါတယ်။ ဒုတိယကင်မရာငယ်လို့သတ်မှတ် နိုင်တဲ့ selfie ပိုင်းမှာဆိုရင်လည်း 16MP ကင်မရာကိုထည့်သွင်းပေးထားပြီး အစောပိုင်းစမတ်ဖုန်းတွေမှာထည့်သွင်းပေးထားသလိုမျိုး ultraPixel mode ကိုသုံးနိုင်ပါ လိမ့်မယ်။ selfie photo တင်သာမကဘဲ selfie video, selfie panorama တို့ကိုပါရိုက်ကူးနိုင်ပါလိမ့်မယ်။ အလင်း မလုံလောက်လို့ဖြစ်ပေါ် လာနိုင်တဲ့ ပုံရိပ်မကောင်းမှုတွေကို ဖယ်ရှားနိုင်ပါလိမ့်မယ်။ ဖုန်းအနေနဲ့ Headphone Jack ပေါက်ကိုတော့ ဖြုတ်ချထားခဲ့ပြီး USonic Earphones တွေကိုထည့်သွင်းထုတ်လုပ်သွားမှာဖြစ်ပြီး USB – C နဲ့လည်း ဆက်သွယ် နိုင်အောင် ပြုလုပ်ထားမယ်လို့ ဆိုပါတယ်။ အသံပိုင်းဆိုင်ရာမှာဆိုရင်လည်း လုံးဝထိပ်တန်းအဆင့်ရအောင်ပေးစွမ်းထားပါတယ်။ 360ဒီဂရီအသံ ဖမ်းယူ နိုင်စွမ်းရရှိမှာဖြစ်ပါတယ်

<HTC Dream>

HTC အတွက်တော့အိပ်မက်တစ်ခုကို အကောင်အထည်ဖော်နိုင်ခဲ့တဲ့ဖုန်းလို့ ဆိုရပါလိမ့်မယ်။ Android ရဲ့ အမှတ်အသားနဲ့ စတင်နိုင်ခဲ့တဲ့ဖုန်းဖြစ်ပြီး အခြားစမတ်ဖုန်းထုတ်လုပ်သူတွေကိုပါ Mobile OS တစ်ခုရဲ့ကောင်းကွက် တွေကို မြင်တွေ့ စေခဲ့တဲ့ ဖုန်းပါ။ ၃.၂လက်မမျက်နှာပြင်မှာ ပုံရိပ်ဖော်ပြနိုင် စွမ်းကလည်း 320p အဆင့် လောက်သာရှိပါသေးတယ်။ donut ရဲ့အရသာ ကို ပထမဆုံးခံစားရတဲ့ဖုန်းလေးမှာ ကင်မရာကလည်း 3.15MP လောက် ထိပဲသုံးနိုင်သေးပြီး ဖုန်းရဲ့လုပ်ဆောင်ချက်တွေကို သုံးစွဲနိုင်စေဖို့အတွက် Trackball လေးကို ထည့်သွင်းပေးထားပါတယ်။ ပရိုဆက်ဆာပိုင်းမှာ qualcommကို စသုံးလာပါပြီ။ RAM ကတော့လက်ရှိအချိန်နဲ့ဆိုရင် ရီစရာ ကောင်းလောက်အောင် နည်းပါးလွန်းတဲ့ 192MB ကိုသာ ထည့်သွင်း ပေးထား ပါတယ်။

<HTC Magic>

မှော်ဆန်တဲ့လုပ်ဆောင်ချက်တွေနဲ့ စမတ်ဖုန်းတစ်လုံး ၂ဝဝ၉ ခုနှစ်မှာထွက်ရှိ လာပါတယ်။ မျက်နှာပြင်အရွယ်အစားကတော့ 3.2inch အဆင့်လောက်သာ ရှိဦးမှာဖြစ်ပါတယ်။ OS ကိုတော့ Android cupcake ကိုသုံးစွဲလာခဲ့ပါပြီ။ ဖုန်းရဲ့နောက်ကျော ဘက်မှာတော့ Google အမှတ်တံဆိပ်လေးကို တွေ့မြင်ရ မှာဖြစ်ပြီး အရင်ထွက်ခဲ့တဲ့ဗားရှင်းနဲ့ လုပ်ဆောင်ချက်ပိုင်းမှာ ဆင်တူနေပါ သေးတယ်။ ပရိုဆက်ဆာပိုင်းမှာတော့ Single core 528MHz ထည့်သွင်း တပ်ဆင်ပေးထားပါတယ်။ RAM ပိုင်းမှာတော့ အဆင့်မြှင့်တင်သွားပြီး 288MB အထိအသုံးချလာပါပြီ။ ကင်မရာလုပ်ဆောင်ချက်အဆင့် တိုးမြင့်လာခြင်းမရှိ သေးတာကိုတွေ့ရမှာပါ။

