♪ “အွန်လိုင်းမှာ ဖိန့်ဖို့လိုသည့်အခါ” ♫

Image may contain: 1 person, text

ဖိန့်သည် (fake) ဆိုခြင်းက ကောင်းသည့်အရာမဟုတ်။ သူတစ်ပါး ဒုက္ခ ရောက်အောင် ဖိန့်သည်ဆိုခြင်းက သာ၍ဆိုး သည်။ ထို့ကြောင့် facebook account လုပ်သည့်အခါ အချက်အလက် အမှန်များ ထည့်ပေးဖို့ တောင်းဆို ခြင်းဖြစ်သည်။ သို့သော် လူတိုင်းက ထိုသို့အချက်အလက်အမှန်များ အမြဲ တစေထည့်ပေးပါသလား။ မထည့်ပေးပါ။ မထည့်ပေး၍လည်း စိတ်ဆိုး စရာမရှိ။ သူတို့၏ Privacy ကို ကာကွယ်လိုသောကြောင့် မထည့်ပေးခြင်းကို နားလည်ရပါမည်။

အွန်လိုင်းဆိုသည်မှာ အလွန်အန္တရာယ်များသော နေရာ။ မိမိကို မည်သူမှမသိ ဟု ထင်သူများရှိချင်ရှိမည်။ အမှန်တွင် ထိုသို့မဟုတ်။ တာဝန်ပေးချက်အရ Facebook လိုနေရာမျိုးမှာ ထိုင်စောင့်ကြည့်နေသူတွေ ရှိသည်။ Web page များကို တာဝန် အရ ၀င်ရောက်ဖျက်ဆီးသူတွေရှိသည်။ အနေအထိုင်မတတ် လျှင် မရည်ရွယ်ဘဲ ဒုက္ခရောက်နိုင်သည်။ ဒုက္ခမရောက်အောင် မိမိ၏ Privacy ကို ကာကွယ်ရလိမ့်မည်။ ထို့ကြောင့် မိမိကိုယ်ကို ကာကွယ်မည်ဆိုလျှင် အွန်လိုင်း ဖိန့်ဆိုသည်မှာလည်း လုပ် သင့်သောအရာဟု ထင်ပါသည်။
အွန်လိုင်းတွင် မိမိကိုယ်ကို ကာကွယ်ဖို့အတွက် ဖိန့်ထားသော နာမည်နှင့် Profile တစ်ခုလိုမည်။ ရှက်စရာမလိုပါ။ အခြေအနေအရ အွန်လိုင်းတွင် မိမိ၏ အမည်မှန်ကို ဖျောက်ထားရသောအခါမျိုး ရှိပါမည်။ မိမိအား တမင်တကာ နောက်ယောင်ခံ လိုက်နေသူများရန်မှ ကာကွယ်ရန်အတွက်သော် လည်းကောင်း၊ မိမိမဆက်သွယ်လိုသူများက ဆက်သွယ်သည့်အရေးကို ရှောင်ရှားရန်အတွက်လည်းကောင်း၊ လွှဲပြောင်းထားသော အမည်သုံးခြင်းမှာ လက်တွေ့ကျသောအရာဖြစ်သည်။ ထိုသို့လည်း လုပ်ထိုက်ပါပေသည်။

အမည်လွှဲတစ်ခု ဖန်တီးခြင်းမှာ အလွန်လွယ်သည်။ သို့သော် လွှဲထားသော အမည်သည် တခြားတစ်ယောက်နှင့် တိုက်ဆိုင်နေပြီး ထိုသူဒုက္ခ ရောက်ခြင်း မျိုးမှာလည်း မဖြစ်ထိုက်ပါ။ ထိုကိစ္စအတွက် အထူးအသုံးဝင်သည်မှာ Fake Name Generator ဖြစ်သည်။ www.fakenamegenerator.com တွင် ၀င်ရောက်ပြီး အသုံးပြုနိုင်သည်။ အလွန်ဥာဏ်များသော ထို website သည် အမေရိကန်မှသည် ဗီယက်နမ်အထိ မိမိနှစ်သက်သော နာမည်၊ လိင်နှင့် ဖုန်းနံပါတ်များကိုပါ ဖန်တီးပေးနိုင်သည်။ ထို့ပြင် လွှဲသောအမည်နှင့် လိုက်လျောညီထွေဖြစ်မည့် သတင်းအချက်အလက်များကိုလည်း ဖန်တီးပေး နိုင်ပါသေးသည်။

