Android N မှာ App တွေဟာ Notification ရဲ့ အောက်ခြေက Box ကနေ Reply လုပ်နိုင်မှာဖြစ်ပြီး စာရိုက်မယ့် ကီးဘုတ် ထည့်သွင်းပြီး အသုံးပြုသူတွေကို စာတွေတိုက်ရိုက် ရိုက်ထည့်ပြီး ပေးပို့စေနိုင်မှာပါ။ လက်ရှိ Facebook Messenger ဗားရှင်းကတော့ Reply ပြန်ဖို့အတွက် Expand လုပ်ဖို့လိုပြီး နောက်ပိုင်းထွက်လာမယ့် ဗားရှင်တွေကျရင်တော့ လုပ်ဖို့မလိုအပ်တော့သလို Like လို စတေကာတွေကိုပါ ပူးတွဲပေးပို့နိုင်အောင် ပြုလုပ်ထားမှာဖြစ်ပါတယ်။
Android N ဗားရှင်းမတိုင်ခင်က၊ Hangouts နဲ့ တခြား Apps တွေဟာ Notification ကနေတစ်ဆင့် Reply လုပ်ဖို့အတွက် Third-Party Messaging ထည့်သွင်းဖို့လိုအပ်ခဲ့ပါတယ်။ ဒါဟာဆိုရင် Android N ဗားရှင်းကို မြှင့်တင်ဖို့အတွက် အခက်အခဲရှိတဲ့ Device တွေအတွက် လိုအပ်နေသေးတာလည်းဖြစ်ပါတယ်။
တိုက်ရိုက် Reply လုပ်တဲ့ စနစ်ကို လက်ရှိထွက်ထားတဲ့ Messenger Version 74 မှာစမ်းသပ်နေတာဖြစ်ပြီး တစ်ပတ်အတွင်းမှာ တည်ငြိမ်မှုရရှိအောင်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ ဒါကြောင့် လောလောဆယ် Beta ဗားရှင်းကို စမ်းသပ်လိုတဲ့ Android စနစ်သုံးစွဲ သူတွေအတွက် ဒီနေရာကနေ ဒေါင်းလုဒ်ဆွဲပြီး စမ်းသပ်နိုင်ပါတယ်။
www.pyaephyo.com






0 comments:
Post a Comment