<HTC Hero>

ခေတ်သစ်စမတ်ဖုန်းလောကရဲ့ သူရဲကောင်းတစ်ဦးလိုမော်ကြွားစရာလေးပဲ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင်ထိုင်ဝမ်အခြေ စိုက်ဖုန်းထုတ်လုပ်သူကြီး ရဲ့ကိုယ်ပိုင်လက်ရာတွေကို စတင်တွေ့ရှိလာရလို့ပါ။ ဒီဇိုင်းပိုင်းမှာလုံးဝ ပြောင်းလဲ သွားပါတယ်။ Android အပြင်အဆင်နဲ့အတူ sense အပြင်အဆင် ကို သုံးစွဲနိုင်မယ့်အချိန်ကို ရရှိခဲ့ပါတယ်။ အောက်ဘက်ခြမ်းအကွေး လေးမှာ သပ်ရပ်လာတဲ့ဖုန်းဒီဇိုင်းဖြစ်လာသည့် ဟီးရိုးဟာကင်မရာကို 5MP အထိ အဆင့်မြှင့်တင်ပေးနိုင်ခဲ့ပါပြီ။ ပရိုဆက်ဆာ ကလည်း single-core လို့ခေါ် ပေမယ့်လည်း 528MHz အမြန်နှုန်းအထိစွမ်းဆောင်ပေးနိုင်ခဲ့ပါပြီ။ OS ရဲ့အနေ အထား ကတော့ သူ့ရှေ့မှာထွက်ထားတဲ့ဖုန်းဖြစ်သည့် Magic ရဲ့ပါဝင်မှုအတိုင်း cupcake မှာပဲရှိပါသေးတယ်။

<HTC Desire>

HTC ဖုန်းတွေထဲမှာ ပြောင်းလဲမှုအကြီးကြီးကို စတင်တွေ့ရှိရတဲ့ဖုန်းပဲ ဖြစ်ပါတယ်။ မျက်နှာပြင်အရွယ်အစားပြောင်းလဲမှုနဲ့ အတူအဆင့်မြှင့်တင် ထားတဲ့ ပရိုဆက်ဆာကိုသုံးစွဲနိုင်တဲ့ဖုန်းတစ်လုံးဖြစ်နေလို့ပါ။ HTC သုံးစွဲသူ တွေကို စာရင်းကောက်ယူမှု တွေအရ ၄၇ ရာခိုင်နှုန်းသော iPhone သုံးစွဲသူ တွေအနေနဲ့ Desire ကို ပြောင်းလဲသုံးစွဲဖို့တောင် ကြံရွယ်မှုတွေရှိခဲ့တယ် လို့ဆိုပါတယ်။ ၃.၇လက်မအရွယ်မျက်နှာပြင်မှာ ပုံရိပ်ဖော်ပြနိုင်မှုဟာ 480x800p အဆင့်တောင် တက်လှမ်းနိုင်ခဲ့တဲ့အပြင်၊ ပရိုဆက်ဆာကလည်း စွမ်းဆောင်ရည်အဆင့် 1GHz အမြန်နှုန်းအထိ ရှိလာခဲ့ပါတယ်။ single-core နဲ့ သုံးနိုင်မယ့်ဖုန်းဖြစ် တာနဲ့အညီ OS ပိုင်းမှာတော့ android 2.1 éclair ကို မြည်းစမ်းခွင့်ရမှာပါ။ အောက်ခြေဘက်ကကီးတွေကတော့ သုံးရတာ အနည်းငယ်စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းပါသေးတယ်။

