ဆန်းသစ်လှပတဲ့ ကြွေထည်ဒီဇိုင်းကိုယ်ထည်နဲ့အတူပါးလွှာပြီးအကြမ်းခံတဲ့ စမတ်ဖုန်းတစ်လုံးကတော့ Hero K3 လို့ခေါ်တဲ့ KENBO Smartphone ထုတ် မိုဘိုင်းဖုန်းလေးပဲဖြစ်ပါတယ်။ မျက်နှာပြင်ပိုင်းမှာ ရုပ်ထွက်ကောင်းမွန်စေဖို့ IPS နည်းပညာသုံး5 inch ရှိတဲ့ HD Screen ကိုအသုံးပြုပေးထားလို့ ရုပ်ရှင်တွေ၊ ဂိမ်းတွေ အသုံးပြုတဲ့အခါမှာ1280*720 ရုပ်ထွက်ကိုရရှိမှာ ဖြစ်တဲ့အပြင် ကြည်လင်တောက်ပကာအရောင်အသွေးစုံလင်တဲ့ရုပ်ထွက်ကို ပေးမှာပါ။
ဘယ်နေရာကိုရောက်ရောက် လှပတဲ့ပုံရိပ်တွေကိုအချိန်မရွေး ရိုက်ကူးနိုင်ဖို့အတွက် 13MP စွမ်းရည်ရှိသောအနောက်ဘက်ကင်မရာနှင့် 5MP စွမ်းရည်ရှိသောအရှေ့ဘက်ကင်မရာတို့ကို ထည့်သွင်းပေးထားပါတယ်။ Auto Focus စနစ် ပါဝင်လို့ မြန်ဆန်စွာလှုပ်ရှားနေတဲ့ အရာဝတ္တုတွေကို ဓာတ်ပုံရိုက်ကူးရာမှာလည်း ၀ါးသွားခြင်းမရှိဘဲ ကြည်လင်စွာ ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။ ဖုန်းအသုံးပြုတဲ့အခါ ပိုမိုမြန်ဆန်ဖို့အတွက် စွမ်းဆောင်ရည် မြင့်မားတဲ့ Processor ကိုQuad Core 1.2GHz တပ်ဆင်ပေးထားပါတယ်။ ဖုန်းအသုံးပြုနေစဉ်အတွင်းလတ်တလောအသုံးပြုနေတဲ့ App များကိုများပြား စွာတစ်ပြိုင်တည်းအသုံးပြုနိုင်ဖို့အတွက် ယာယီသိမ်းဆည်းပေးမယ့် RAM ကို2GB အထိထည့်သွင်းပေး ထားပါတယ်။ Data (အချက်အလက်) များစွာ သိမ်းဆည်းချင်သည့်အခါ (သို့) Movies နဲ့ ဂိမ်းများကိုပိုမိုသိမ်းဆည်း လိုသူများအဆင်ပြေစေဖို့ ROM ကို16GB အထိတပ်ဆင်ပေးထားပါတယ်။
Magic Touch နဲ့ Smart Answer အစရှိတဲ့စနစ်တွေပါဝင်လို့ ဆန်းသစ်တဲ့ နည်းပညာများကိုထိတွေ့ခံစားလိုသူတိုင်း ကြိုက်နှစ်သက်ကြမယ်လို့ ယုံကြည်ပါတယ်။ 2G/3G မိုဘိုင်းကွန်ရက်တွေမှာသာမက4G LTE ကွန်ရက် တွေမှာပါ ဖုန်းအသုံးပြုနိုင်မှာဖြစ်လို့ အကြိုက်တွေ့စေမှာပါ။ စက်လည်ပတ်မှု စနစ်မှာAndroid 4.4 (KitKat) ဖြစ်သည့်အပြင် ဘက်ထရီမှာ2200 mAh ဖြစ်ခြင်းကြောင့် တစ်ခါ အားသွင်းရုံနဲ့ တစ်နေကုန်အသုံးပြုနိုင်မှာဖြစ်ပါတယ်။
<Specification>
Network - 2G/3G/4G
Screen - 5 inches
Memory - 16 GB
Bluetooth - Yes
CPU - Quad Core 1.2GHz
OS - Android OS, v4.4
Contact - 09-258451418
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal
www.pyaephyo.com
0 comments:
Post a Comment