
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း MPT ဆင်းကတ်အသုံးပြုသူများအနေဖြင့်
ယခင်ကငွေဖြည့်သည့် ပမာဏပေါ်မူတည်ပြီး ဆင်းကတ်သက်တမ်းတိုးခဲ့ သော်လည်း
ယခုအခါတွင် မည်မျှငွေဖြည့်သည်ဖြစ်စေ လက်ကျန်သက်တမ်းအား ၁ နှစ်အထိ
တိုးမြှင့်လိုက်ပြီဖြစ်ကြောင်းသိရသည်။
ယခင်က ငွေဖြည့်သည့်ပမာဏ ကျပ် ၃
သောင်းကို သာလက်ကျန်သက်တမ်း ၃၆ဝ ရက်ပေးခဲ့ခြင်းဖြစ်ပြီး ယခုအခါငွေဖြည့်ပမာဏ
ကျပ် ၅ဝဝမှစ၍ ဆင်းကတ် အသုံးပြုနိုင်သည့် သက်တမ်း ၁ နှစ်ပေးလိုက်ခြင်းဖြစ်ပါသည်။
မူလက သက်တမ်း ၁ နှစ်ရှိထားသော အသုံးပြု သူများမှာမူ မိမိတို့၏ ဖုန်းငွေလက်
ကျန်သက်တမ်း ၁ နှစ်အောက် မလျော့နည်းမချင်း ဤစနစ်အသစ်ရရှိမည် မဟုတ်ဘဲ
သက်တမ်း ၁ နှစ် အောက်လျော့နည်းသွားမှသာ ဖုန်းငွေဖြည့်အပြီး လက်ကျန်သက်တမ်း ၁
နှစ် ရရှိမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် မိသားစု နှင့်သူငယ်ချင်းများထံမှ
လက်ကျန်ငွေလွှဲခြင်းကို လက်ခံခြင်းဖြင့်လည်း သုံးစွဲသူများအတွက်
မိမိထံသို့လက်ကျန်ငွေလွှဲ တစ်ခါရောက်တိုင်း ဖုန်းလက်ကျန်ငွေသက်တမ်းကိုရက်
၉ဝသို့ တိုးမြှင့်သွားမည်ဖြစ်ပြီး ဖုန်းလက်ကျန်ငွေ မဖြည့်သည့်ကာလ
ကြာမြင့်သောကြောင့် လိုင်းပိတ်ခံထား ရသော သုံးစွဲသူများသည်လည်း
ယခုစနစ်သစ်ကြောင့် လက်ကျန်ငွေဖြည့် လိုက်ချိန်တွင်ဖြစ်စေ၊
အခြားသူထံမှဖုန်းငွေလွှဲပြောင်းခြင်းကို လက်ခံ ရရှိ ချိန်တွင်ဖြစ်စေ
ဖုန်းလက်ကျန်သက်တမ်း တိုးမြှင့်သွားမည်ဖြစ်သည်။
ရဲလင်းလင်းသန်း
Mobile Guide Journal (Every Monday)
www.pyaephyo.com






0 comments:
Post a Comment