ထိုင်ဝမ်တွင် ကျင်းပပြုလုပ်လျက်ရှိသော Computex 2016 ပြပွဲတွင် SanDisk က Dual Drive flash drive ဗားရှင်းသစ်ကို မိတ်ဆက်ပြသခဲ့သည်။
Dual Drive တွင် ကွန်ပျူတာနှင့် အသုံးပြုရန် အနားတစ်ဖက်၌ USB-A plug တစ်ခုပါဝင်ပြီး အခြားတစ်ဖက်တွင် စမတ်ဖုန်း၊ tablet စသည်တို့ဖြင့် အသုံးပြုရန်အတွက် USB-C plug တစ်ခု ပါဝင်သည်။
Dual Drive flash drive များကို 16GB အတွက် ၁၉.၉၉ ဖြင့် စတင်ရောင်းချမည်ဖြစ်ပြီး 128GB အတွက် ၆၉.၉၉ ဒေါ်လာ ကျသင့်မည်ဖြစ်သည်။ အဆိုပါ Dual Drive ကို Amazon အပါအဝင် နာမည်ကျော် လက်လီစတိုးများမှ ဝယ်ယူနိုင်သည်။
အောင်မြင့်မြတ်(Myanmar Youths)
0 comments:
Post a Comment