Touch Bars ပါတဲ့ MacBook Pro ကို ဥပဒေ စာမေးပွဲများတွင် မသုံးရန် တားမြစ်

 
အမေရိကန် ပြည်နယ်အချို့ရဲ့ ဥပဒေစာမေးပွဲတွေမှာ Touch Bars ပါဝင်တဲ့ MacBook Pro တွေကို တားမြစ်ထားတယ်လို့ သိရပါတယ်။ ဒါကြောင့် အဲ့ဒီထုတ်ကုန်သစ်အသုံးပြုတဲ့ ကျောင်းသားတွေက စာရွက်နဲ့ ဘောပင် ဒါမှမဟုတ် အခြားလက်တော့ပ်ကို အသုံးပြုပြီး ဖြေဆိုရတော့မှာပါ။

Touch Bars နဲ့ပတ်သက်တဲ့ ပြဿနာတွေကို Testing ဆော့ဖ်ဝဲကုမ္ပဏီ Examsoft က ရှင်းပြခဲ့ပါတယ်။ အရင် function key တွေနေရာမှာ အစားထိုးခဲ့တဲ့ OLED screen မှာ predictive text function ပါဝင်တဲ့အတွက် စာမေးပွဲရဲ့ဂုဏ်သိက္ခာကို ထိခိုက်စေတယ်လို့ Examsoft က ပြောကြားခဲ့ပါတယ်။

မြောက်ကယ်ရိုလိုင်းနားလို အချို့ပြည်နယ်တွေမှာတော့ MacBook ပိုင်ရှင်တွေက predictive text ကို disable လုပ်ထားရင် လက်တော့ပ်ကို အသုံးပြုခွင့် ပေးထားတယ်လို့ ဆိုပါတယ်။ နယူးယောက်လို ပြည်နယ်အချို့မှာတော့ အသုံးပြုခွင့် လုံးဝပိတ်ပင်ထားပါတယ်။

Ref: CNET
Credit Internetjournal

သီဟထိုက်
www.thihahtike.net ]

0 comments:

Post a Comment