Facebook က သူ့ရဲ့ လူမှုကွန်ရက်ထဲမှာတင်မဟုတ်ဘဲ အင်တာနက် တစ်ခုလုံးမှာ
သူ့ရဲ့ ကြော်ညာများကို ပြသတော့မှာ ဖြစ်ပါတယ်။ ဒါဟာ Google အတွက်တော့
ခြိမ်းခြောက်မှုဖြစ်ပါတယ်။ Facebook က အခြား Mobile Apps များ ၊
ဝက်ဆိုက်များမှာ ကြော်ညာများ ပြသမယ့် Audience Network ကို ဖန်တီးထားပါတယ်။
ယခင်ကမူ အဲဒီ ကွန်ရက်ဟာ လူမှုကွန်ရက်ပြင်ပမှာ Facebook User များကိုသာ
ကြော်ညာများ ပြသပေးရန် ရည်ရွယ်ထားပါတယ်။ ယခု ကြေညာချက်ကို Facebook ရဲ့
ကြော်ညာနဲ့ စီးပွားရေး ပလက်ဖောင်းမှ ဒုတိယ ဥက္ကဌဖြစ်သူ Andrew Bosworth က
အတည်ပြုခဲ့ခြင်းဖြစ်ပါတယ်။
Facebook ရဲ့ Audience Network ကြောင့် ယခုထက်ပိုမိုများပြားစွာ
ကြော်ညာများ လက်ခံရရှိမယ်လို့ ကျွမ်းကျင်သူများက သုံးသပ်ပါတယ်။
လူမှုကွန်ရက်ပြင်ပမှာ Facebook ကြော်ညာများကို မမြင်ချင်သူများအတွက်လည်း
ရွေးချယ်စရာကို ပံ့ပိုးပေးထားပါတယ်။
www.pyaephyo.com
0 comments:
Post a Comment