HTC အနေနဲ့ ၂ဝဝ၈ခုနှစ်စတင်ထွက်ရှိခဲ့တဲ့ အချိန်ကနေယနေ့အချိန်ထိ ကျော်ကြားခဲ့တဲ့စမတ်ဖုန်းတွေရှိခဲ့ပါတယ်။ အချို့ စမတ်ဖုန်းတွေဆိုရင် မိုဘိုင်းလောကတစ်ခုလုံး ပြောင်းလဲသွားလောက်အောင်ကို ဖြစ်ခဲ့ပါတယ်။ ၂ဝ၁၇မှာတော့ သူတို့ဟာ ပိုမိုတည်ငြိမ်တဲ့ထုတ်လုပ်သူအဖြစ်ရောက်ရှိလာခဲ့ ပါပြီ။ အောက်မှာတော့ HTC လို့အများကအသိအမှတ်ပြုစံထားခဲ့ရလောက် အောင်ကောင်းမွန်ခဲ့တဲ့ စမတ်ဖုန်းတွေကို ဖော်ပြပေးလိုက်ပါတယ် . . .

<HTC Desire HD>

ဒီစမတ်ဖုန်းဟာ HTC ပါလို့ မသိတဲ့သူတွေကိုတောင် ဆွဲဆောင်သွားနိုင်ခဲ့ပါ တယ်။ ဒီဇိုင်းအပြင်အဆင် ပြောင်းလဲလိုက်ခြင်းဟာ အဲဒီအချိန်မှာ ဖုန်းကိုင်ဆောင် သူတိုင်းအတွက် စိတ်ကူးယဉ်စရာဖုန်းဖြစ်ခဲ့ပါတယ်။ Android 2.2 froyo နဲ့ ထွက်လာတဲ့ ဖုန်းအတွက် ဈေးကွက်ပြိုင်ဘက်ကတော့ Samsung galaxy S, iPhone 4 တို့ပဲ ဖြစ်ကြပါတယ်။ single-core ဖုန်းဟာ 1GHz မှာပဲ ရှိသေးပြီး 768MB RAM အထိတော့ သုံးစွဲလို့လာနိုင်ခဲ့ပါပြီ။ ကင်မရာအဆင့်မြှင့်တင်လာတဲ့ဖုန်းဖြစ်တာကြောင့် 8MP အထိ သုံးစွဲလာနိုင် ပါပြီ။ မျက်နှာပြင်အရွယ်အစားကတော့ ပုံမှန်ထုတ်လုပ်နေကြ ၃.၇လက်မ ကနေ ၄ .၃လက်မအထိ အဆင့်မြှင့်တင်ခဲ့တာကြောင့် မြင်ကွင်းမှာ ပိုကောင်း လာပါတယ်။

<HTC Sensation>

ပရိုဆက်ဆာပိုင်းမှာ ပိုမိုအဆင့်တန်းမြင့်လာမှုနဲ့အတူ HTC sense ရဲ့ အပြင်အဆင် သစ်ကိုလည်း ရရှိလာခဲ့ပါတယ်။ widget တွေကို စီမံခန့်ခွဲ လာနိုင်စွမ်းနဲ့မိမိစိတ်ကြိုက် Home theme တွေကို ထပ်မံတိုးချဲ့လာနိုင်စွမ်း ပဲဖြစ်ပါတယ်။ ၂ဝ၁၁ရဲ့နွေဦးဟာ Dual-core ဆိုတဲ့ စကားသံတွေနဲ့ သာပွက်လောရိုက်ခဲ့ပါတယ်။ HTC ဟာ 1.2GHz အမြန်နှုန်းရှိမယ့် Dual-core ပရိုဆက် ဆာကိုစတင်သုံးစွဲလာလို့ပါ။ 8MP ကင်မရာကလည်း 1080p ရုပ်ရှင်တွေကို ရိုက်ကူးနိုင်စွမ်းရှိလာပါပြီ။ သူ့ရဲ့ပြိုင်ဘက်တွေ လို့ သတ်မှတ် နိုင်မယ့်ဖုန်းတွေကတော့ LG Optimus 2x, Samsung GalaxyS2 တို့ပဲဖြစ်ပါ တယ်။ ဘက်ထရီသက်တမ်းပိုမို ကောင်းမွန်လာမှုနဲ့အတူ မျက်နှာပြင်ပုံရိပ် ဖော်ပြမှုမှာလည်း 540 x 960p အထိ မြင်တွေ့နိုင်စွမ်းရှိလာပါပြီ။ Android 2.3.4 ကို သုံးစွဲခွင့်ရမှာပါ။

