♪ “Facebook အကောင့်ကို USB Security Keys ဖြင့် ကာကွယ်နိုင်ပြီ” ♫

No automatic alt text available.

Facebook က User များအတွက် အကောင့်များကိုဟက်လို့ မရနိုင်တဲ့ လုံခြုံရေး အလွှာတစ်ထပ်ကို ပြုလုပ်ပေးလိုက်ပါတယ်။ အဲဒါကတော့ USB Security Keys ဖြစ်ပါတယ်။ USB Security Keys ဟာ Memory Stick နဲ့ ဆင်တူပါတယ်။ ပီစီမှာ Memory Stick ကိုထိုးစိုက်လိုက်မှသာသင့် Facebook အကောင့်ကို Login ၀င်နိုင်မှာ ဖြစ်ပါတယ်။

Facebook က သမားရိုးကျ Password အပြင် Two-Factor Authentication လို့ခေါ်တဲ့ လုံခြုံရေးအလွှာတစ်ခုကိုအရင်ကတည်းက ပြုလုပ်ပေးထားပါတယ်။ ဒါပေမယ့် အဲဒီလုံခြုံရေးနည်းလမ်းများကိုဟက်ကာများကကျော်လွှားနိုင်တယ် ဆိုတဲ့ တွေ့ရှိချက်များထွက်ပေါ်နေပါတယ်။ USB Security Keys ကတော့ Physical Device ဖြစ်တဲ့အတွက် ဟက်ကာများသင့် အကောင့်ကို လုံးဝ ခိုးယူ လို့ မရဘူးလို့ ပညာရှင်များကပြောကြပါတယ်။

USB Security Keys များဟာအကောင့် လုံခြုံရေးအတွက် အထူး ပြုလုပ် ထားတဲ့ ကိရိယာများဖြစ်ပြီး YubiKeys တစ်ခုရဲ့ တန်ဖိုးဟာ ၁၈ ဒေါ်လာ ကနေဒေါ်လာ ၅၀ အထိအစားစားရှိပါတယ်။ ဒေါ်လာ ၅၀ တန်မှာတော့ အခြားစွမ်းဆောင်ချက်များပါရှိပါတယ်။ NFC ပါတဲ့ ကီးများလည်းဖန်တီး ပေးထားပြီးစမတ်ဖုန်းများနဲ့ တွဲဖက် အသုံးပြုနိုင်ပါတယ်။

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal






<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 








www.pyaephyo.com

0 comments:

Post a Comment