♪ " Xiaomi ရဲ့ ၂၀၁၇ ထုတ် Mi Notebook Air လာမည် " ♫

No automatic alt text available.

Xiaomi က ယခင်နှစ် ဇူလိုင်လမှာ Mi Notebook Air ကို စတင် မိတ်ဆက်ခဲ့ပါတယ်။ ဒီဇင်ဘာလမှာလည်း 4G Model ကို ရောင်းချ ပေးခဲ့ပါတယ်။

4G Model ဟာ ပထမတော့ မူလမော်ဒယ်ရဲ့ မျိုးဆက်သစ်ဖြစ်မယ်လို့ သတင်းထွက်ခဲ့ပေမယ့် တကယ်တမ်းတော့ 4G စွမ်းရည်သာ ပါရှိလာပါတယ်။ အခုတော့ မျိုးဆက်သစ်မော်ဒယ်တစ်ခုကို Xiaomi က မိတ်ဆက်တော့မှာ ဖြစ်ပါတယ်။ ပေါက်ကြားထွက်ပေါ်နေတဲ့သတင်းအရ ၂၀၁၇ ထုတ် Mi Notebook Air မှာ အလွန်ပေါ့ပါးတဲ့ မဂ္ဂနီဆီယမ်-လစ်သီယမ်ကိုယ် ထည်တပ်ဆင်ထားမှာဖြစ်ပါတယ်။ 


အဲဒီမော်ဒယ်ဟာ ၂၀၁၆ ထုတ် ၁၂.၅ လက်မ Mi Notebook Air ရဲ့ ၁.၀၇ ကီလိုဂရမ်ထက် ပေါ့ပါးမှာဖြစ်ပါတယ်။ မျိုးဆက်သစ်မော်ဒယ်ရဲ့ကိုယ်ထည်ကို ထိုင်ဝမ်အခြေစိုက် TaiSol Electronics နဲ့ ဂျပန်အခြေစိုက် ShinSho တို့က ပူးပေါင်းတီထွင်ပေးမှာဖြစ်ပါတယ်။ မဂ္ဂနီဆီယမ်-လစ်သီယမ်ကိုယ်ထည်ဟာ အလူမီနီယမ်ထက် ၇၅ ရာခိုင်နှုန်း ပိုမိုပေါ့ပါးပါတယ်။ 

ဒါ့အပြင် ပိုမိုအကြမ်းခံပါတယ်။ အားနည်းချက်တစ်ခုကတော့ မဂ္ဂနီဆီယမ်-လစ်သီယမ် ကိုယ်ထည်များဟာ တန်ဖိုးကြီးမားပါတယ်။ အဲဒီအတွက် ၂၀၁၇ ခုနှစ်ထုတ် Mi Notebook Air ဟာ ဈေးနှုန်းသက်သာမှာတော့ မဟုတ်ပါဘူး။



NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal





<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 








www.pyaephyo.com

0 comments:

Post a Comment