Microsoft သည် မျက်နှာပြင် ၁၃.၃ လက်မရှိ Porsche Design Windows 10 convertible ထုတ်ကုန်တစ်မျိုးကို တိုင်ပေတွင် ပြုလုပ်ခဲ့သော Computex ပွဲတွင် ထုတ်ဖော်မိတ်ဆက်ခဲ့သည်။
အဆိုပါ ထုတ်ကုန်ကို အမည်မဖော်ပြသော ဒေသတွင်းကုမ္ပဏီနှင့် Porsche Design တို့ပူးပေါင်း၍ ဖန်တီးခဲ့ခြင်း ဖြစ်သည်။ ၎င်းထုတ်ကုန်ကို ယခုနှစ်ကုန်တွင် တင်ပို့ရောင်းချသွားမည် ဖြစ်သည်။
Windows 10 convertible ထုတ်ကုန်သစ်တွင် ၁၃.၃ လက်မ မျက်နှာပြင်၊ Intel ပရိုဆက်ဆာနှင့် pen တစ်ချောင်းတို့ ပါဝင်လာသည်။ ထို့အပြင် Windows Hello 2.0 biometric readers, Cortana နှင့် Windows Ink ထောက်ပံ့မှုတို့လည်း ပါဝင်လာသည်။
၎င်းထုတ်ကုန်သည် ဒီဇင်ဘာလတွင် ထွက်ရှိလာမည်ဖြစ်ကာ နှစ်စဉ်ပေးနေကျ Windows update လည်း ပါဝင်လာမည် ဖြစ်ကြောင်း Microsoft ၏ OEM ပူးပေါင်းရေးဆိုင်ရာ ဒုဥက္ကဋ္ဌ နစ်ခ်ပါကာက ပြောကြားခဲ့သည်။
Microsoft အနေဖြင့် Porsche Design က မည်သည့် OEM (စက်ပစ္စည်းအစိတ်အပိုင်းများ ထုတ်လုပ်သူ) ကုမ္ပဏီနှင့် ပူးပေါင်း၍ ထုတ်လုပ်ခဲ့ကြောင်းကို မပြောကြားခဲ့သလို ဈေးနှုန်းနှင့် အခြား spec များကို ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိပေ။ အဆိုပါ ထုတ်ကုန်တွင် USB-C အားသွင်းစနစ်နှင့် သတ္တုဒီဇိုင်းတို့ ပါဝင်ကြောင်း Windows Central မှ ဖော်ပြခဲ့သည်။
ယခု Windows 10 ထုတ်ကုန်သည် Prosche Design ၏ ပထမဆုံး convertible ဖြစ်လာမည် ဖြစ်သည်။ ယခင်က Prosche Design သည် BlackBerry ဟန်းဆက်များနှင့် အခြားထုတ်ကုန်များအတွက် ဒီဇိုင်း ထုတ်ပေးခဲ့သလို ဈေးကွက်လည်းချဲ့ထွင်ပေးခဲ့ဖူးသည်။
အောင်မြင့်မြတ်(Myanmar Youths)
0 comments:
Post a Comment