မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) သည် လူသိများပြီးဖြစ်သော လိုတရ web portal တွင် ဆုလက်ဆောင်များရရှိနိုင်မည့် အစီအစဉ်များကို မိတ်ဆက်ပေးလိုက်ပြီဖြစ်ကြောင်းသိရသည်။  ကူပွန်များ၊ ကံစမ်းမဲအစီအစဉ်များဖြင့် လိုတရ portal သုံးစွဲသူများ သည် သက်သာသော ဈေးနှုန်းများ ရရှိခြင်းနှင့် အခမဲ့ဆုလက်ဆောင်များအပါအဝင် ကြိုတင်ငွေဖြည့်ကတ်များကိုပါ ရရှိကံစမ်းနိုင်မည် ဖြစ်သည်။

MPT သုံးစွဲသူများမှာ ယခုထပ်မံဖြည့်စွက်လိုက်သည့် လိုတရ ကူပွန်နှင့် ကံစမ်းမဲအစီအစဉ်တွင် ပါဝင်သည့် ဈေးဆိုင်များ၊ စားသောက်ဆိုင်များတွင် ရရှိထားသော ကူပွန်များဖြင့် သွားရောက် စားသောက်နိုင်မည့် အခွင့်အရေးများနှင့် ကြိုတင်ငွေဖြည့်ကတ် များကို ကံထူးနိုင်မည့် အခွင့်အရေး များကို ရရှိနိုင်မည်ဖြစ်ပြီး လိုတရစာမျက်နှာတွင် ပါဝင်၍ကူပွန်များ ပံ့ပိုးပေးမည့် စားသောက်ဆိုင် ၊ စတိုးဆိုင်များတွင် YKKO, KFC, Fresh Thai, Potato Break, Hot Pot City, Manhattan, Pezzo, Gong Cha, Golden Park, First Thai Spa နှင့် KMD တို့ပါဝင်မည်ဖြစ်ပြီး အသုံးပြုသူများမှ အဆိုပါဆိုင်များမှ မိမိနှစ်သက်ရာ ကူပွန်များကို ရွေးချယ်၍ ပါဝင်ဆင်နွဲနိုင်မည်ဖြစ်သည်။ ကူပွန်များကိုနောင်လိုအပ်သည့်အချိန်တွင် အသုံးပြုနိုင်ရန် “issue” ကို ရွေးချယ်ပြီးမှတ်သား သိမ်းဆည်းရမှာဖြစ်ပြီး အသုံးပြုသူများမှ “My coupon list” ကို မှတ်သားမသိမ်းဆည်းမီ “customer info” ကို ပြည့်စုံစွာ ဖြည့်စွက်ရမှာ ဖြစ်ပါတယ်။

ကံစမ်းမဲအစီအစဉ်ကိုမူ ကံစမ်းမဲ ရွေးချယ်သည့် စက်ဖြင့် ရွေးချယ်သွားမည်ဖြစ်ကာ MPT အသုံးပြုသူအားလုံး (စီဒီအမ်အေ အသုံးပြုသူများမှ လွှဲ၍) ကံစမ်းနိုင်သည့် အခွင့်အရေးကိုရရှိမည်ဖြစ်သည် ဟုလည်း သိရသည်။ ကံစမ်းမဲ စက်ထဲမှ အမှတ်တံဆိပ်များတစ်ခုနှင့်တစ်ခုတူညီသွားပါက အပိုထပ်ဆောင်း ငွေဖြည့်ကတ်ဆုများကို ရရှိမည်ဖြစ်ပြီး MPT မှ တစ်နေ့ လျှင် ကံထူးရှင် ၃၀၀ ဦးကို ရွေးချယ်သွားမည်ဖြစ်ပြီး ပထမအကြိမ် ကံထူးရှင်စာရင်းတွင် မပါဝင်ပါက စိတ်ပျက်စရာမလိုပဲ နောက်ထပ် မိနစ် ၃၀အကြာတွင် ထပ်မံ ကံစမ်းခွင့်ရရှိမည်ဖြစ်သည်။ ကံထူးရှင်များ၏ ဆုကြေးများကို အပိုထပ်ဆောင်းငွေပမာဏအဖြစ် ၁၄ရက်အတွင်း လွှဲပြောင်းပေးမည်ဖြစ်ပြီး ကံစမ်းမဲပေါက်သူများအနေဖြင့် လည်း နောက်တစ်ကြိမ်ထပ်မံ ကံစမ်းလိုပါနောက်တစ်ရက်တွင် ထပ်မံကံစမ်းနိုင်မည်ဟုသိရသည်။

MPT အနေဖြင့် လိုတရ web portal အသုံးပြုသူများအတွက် ကူပွန်နှင့် ကံစမ်းမဲများသာမက အသုံးပြုသူများ အလွယ်တကူ ရှာဖွေမှုများပြုလုပ်နိုင်ရန် search box ကိုပါ အဆင့်မြင့်ပေးခဲ့သည်။ ယခင်က search box တွင် စာလုံးတစ်လုံးရှာဖွေပါက Google မှ ရှာဖွေရလာသော အဖြေသာ ရရှိခဲ့ကြပြီး ယခု လိုတရ ဒုတိယပိုင်းတွင် ထပ်ဆောင်းဝန်ဆောင်မှုများ (Infotainment) ၊ ခေါ်သူနားဆင် တေးသံစဉ် (CRBT) ၀န်ဆောင်မှုများ နှင့် ပတ်သက်သော အဖြေများကိုပါ search box တွင် ရှာဖွေနိုင်တော့ မှာဖြစ်သည်။ MPT ၏ လိုတရ Web Portal အသုံးပြုလိုပါက  https://lotayamm.com ဟု၍ ရှာဖွေနိုင်မည်ဖြစ်သည်။


 ကောင်းမြတ်ရာ