♪ ခေါက်ချိုးဖုန်းဈေးကွက်ကို မိုက်ကရိုဆော့ဖ် ၀င်လာပြီ ♫


ဆမ်ဆောင်း နဲ့ LG တို့ စတင် ထိုးဖောက်နေတဲ့ ခေါက်ချိုးဖုန်း Folded ဖုန်းဈေးကွက်ကို ကွန်ပျူတာကုမ္ပဏီကြီးတစ်ခု ဖြစ်တဲ့ မိုက်ကရိုဆော့ဖ် လည်း ၀င်ရောက်လာပြီဖြစ်တယ် လို့ ဒေးလီးမေးလ် သတင်းစာကနေ ဒီကနေ့ ထုတ်ဖော်ရေးသားလိုက်ပါတယ်။

မိုက်ကရိုဆော့ဖ် က Folded Phone ဈေးကွက်မှာ ပြိုင်ပွဲဝင်မယ့် ဖုန်းအမျိုးအစား က Transformer လို့ အမည်ရပါတယ်။ အမှန်စင်စစ်တော့ ဖုန်းဆိုတာထက် Tablet ဆိုရင် ပိုမှန်ပါတယ်။ ပြီးခဲ့တဲ့ နှစ် ရဲ့ နှစ်ကုန်ပိုင်းမှာ ဆမ်ဆောင်း နဲ့ LG က ကွေးညွတ်နိုင်ပြီး Flexible ဖြစ်တဲ့ ပိုက်ဆံအိတ်သဏ္ဍာန် ဖုန်းအမျိုးအစားတွေကို ထုတ်လုပ်သွားမယ် လို့ ကြော်ငြာပြီးတဲ့နောက် မိုက်ကရိုဆော့ဖ် ကလည်း အခု လို ကြော်ငြာခဲ့တာ ဖြစ်ပါတယ်။.

အဲဒီ တက်ဘလက် ရဲ့ ထောင့်စွန်းမှာ ၀င်ရိုးပုံစံ အရှည်လိုက် ဘီး အစွန်းတစ်ခု ရှိနေပြိး အဲဒီ ၀င်ရိုးကနေ ခေါက်နိုင်တာ ၊ ဖွင့်ပိတ်နိုင်တာတွေကို ပြုလုပ်သွားမှာ ဖြစ်တယ် လို့ ပုံရိပ်တွေ နဲ့ တကွ ချပြခဲ့ပြီး ညာဏပစ္စည်း မူပိုင်ခွင့်ကိုပါ ဦးတည်လျှောက်ထားခဲ့ပါတယ်။

မိုက်ကရိုဆော့် ရဲ့ အဲဒီ Transformer Tablet ကို နာမည်ကျော် surface Laptop အထိကိုပါ ဒီဇိုင်းကူးပြောင်းသွားနိုင်ဖွယ်ရာ ရှိနေပြီး စမတ်ဖုန်း ၊ စမတ်ဖုန်းကင်မရာ၊ ရေစိမ်ခံစမတ်ဖုန်း၊ အကြမ်းခံ စမတ်ဖုန်း၊ ဆဲလ်ဖီးစမတ်ဖုန်းတွေ ပြီးတဲ့နောက် နောက်ထပ် ဖြစ်ပေါ်လာနိုင်တဲ့ စစ်ပွဲတစ်ခု ဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက ရှုမြင်ထားပါတယ်။


Credit to ==> Digital Times


<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 





www.pyaephyo.com

0 comments:

Post a Comment