<HTC One X>

စမတ်ဖုန်းတွေရဲ့တိုးတက်မှုဟာဘာကြောင့်များ အဲလောက်ထိမြန်မြန် ဆန်ဆန်ဖြစ်ခဲ့ရတာလဲဆိုတာ အဖြေထုတ်ရမယ်ဆိုရင် သင့်အတွက် အချိန် တွေသာကုန်သွားပါလိမ့်မယ်။ ဘာကြောင့်လဲဆိုရင် HTC ရဲ့မျိုးဆက်သစ် ဖုန်းဟာ Quad-core အဆင့်ထိ တက်လှမ်းလာခဲ့လို့ပဲဖြစ်ပါတယ်။ ၄.၇လက်မ မျက်နှာပြင်၊ 8MP ကင်မရာ 720p ပုံရိပ်ဖော်ပြနိုင်စွမ်းနဲ့ဖုန်းဟာ ရာစုသစ် အတွက်တော့ အကောင်းဆုံးအဆင့်ဖုန်းတစ်လုံးလို့တောင် သတ်မှတ်နိုင်ပါ တယ်။ သူနဲ့ခေတ်ပြိုင်ဖုန်းတွေကတော့ Galaxy S3 နဲ့ Galaxy Nexus တို့ပဲ ဖြစ်ပါတယ်။ သွက်လက်မြန်ဆန်တဲ့လုပ်ဆောင်နိုင်မှုတွေအတွက် 1GB RAM သစ်လွင်တဲ့သုံးစွဲမှု တွေအတွက် တည်ငြိမ်မှုအရှိဆုံးလို့ သတ်မှတ်နိုင်တဲ့ ICS(4.0) ကိုသုံးနိုင်မှာဖြစ်ပါတယ်။ ဖန်သားပြင် နည်းပညာပိုင်းမှာ လည်း IPS LCD နဲ့ ပုံရိပ်တွေကိုမြင်နိုင်စွမ်းရှိလာမှာပါ။

<HTC M7>

2013 ခုနှစ်၊ မတ်လမှာကြေညာခဲ့ပြီး ရိုးရှင်းတဲ့ဒီဇိုင်းနဲ့ Blink-Feed လို့ခေါ်တဲ့ Home Screen မှာ သတင်းတွေကို ပြသပေး တဲ့စွမ်းဆောင်ချက်ပါရှိလာပါ တယ်။ Blink-Feed ဟာ လူမှုကွန်ရက်တွေနဲ့ သတင်းတွေကို Scroll ပြုလုပ်လို့ ရတဲ့ပုံစံနဲ့ ပြသ ပေးတာဖြစ်ပါတယ်။ Sense 5 မှာ Default အားဖြင့် Home Screen သုံးခုကိုအသုံးပြုပါတယ်။ နှစ်ခုကတော့ သမားရိုးကျ အတိုင်း Apps, Widgets များ အတွက်ဖြစ်ပါတယ်။ Default Screen မှာတော့ ဒီဇိုင်းဆန်းသစ် ထားတဲ့နာရီနဲ့ Blink-Feed တို့အတွက်ဖြစ်ပါတယ်။ 2GB RAM နဲ့အတူ Quad-core 1.7GHz ပရိုဆက်ဆာကိုသုံးထားပါတယ်။ ကင်မရာပိုင်းအတွက် တော့ 4MP လို့ဆိုပေမယ့် ultrapixel စနစ်နဲ့ဖြစ်ပါတယ်။ မျက်နှာပြင်ကတော့ ကျယ်ပြန့် လာတဲ့ 4.7inch နဲ့ဖြစ်ပါတယ်။ သူ့ရဲ့ပြိုင်ဘက်ဖုန်းတွေကတော့ Galaxy S4 နဲ့ Nexus 4 တို့ပါ။

