♪ မတ်လ ၂၉ ရက်မှာ samsung s8 ထွက်မည် ဟု သတင်းထွက်ပေါ် ♫


သတင်းရင်းမြစ် ၄ ခုလောက် က ဧပြီလအတွင်းမှာ နဲ့ ဧပြီလဆန်းမှာ ဆမ်ဆောင်း S8 ကို ထုတ်လုပ်ရောင်းချမယ် လို့ သတင်းထွက်ပေါ်ခဲ့ပြီး Mashable နဲ့ Geeky ကတော့ မတ်လ ၂၉ ရက်နေ့ မှာ s8 ကို စတင်ရောင်းချမယ်လို့ အခိုင်အမာ ပြောဆိုလိုက်ပါတယ်။

အံ့သြစရာကောင်းတဲ့အချက်တစ်ခု က အခု လကုန်ပိုင်းမှာ ကျင်းပပြုလုပ်မယ့် Mobile World Congress မှာ S8 ကို ၀င်ရောက်ပြသမှာ မဟုတ်ဘူး လို့ ဆမ်ဆောင်းကုမ္ပဏီရဲ့ ကြော်ငြာချက်တစ်ခုပါပဲ။ အဲဒီ ကြော်ငြာချက်ဟာ ဆမ်ဆောင်း ရဲ့ ဗားရှင်းအသစ် မှာ စိတ်ဝင်စားဖွယ်ရာတွေများ ရှိနေလို့လား ၊ ဒါမှမဟုတ် ဆမ်ဆောင်း ထုတ်ကုန် ၂ မျိုးစလုံးကို လျှိုထားချင်လို့လား ဆိုတဲ့ သတင်းသုံးသပ်ချက်တွေ ထပ်မံထွက်ပေါ်လာပါတယ်။

အခု လကုန်မှာ ထုတ်ဖော်ပြသဖို့ နှောင့်နှေးနေသေးပေမယ့် မတ်လကုန်မှာ အဆင်သင့် ဖြစ်နေမယ့် ဆမ်ဆောင်း S8 ဟာ S8 နဲ့ S8Plus ၂ မျိုး ထုတ်လုပ်သွားမှာ ဖြစ်ပြီး Android 7.0 Nougat ကို ထည့်သွင်းထားဖွယ်ရာ ရှိနေပါတယ်။ 6GB RAM နဲ့ Qualcomm Snapdragon 835 ပရိုဆက်ဆာ အသစ် ကို သုံးစွဲဖို့ရှိနေပြီး 4K display ကို လည်း ရရှိမယ် လို့ သတင်းတွေက ဆိုပါတယ်။

စိတ်လှုပ်ရှားဖို့ကောင်းတဲ့ Feature လုပ်ဆောင်ချက်အသစ် အနေနဲ့ ကိုယ်ရေးလက်ထောက် ပါဝင်လာမှာ ဖြစ်ပါတယ်။ ဒါကြောင့် ပွဲအပြီးမှာ အားသာချက် ၊ အားနည်းချက်တွေ ကို ချိန်ညှိထိန်းသိမ်းဖို့ အချိန်အနည်းငယ် ရရှိသွားတဲ့ ကုမ္ပဏီ ဟာ သူ့ရဲ့ အခုတစ်ခေါက် ထုတ်ကုန် ကို အကောင်းဆုံး နဲ့ အလန်းဆုံးဖြစ်အောင် ပြင်ဆင်သွားဖွယ်ရာ ရှိနေတယ် လို့ သတင်းတွေ က ဖော်ပြထားပါတယ်။

ဆမ်ဆောင်း S8 ရဲ့ ထူးခြားချက်တွေ နဲ့ ပတ်သက်ပြီး ဒီနေရာမှာ ဖတ်ရှုနိုင်ပါတယ်။


Credit to ==> Digital Times



<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 






www.pyaephyo.com

0 comments:

Post a Comment