ထိုအချက်အလက်များတွင် (US ဟုဆိုကြပါစို့) အမှန်အကန်ဟု ထင်ရသော လိပ်စာ၊ post code နှင့် ဖန်တီး ဖုန်းနံပါတ်များ ပါဝင်သည်။ လွှဲထားသော အချက်များဟုဆိုကာ မယုံ၍လည်းမရ။ မှန်ကန်ကြောင်း တိုက်ဆိုင်စစ်ဆေး မှုများ ပြုလုပ်စမ်းသပ် ထားပြီးဖြစ်သည်။ ထို့ပြင် မွေးနေ့၊ ကိုယ်ကာယ အခြေအနေ၊ (အရပ်၊ ကိုယ်အလေးချိန်၊ သွေးအုပ်စု စသည်) ၊ အလုပ်အကိုင်၊ ကားနံပါတ်၊ မိမိနှစ်သက်သောအရောင် စသည် တို့ကိုလည်း အဆီအငေါ် တည့်အောင် ဖန်တီးပေးပါသေးသည်။ ထို website ကိုသုံးပြီးချိန်တွင် စာရှု သူသည် အမေရိကန်နိုင်ငံ Hatton Heal အရပ်တွင်နေသော တိုရိုတာ ကားပိုင်သူ ဓာတုဗေဒပညာရှင်တစ်ယောက်ဖြစ်လာနိုင်သည်။ Firefox အတွက်လည်း တရားဝင်မဟုတ်သော Fake Name Generator add-on ကို ရနိုင်ပါသည်။ လွှဲပြောင်းထားသော Profile တစ်ခုဖန်တီးပြီးသည့်အခါ တစ်ခါသုံး အီးမေးလည်း လိုအပ်လာပါသည်။ အချို့သော website များနှင့် app များသည် မိမိ၏ အီးမေးသုံးပြီး register လုပ်ပါသည်။ ထိုသူတို့က အရောင်း မြှင့်တင်ရေးအတွက် မိမိအား ဇွတ်အတင်း ဆက်သွယ်လာမှု မျိုးရှိနိုင်သည်။ ထိုကိစ္စမျိုးအတွက် disposible email service ကိုသုံးပြီး grey mail တစ်စောင် ဖန်တီးထားဖို့လိုသည်။ ထိုဝန်ဆောင်မှုအတွက် လွှဲထားသော လိပ်စာဖြင့် sign up လုပ်ရပါမည်။ confirmation message အား alternative inbox ဖြင့် လွှဲယူထားရပါမည်။ ဤနည်းအားဖြင့် disposible email ၀န်ဆောင်မှု ပေးသော website သို့ အမြဲတစေ ၀င်စရာမလိုဘဲ access လုပ်၍ရနေမည်ဖြစ်သည်။

တစ်ခါသုံး အီးမေးဝန်ဆောင်မှုပေးသော website တစ်ဒါဇင်ခန့်ရှိသည်။ လူကြိုက်အများဆုံးတစ်ခုမှာ Mail Drop ဖြစ် သည်။ ယင်းကို www.maildrop.com မှတစ်ဆင့် ၀င်ရောက်နိုင်သည်။ မိမိလွှဲလိုသော အချက်အလက်တချို့ထည့်ပေးပြီး ရှေ့ဆက်ရုံဖြင့် Mail Drop က မိမိအတွက် ယာယီလိပ်စာတစ်ခု ဖန်တီးပေးပါမည်။ ယင်းထဲတွင် inbox လည်းပါသည်။ ယင်း inbox ကို ချိတ်ဆက်နိုင်မည့် လက်တံတစ်ခု ဥပမာ Myregister email drop.cc ဖန်တီးပြီး တစ်ခါသုံး အီးမေးကို လွယ်ကူစွာ သုံးနိုင်ပါသည်။
အခြားသော တစ်ခါသုံးအီးမေး ၀န်ဆောင်မှု တစ်ခုမှာ Mailinator ဖြစ်သည်။ www.mailinator.com မှတစ်ဆင့် ၀င်ရောက်သုံးစွဲနိုင်သည်။ Mail Drop တွင် ကိုယ်ပိုင် spam filter ရှိသည်။ ထို့ကြောင့် မိမိ၏အမည်လွှဲ account သည် Junk mail အပုံထဲသို့ ရောက်သွားစရာမရှိပါ။ ထို့ပြင် မိမိ၏လိပ်စာအား ခန့်မှန်းရခက်စေမည့် နောက်ဆက်တွဲ စာသားများထပ်ပိုးပြီး လုံခြုံမှု ပိုကောင်းအောင်လည်း လုပ်ပေးပါသည်။ မိမိက အမည်လွှဲအီးမေး လုပ်ထားပြီး မိမိဘာသာ မမှတ်မိနိုင်ဖြစ်နေလျှင်လည်း မှန်းဆ နိုင်အောင် အီးမေးများကို ထုတ်ပြပေးနိုင်ပါသည်။

