LG ကတော့ နောက်ထပ်တန်ဖိုးသင့် ဖုန်းအမျိုးအစားတစ်မျိုးဖြစ်တဲ့ Stylus 2
Plus ကိုထုတ်လုပ်လိုက်ပြန်ပါပြီ။ ဒီဖုန်းအသစ်ကို မကြာမှီကာလအတွင်းမှာ
ထိုင်ဝမ်၊ အာရှ၊ တောင်အမေရိက၊ ဥရောပ နဲ့ မြောက်အမေရိကတို့မှာ
ထုတ်လုပ်ပေးသွားတော့မှာဖြစ်တယ်လို့ သိရပါတယ်။ LG ကတော့ ဒီပစ္စည်းအသစ်ဟာ
ပြီးခဲ့တဲ့ Stylus မျိုးဆက်ထက်ပိုမိုပြီး အမျိုးအစားကိုမြှင့်တင်ထားတယ်လို့
သိရပါတယ်။
Stylus မှာ ၅.၇လက်မ Full HD IPS Quantum Display၊ Display: 5.7-inch Full HD IPS Quantum Display, 1.4GHz Octa-Core Processor, 13MP နဲ့ 16MP ကျောဘက်ကင်မရာ, 5MP နဲ့ 8MP ရှိတဲ့ ရှေ့ကင်မရာ, 2GB, 3GB RAM, 16GB, 32GB ရှိတဲ့ Inbuild Storage အပြင် MicroSD ကတ်, ဘက်ထရီ 3,000mAh (removable), Android OS 6.0 Marshmallow, အရွယ်အစား155 x 79.6 x 7.4mm နဲ့ အရောင်တွေကတော့ တိုက်တေနီယမ်အရောင်၊ ရွှေရောင်၊ အညိုရောင်ဆိုပြီး နောက်ထပ် ထူးခြားချက်တစ်ခုအနေနဲ့ Fingerprint ဆင်ဆာပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။
ဈေးနှုန်းကိုတော့ထုတ်ပြန်ခြင်းမရှိသေးပဲ ဒေသပေါ်မူတည်ပြီး ဈေးနှုန်းကွာခြားသွားမယ်လို့သိရပါတယ်။

www.pyaephyo.com
0 comments:
Post a Comment