<HTC M8>

Super LCD3 ထိတွေ့မျက်နှာပြင်ကို သုံးစွဲနိုင်မှာဖြစ်ပြီး 5.0in ရှိတဲ့ မျက်နှာပြင် ကို မြင်တွေ့ရမှာဖြစ်ကာ 441ppi ပဲရှိတာ ကြောင့် 468ppi ဖော်ပြနိုင်စွမ်းရှိတဲ့ One ထက်စာရင်တော့ နည်းတယ်လို့ ဆိုနိုင်ပါတယ်။ One မှာထည့်သွင်းထားတဲ့ Krait quad-core 2.3 GHz ဟာ တကယ့်ကို မိုဘိုင်းဖုန်း တွေထဲမှာ အလျင်မြန်ဆုံးဖြစ်ပြီး Adreno 330 GPU, 2GB RAM အစရှိတဲ့ စွမ်းဆောင်ရည်ပိုင်း အတွက် အကောင်းဆုံးထောက်ပံ့နိုင်မယ့် SOC တွေ ကိုသာ အသုံးပြုထားပါတယ်။ UltraPixel ဟာ သူ့ရဲ့ပထမမျိုးဆက် စမတ်ဖုန်း မှာ စတင်မြင်တွေ့လာရတာဖြစ်ပါတယ်။ M8 မှာတော့ အသစ်ဖြစ်တဲ့ dual camera ထည့်သွင်းတပ်ဆင်ထားမှုကို မြင်တွေ့ရမှာဖြစ်ပါတယ်။ 16 GB နဲ့ 32 GB version နှစ်မျိုးရှိပြီး 32 GB မှာတော့ 29 GB အသားတင် သိမ်းဆည်းနိုင် ပါလိမ့်မယ်။

<HTC M9>

HTC One M9 မှာ Octa-core ပရိုဆက်ဆာကိုသုံးစွဲနိုင်မှာ ဖြစ်ပါတယ်။ RAM ကတော့ 3GB DDR3 ထောက်ပံ့ပေးထားပါ တယ်။ ၅ လက်မမျက်မှာပြင်မှာ ပုံရိပ် ဖော်ပြနိုင်မှုကတော့ HD အဆင့်ထိရမှာပါ။ M8 မှာသုံးခဲ့တဲ့ Dual-Camera မျိုး မဟုတ်တော့ဘဲ 20MP Sony ကင်မရာကို နောက်ကျောဘက်မှာ တပ်ဆင်ပေးထားပါတယ်။ Android 5.0 (lollipop) ကို သုံးနိုင်မှာဖြစ်ပါတယ်။ လက်ရှိမှာတော့ 6.0 အထိ update ပြုလုပ်နိုင်စွမ်းပေးထားပါတယ်။ အချက် အလက်တွေသို လှောင်သိမ်းဆည်းထားနိုင်ဖို့အတွက် 32GB ပဲဖြစ်ပြီးထပ်မံ တိုးမြှင့်လိုတယ်ဆိုရင်တော့ 128GB အထိ လက်ခံနိုင်စွမ်းရှိမှာပါ။ M9 ရဲ့ ဆောဝဲပိုင်းဆိုင်ရာ လုပ်ဆောင်မှုတွေနဲ့အတူ Sense UI ကိုလည်း သုံးစွဲနိုင် ပါလိမ့်မယ်။ 2840mAh ဘက်ထရီ စွမ်းအားကို သုံးစွဲနိုင်မှာဖြစ်ပါတယ်။

<HTC 10>

ပြောင်းလဲခြင်းတွေရဲ့ နောက်ထပ်မှတ်တိုင်တစ်ခုလို့ သတ်မှတ်နိုင်ပါလိမ့်မယ်။ လက်ဗွေဖတ်စနစ်၊ အသံပိုင်းဆိုင်ရာလုပ် ဆောင်ချက်အသစ်နဲ့အတူ 12MP ultrapixel camera တွေကိုတွေ့မြင်ရမှာဖြစ်ပါတယ်။ ၅.၂လက်မ Quad HD(2560×1440pixel) မှာ 564ppi ကိုသုံးထားပါတယ်။ အရှေ့ဘက် ကင်မရာငယ်ဟာ 5MP Ultrapixel ဖြစ်တာကြောင့် Ultra selfie လို့တောင် ဆိုနိုင်ပါလိမ့်မယ်။ OIS ကိုထည့်သွင်းပေးလာပြီး Aperture f/1.8 ရှိမှာ ဖြစ်ပါ တယ်။ အသံပိုင်း ဆိုင်ရာထောက်ပံ့မှုအတွက်ကတော့ Boomsound Hifi ကို Dolby Audio 4 နဲ့ ပေါင်းစပ်ပေးထားတာကြောင့် သီချင်းတွေကို နားထောင် တဲ့နေရာမှာရော အသံဖမ်းယူမှုအပိုင်းမှာပါကောင်းမွန်ပါလိမ့်မယ်။ အားသွင်း ဖို့အတွက် USB port ကိုတော့ Type-C နဲ့သုံးနိုင်မှာပါ။




Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal





<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 







www.pyaephyo.com

0 comments:

Post a Comment