လွှဲစရာအတော်များများ လွှဲပြီးပြီဆိုလျှင် မိမိ၏တည်နေရာကိုလည်း လွှဲရ ပါမည်။ အချို့သော website များသည် geo-location ကိုသုံးပြီး မိမိ၏ တည်နေရာကို ခြေရာခံပါသည်။ ခြေရာခံရုံမျှသာဆိုလျှင် စိုးရိမ်စရာ မဟုတ် သော်လည်း အခြားသော information များနှင့်ပေါင်းပြီး မိမိ၏ profile ကို တိကျပြည့်စုံစွာ တည်ဆောက်လာနိုင်ပြီဟုဆိုသောအခါ ကြောက်စရာကောင်း လာပါသည်။ ထို့ကြောင့် မိမိ၏ တည်နေရာကို လွှဲရန် VPN တစ်ခုသုံးဖို့ လိုလာ ပါသည်။ VPN ဟုဆိုသဖြင့် ကြီးကြီးကျယ်ကျယ် ၀န်ဆောင်မှုတစ်ခုကို အခကြေးငွေဖြင့် ရယူသုံးစွဲရမည်ဟု မဆိုလိုပါ။ သက်သက်သာသာ ပေါ့ပေါ့ ပါးပါး ၀န်ဆောင်မှုမျိုးလည်း ရှိပါသည်။ တည်နေရာလွှဲပြောင်းပေးနိုင်သော အကောင်းဆုံး ၀န်ဆောင်မှုတစ်ခုမှာ Location Guard ဖြစ်ပါသည်။ ယင်းကို www.bit.ly/location 411 မှတစ်ဆင့် အသုံးပြုနိုင်ပါသည်။ ယင်းက website များ မိမိ၏ တည်နေရာကို တိတိကျကျ ခြေရာခံခြင်းမှ ကာကွယ်ပေးသည့် အပြင် Location ခြေရာခံရာ၌ ခက်ခဲအောင် noise များလည်း ထည့်ပေးပါ သည်။ ထို့ကြောင့် မိမိ၏ လက်ရှိတည်နေရာကို အတိအကျ ခြေရာခံရန် မည်သို့မျှ မဖြစ်နိုင်ပါ။ ယင်းကို Chrome ၊ Firefox နှင့် Opera browser များနှင့် တွဲဖက်အသုံးပြုရန် add-on အဖြစ် ရနိုင်ပါသည်။

Location Guard သည် Website တစ်ခုစီကိုလိုက်၍ noise များကို Level သုံးခုဖြင့် လိုအပ်သလို ချိန်ညှိထည့်သွင်းပေး ပါသည်။ သုံးစွဲသူက မည်မျှအထိ ရှုပ်ထွေးအောင်လုပ်လိုသည်ဆိုသည်ကိုလည်း ထည့်သွင်းစဉ်းစားပါသည်။ Location Guard သည် VPN ရိုးရိုးထက်စာလျှင် လုပ်ပုံကိုင်ပုံ ပို၍သိမ်မွေ့ ညက်ညောပါသည်။ ထို့ကြောင့် လွှဲထားသောနေရာကို အခြားနိုင်ငံတစ်ခု အဖြစ် မပြပါ။ သို့သော် လက်ရှိနေရာနှင့် မီတာ (၇၀၀၀) ကျော် တစ်နည်း ပြောရလျှင် လေးမိုင်ကျော်ဝေးသော နေရာတစ်ခုတွင် ပြပါသည်။ ထို့ကြောင့် Local information များကို ရယူနိုင်ပါသေးသည်။ သို့သော် မိမိဆန္ဒရှိလျှင် Fake Location တစ်ခုကို ပုံသေလည်းသတ်မှတ်ထားနိုင်သည်။ ယင်း နေရာသည် ပစိဖိတ်သမုဒ္ဒရာအလယ်ကောင်မှာရှိသော Marna ကျွန်းကလေး ပေါ်က နေရာတစ်ခုဖြစ်ကြောင်းလည်း ဖြစ်နေနိုင်ပါသည်။



ဧဧသက်(ဖြိုးဓနဒစ်ဂျစ်တယ်ဓာတ်ပုံ)

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal





<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 







www.pyaephyo.com

0 comments:

Post a Comment