♪ “Xiaomi က Redmi Note 4 Model အသစ်ကိုရောင်းချ” ♫

Image may contain: 1 person, phone and text

Xiaomi က အိန္ဒိယနိုင်ငံနယူးဒေလီမှာပွဲတစ်ခုကျင်းပပြီးRedmi Note 4 ကို မိတ်ဆက်လိုက်ပါတယ်။ ထူးခြားတာကအခြားနိုင်ငံများမှာ ရောင်းချပေးခဲ့တဲ့ Redmi Note 4 မှာMediatekHelio X20 Deca-Core SoC ထည့်သွင်းထားပြီး အိန္ဒိယမှာရောင်းချတဲ့ မော်ဒယ်မှာ Qualcomm Snapdragon 625 SoC ထည့်သွင်း ထားတာ ဖြစ်ပါတယ်။ အခြား Specifications များကတော့ တူညီကြပါတယ်။ 

Redmi Note 4 မှာ ၅.၅ လက်မ Full HD Display တပ်ဆင် ထားပါတယ်။ Android 6.0.1 Marshmallow အခြေပြု MIUI မောင်းနှင်မှာ ဖြစ်ပါတယ်။ Nougat Preview ကိုစတင် စမ်းသပ်နေပြီ ဖြစ်ပြီးမကြာခင်မှာ ဖြန့်ချိပေးတော့မှာ ဖြစ်ပါတယ်။ အလူမီနီယမ် သတ္တုကိုယ်ထည်တပ်ဆင် ထားပြီးအနောက်ဘက် အစွန်း ၂ ဖက်ဟာအကွေးဒီဇိုင်း ဖြစ်ပါတယ်။

အနောက်ဘက်မှာ Phase Detection Autofocus နည်းပညာပါတဲ့ 13 Megapixel Camera နဲ့ အရှေ့ဘက်မှာ 5 Megapixel Camera တပ်ဆင် ထားပါတယ်။ အရွယ်ကြီးမားတဲ့ 4100mAh Battery တပ်ဆင် ထားတဲ့အတွက် အချိန်အတော်ကြာအသုံးခံပါတယ်။ ရွှေ၊ အညိုနဲ့ ငွေရောင်များထုတ်လုပ် ပေး ထားပါတယ်။


Matte Black အရောင်ကိုမကြာခင် မိတ်ဆက်မှာပါ။ 2GB RAM/32GB Storage, 3GB RAM/32GB Storage, 4GB RAM/64GB Storage Model များထုတ်လုပ်ပေးထားပြီး၁၄၆ဒေါ်လာ၊ ၁၆၁ ဒေါ်လာနဲ့ ၁၉၀ ဒေါ်လာအသီးသီးသတ်မှတ်ထားပါတယ်။

အိန္ဒိယ အွန်လိုင်းစတိုးဆိုင် Flipkartနဲ့ Mi.com တို့ကနေ ၀ယ်ယူနိုင်ပါတယ်။ Dual SIM Phone ဖြစ်ပေမယ့် SIM Slot တစ်ခုကို microSD Card နဲ့ မျှဝေ အသုံးပြုရမှာဖြစ်ပါတယ်။ 128GB အထိ ၀င်ဆန့်တဲ့ microSD Card စိုက်နိုင်ပါတယ်။


Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal



<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 





www.pyaephyo.com

0 comments:

Post a Comment