♪ “Asus က ZenPad 3S 10 LTE Tablet ကိုမိတ်ဆက်” ♫

No automatic alt text available.

Asus က ယခင်နှစ်ကရောင်းချခဲ့တဲ့ ZenPad 3S 10 LTE Tablet ရဲ့ မျိုးဆက် ကိုမိတ်ဆက်လိုက်ပါတယ်။ သူ့အမည်ကိုလည်းZenPad 3S 10 LTE လို့ ပေးထားပေမယ့် မော်ဒယ်နံပါတ်မှာZ500KL ဖြစ်ပါတယ်။ တက်ဘလက် အသစ်မှာ 1.8GHz Hexa-Core Qualcomm Snapdragon 650 Processor , Adreno 510 Graphics, 4GB RAM, 32GB Internal Storage တပ်ဆင်ထား ပါတယ်။

သတ္တုကိုယ်ထည် တပ်ဆင်ထားပြီး ၆.၇၅ မီလီမီတာသာအထူရှိပါတယ်။ 7900mAh Battery တပ်ဆင်ထားပြီးအလွန်အကျွံ အသုံးပြုရင်တောင် ၁၆ နာရီအသုံးခံပါတယ်။ Standby ထားရှိရင် ၁၅၀ နာရီအသုံးခံပါတယ်။ LTE ဆက်သွယ်မှုကိုလည်းထောက်ပံ့ပါတယ်။ ၉.၇ လက်မ 1536x2048 Pixels Display တပ်ဆင်ထားပါတယ်။ အနောက်ဘက်မှာ 8MP Camera တပ်ဆင် ထားပါတယ်။

အရှေ့ဘက်မှာတော့ 5MP Camera ပါရှိပါတယ်။ Android 6.0 Marshmallow မောင်းနှင်မှာ ဖြစ်ပြီး ၄၀၅ ဒေါ်လာ ၀န်းကျင် သတ်မှတ်ထားပါတယ်။




Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal






<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 







www.pyaephyo.com

0 comments:

Post a Comment