ကွန်ပျူတာမှာ ထည့်ထားတဲ့ Password မေ့သွားတယ် ဘယ်လိုလုပ်ရမလဲ ? (How To Reset Windows Login Password) 1000% Working!



 Windows Administrator Login Password ကျော်နည်း (Reset ချနည်း) တွေကတော့ အများကြီးရှိပါတယ်... ဒီနည်းကတော့ အပေါ့ပါးဆုံးနဲ့ အလွယ်ကူဆုံးဖြစ်လို့ Share ပေးလိုက်ပါတယ်။  Window XP ကနေ Window Vista, 7, 8, 8.1 အထိ 1000% အလုပ်လုပ်ပါတယ်... Window 10 ကိုတော့ Support မလုပ်ပါဘူး။


အကြောင်းအမျိုးမျိုးကြောင့် Window Administrator Login Password မေ့သွားလို့ဖြစ်စေ၊ လိုအပ်လို့ Password ကို ကျော်ချင်လို့ဖြစ်စေ... ဖိုင်လ်ဆိုက်ဒ် 995KB ပဲရှိတဲ့ Kon-Boot ဆိုတဲ့ Software လေးကို USB သို့မဟုတ် Memory Card ထဲမှာ Burn ပြီး Boot တတ်ကာ အောက်ဖေါ်ပြပါနည်းအတိုင်း အလွယ်တကူကျော်နိုင် (Reset ချနိုင်) ပါတယ်။ 

(အခြား ကွန်ပျူတာတစ်လုံး လိုအပ်တာကြောင့် နီးစပ်ရာ သူငယ်ချင်း (သို့)  အင်တာနက်ဆိုင်မှာပြုလုပ်ရမှာပါ)


အရင်ဆုံး လိုအပ်တဲ့ ဒီ K0N-B00T 2.5 Software ကို ဒေါင်းယူပါ....

 
 ဒေါင်းယူပြီး K0N-B00T 2.5.Zip ဖိုင်လ်ကိRight-click > Extract  လုပ်ပါ...။



"kon-bootUSB" Folder ကို ဖွင့်ပါ..။

kon-bootUSB


USB သို့မဟုတ် SD Card ကို ကွန်ပျူတာမှာ တပ်ဆင်ပြီး Format ချပါ....။ ပြီးရင် "usb_install_RUNASADMIN.bat" ဆိုတဲ့ bat ဖိုင်လ်ကို Right-click > Run As Administrator နှင့် Run လိုက်ပါ..။

kon boot, install kon-boot


OK ကို နှိပ်ပါ...။

kon-boot usb installer



 OK

kon-boot usb verification
 


your kon-boot on usb is ready


အပေါ်ကပုံလို  "Kon-Boot on USB is ready!" ဆိုတဲ့ Pop-up message လေးတတ်လာရင် Window Password ကို ဖျက်ဖို့အတွက် အဆင်သင့်ဖြစ်သွားပါပြီ...။


@@@@@@@@@@@@@



 Password မေ့နေလို့ ဖွင့်မရတဲ့ ကွန်ပျူတာမှာ စောစောက ပြင်ဆင်ထားတဲ့ USB လေးကို တပ်ဆင်လိုက်ပါ..။

ကွန်ပျူတာကို Power ဖွင့်ပါ... Power ခလုတ်ကိုနှိပ်လိုက်တာနဲ့ Window တတ်တတ်ချင်း (Acer ကွန်ပျူတာဆိုရင်) F2 or F12 Key ကို နှိပ်ပြီး "Boot Menu" or "Boot Settings" ကို ဝင်ပါ.... 

(Boot Setting ကိုဝင်ဖို့ သက်ဆိုင်ရာ Key ကိုနှိပ်ပေးရပါတယ် [Eg: ESC, F1, F2, F8 or F10] ကွန်ပျူတာအမျိုးအစားပေါ်မှာ မူတည်ပြီး နှိပ်ရမဲ့ Key တွေ ကွဲပြားနိုင်ပါတယ်)  

 First Boot မှာ USB ကိုရွေးပေးကာ F10 Key ကို နှိပ်ပြီး Save and Exit လုပ်းပေးလိုက်ပါ...။

bios, boot settings

 

 "Kon-Boot Current" နှင့် "Kon-Boot (Old)" ဆိုပြီး Window တတ်လာပလိမ့်မယ်..  "Kon-Boot Current" မှာပဲထားပြီး Enter ခေါက်ပေးလိုက်ပါ..။

kon-boot starting on windows


ကျန်တာကိုတော့ သူ့အလိုလို လုပ်သွားပါလိမ့်မယ်.... ပြီးသွားတာနဲ့ အလိုလျှောက် Restart ကျသွားပြီး Window ပြန်တတ်လာတတ်လာပလိမ့်မယ်......

windows login screen, admin password hacked


စက် ပြန်တတ်လာရင် Password ရေးထည့်စရာမလိုတော့ပါဘူး... Password ထည့်ဖို နေရာမှာပဲ ရပ်နေရင် Enter ခေါက်ပေးလိုက်ပါ...။

@@@@@@@@@@@@@@




How To Change Window Password 
*********************** 
 
Password ပြန်ချိန်းချင်တယ်  (ပြန်ထည့်ချင်တယ်) ဆိုရင် ကွန်ပျူတာ ကီးဘုတ်မှ Window Logo + R ကို တွဲနှိပ်ပြီး Run Box > cmdရးထည့် Enter (သို့မဟုတ်) Start > Search Box မှာ "cmd" ရေးထည့်ပြီး CMD > Right-click > Run As Administrator နှင့် "Command Prompt" ကိုခေါ်ပါ....

"Command Prompt" ထဲမှာ [ net user <user name> <new password> ]   Eg: net user WKK nnnnnnnn ဟု လို့ရေးထည့်ပြီး Enter ခေါက်လိုက်ပါ... (မရှင်းလျှင် အောက်ကပုံလေးတွေမှာကြည့်ပါ)









 စက်ကို Log Off (သို့မဟုတ်)  Restart ချပေးပါ...စက် ပြန်တတ်လာရင် စောစောက အသစ်ထည့်လိုက်တဲ့ Password နှင့် ဝင်ပါ..။



 Good Luck!


WinKabarKyaw
http://www.winkabarkyaw.net
  

2 comments:

ပညာများ ဖြန့်ဝေခြင်းကို အထူးလေးစားစွာဖြင့်

Post a Comment